ရင်သားသေးလို့ စိတ်မကောင်းမဖြစ်ပါနဲ့ (ယောင်္ကျားလေးများ မဖတ်ရန်)

မိန်းကလေးတွေအတွက် ရင်သားအလှဟာ အရေးကြီးတယ်လို့ထင်တာ ယောင်္ကျားတွေအတွက်လား။

အဲဒီလိုတွေးလို့လဲ မရပြန်ပါ။ မိန်းကလေးတစ်ယောက်အတွက် မိန်းကလေး ပီသတယ်ဆိုတာကို ဖော်ကြုးနိုင်တယ်ဆိုရင်လည်း မမှားပါ။ ဒါပင်မဲ့ အခြေအနေ အမျိုးမျိုးကြောင့် ကိုယ့်ရဲ့ ရင်သားကသေးခဲ့ရင်ကောင်း ကောင်းချက်တွေရှိပါတယ်။

★ ယောင်္ကျားလေးတွေနဲ့စကားပြောနေချိန်မှာ သူတို့ရဲ့မျက်လုံးတွေကို ဂရုစိုက်စရာမလိုပါ။

★ ကားစီးတဲ့အခါ ခါးပတ်ပတ်ရင်လည်း သာသာယာယာပါပဲ။

★ ချစ်စရာကောင်းတဲ့ အတွင်းခံလေးတွေကို ကြိုက်တာရွေးနိုင်တယ်။

★ ပတ်ဝန်းကျင်ကလဲ သူလေးက လိမ္မာတဲ့ကလေးလို့ အသိအမှတ်ပြုနိုင်ပါတယ်။

★ Gym သွားကစားတော့လည်း ပေါ့ပေါ့ပါးပါး သွားကစားနိုင်တယ်။

★ စားရင်းသောက်ရင်း အမှတ်မထင် ပါးစပ်ကနေကျသွားရင်လည်း အင်္ကျီပေစရာ အကြောင်းမရှိပါ။

★ ရင်ဟိုက်အင်္ကျီကို ဝတ်ရင်လည်း ပြသာနာမရှိ။

★ တီရှပ် အင်္ကျီဝတ်လည်း ကြောက်စရာမလို၊ ပေါ့ပေါးပါးပါး ဝတ်နိုင်တယ်။

★ အတွင်းခံမဝတ်ထားရင်လည်း ဘယ်သူမှ မသိနိုင်လို့ အေးအေးဆေးဆေးနေနိုင်တယ်။

★ တကိုယ်လုံးချုံပြီး တကိုယ်ရည်အလှကို ခံစားနိုင်လိမ့်မယ်။

★ မိသားစုခရီးမှာ ကမ်းခြေသွားရင်လည်း စိတ်ချလက်ချ ပျော်နိုင်တယ်။

★ ရေကူးဝတ်စုံဝယ်တဲ့အခါမှာ မဝတ်ကြည့်ပဲနဲ့လည်း ဝယ်နိုင်တယ်။

★ ဇက်ကြောတတ်စရာမလို၊ ခါးနာနိုင်တဲ့ဘေးကလည်း လွတ်ပါလိမ့်မယ်။

★ လွယ်အိတ်ကို သိုင်းလွယ်လည်း ပြသာနာမတက်ပါ။

★ မှောက်အိပ်လည်း စိတ်ချလက်ချ အိပ်နိုင်တယ်။

★ အင်္ကျီကြယ်သီး ၃လုံးလောက် ဖြုတ်ထားရင်လည်း စိတ်ချလက်ချနေနိုင်တယ်။

★ မိန်းကလေးအချင်းချင်း ကိုင်ကြည့်ချင်လိုက်တာလို့ပြောသူတွေဘေးကလည်း ဝေးလိမ့်မယ်။

★ လမ်းသွားလမ်းလာ စိတ်မသန့်ပဲ လမ်းလျှောက်ရမဲ့ဘေးက ဝေးလိမ့်မယ်။

★ ရင်သားမရှိလို့ မကြိုက်တဲ့ ယောင်္ကျားလေးက ရှားပါတယ်။

★ ရင်သားပြည့်အောင်လုပ်ချင်လည်း အချိန်မရွေး စဉ်းစားနိုင်ပါတယ်။

★ ရည်းစားရဲ့ မိဘတွေနဲ့ တွေ့ရင်လည်း အဆင်ပြေပါတယ်။

★ အရမ်းပူမှသာလျှင် ချွေးထွက်တာကြောင့် အေးအေးဆေးဆေးပါ။

★ ရေချိုးပြီး မျက်နှာသုတ်ပါဝါပတ်ထားချိန်မှာ အခန့်မသင့် ကျွတ်ကျစရာအကြောင်းမရှိပါ။

★ သူ့ကို ဖက်ထားရင်လည်း စိတ်ပူစရာ မလိုပါ။

ကဲ အားလုံးပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလျက် ချယ်မို

Be the first to comment

Leave a Reply

Your email address will not be published.


*