မြို့ထဲကဂေါက်ကွင်းတစ်ခုရှိ မြက်ခင်းစိမ်းပေါ်မှာ စိတ်အေးလက်အေးလမ်းလျှောက်ထွက်နေခဲ့တဲ့ မိကျောင်း

မြို့ထဲကဂေါက်ကွင်းတစ်ခုရှိ မြက်ခင်းစိမ်းပေါ်မှာ စိတ်အေးလက်အေးလမ်းလျှောက်ထွက်နေခဲ့တဲ့ မိကျောင်း

 

 

အမေရိကန်နိုင်ငံ Florida ပြည်နယ်မှာ ရိုးရိုးမိကျောင်းနဲ့မိကျောင်းခေါင်းတိုတွေကို မြင်တွေ့ရခြင်းဟာ အထူးအဆန်းမဟုတ်ပေမဲ့ ဒေသခံတွေက အခုမိကျောင်းရဲ့အရွယ်အစားကို ကြည့်ပြီး ကြောက်လန့်သွားခဲ့ကြပါတယ်။ဗုဒ္ဓဟူးနေ့က onlineပေါ်မျှဝေခဲ့တဲ့ဗီဒီယိုမှာတော့ Florida ပြည်နယ် Naplesမြို့ရဲ့ Valenciaဂေါက်ကွင်းမှာ မိကျောင်းတစ်ကောင်ဟာ ရေထဲဆင်းဖို့

 

 

ကားယားကားယားနဲ့မြက်ခင်းပေါ်မှာ လမ်းလျှောက်နေခဲ့တာပါ။လူအများစုက မိကျောင်းလမ်းလျှောက်နေတဲ့ပုံက ရယ်စရာကောင်းနေတာကြောင့် photoshop လုပ်ထားတယ်လို့ထင်နေခဲ့ကြပါတယ်။ဒါပေမဲ့ အဆိုပါပုံရိပ်ကို Matt Devitt အမည်ရှိတဲ့WINK Newsနဲ့မိုးလေဝသပညာရှင်က အတည်ပြုရိုက်ကူးပြထားတာပါ။

 

အဆိုပါပြည်နယ်မှာ မိကျောင်းခေါင်းတိုတွေ ၂သန်းကျော်ရှိပြီး ၁၀ပေအထိရှည်လျားကြပါတယ်။ရိုးရိုးမိကျောင်းကတော့ ရှားပါးပြီး အကောင်ရေ ၁,၅၀၀ ခန့်သာအဲ့ဒီမှာနေထိုင်ကြပေမဲ့ သူတို့အားလုံးဟာ ဖယ်ဒရယ်အစိုးရရဲ့တရားမဝင်အမိန့်ကြောင့် Florida ပြည်နယ်မှာ ရှိနေကြရတာပါ။တကယ်တော့ ကြီးမားတဲ့တွားသွားသတ္တဝါတွေက Florida ရဲ့ဇာတိသက်ရှိတွေမဟုတ်ပါဘူး။ဩစတြေးလျနိုင်ငံကသာ မိကျောင်းတွေအမြောက်အများရှိတဲ့နေရာလို့လူသိများတာပါ။

 

ဒါပေမဲ့အမဲလိုက်မုဆိုးတွေက Florida ပြည်နယ်မြောက်ပိုင်းနယ်မြေပိုင်နက်အပန်းဖြေနေရာတစ်ခုမှာ ၃၅၀ ကီလိုဂရမ်(၇၇ပေါင်)ရှိတဲ့မိကျောင်းတစ်ကောင်အား ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါမိကျောင်းက ကားတစ်စီးစာလောက် အရွယ်အစား ကြီးနေခဲ့ပါတယ်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*