လူတစ်ယောက် သေတော့မှာကို ကြိုပြောနိုင်တဲ့ ကြောင်တစ်ကောင်

New England Journal of Medicine မှာ Brown တက္ကသိုလ်က လက်ထောက်ပါမောက္ခ David Dosa ရေး သားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် ၂၀၀၇ ခုနှစ်မှာ သူ့ကို လူတွေ သိသွားကြတာဖြစ်ပါတယ်။အော်စကာ ဟာ မကြာခင် သေတော့မယ့်လူတွေကို ဆရာဝန်တွေထက် မှန်အောင်ကို ခန့်မှန်းနေနိုင်တာဖြစ်ပါတယ်။

တစ်ကိုယ်တည်း နေတတ်တဲ့ အော်စကာက ဂေဟာမှာ တစ်ခန်းဝင် တစ်ခန်းထွက် လှည့်လည်သွား လာနေပြီး ဘယ်သူနဲ့မှ အတူမနေတတ်ဘူးလို့ဆိုပါတယ်။

 

ဒါပေမဲ့ သေတော့မဲ့ လူနာတစ်ယောက်ရှိလာပြီ ဆိုရင်တော့ အော်စကာ ရောက်လာပြီး လူနာရဲ့အခန်းထဲကို ဝင်ဖို့ တံခါးကို ခြစ်ကုတ်တာတွေ လုပ်ပါတော့တယ်။ ဝင်ခွင့်ရသွားပြီဆိုတာနဲ့ လူနာရဲ့ဘေးနားမှာ သူက ထိုင်နေပါတော့တယ်။

တစ်ခါမှာ နာ့စ်တွေက သေတော့မယ်လို့ သူတို့ တစ်ထစ်ချတွက်ထားတဲ့ လူရဲ့အိပ်ရာမှာ အော်စကာကို ထားလိုက်ပါတယ်။ ဒါပေမဲ့ အော်စကာက ချက်ချင်းပဲထွက်ပြေးပြီး အခြားတစ်ခန်းက လူနာဘေးနားမှာ သွားနေခဲ့ပါတယ်။ သူသွားနေတဲ့ အခန်းက လူနာဟာ အဲ့ညမှာပဲ ကွယ်လွန်သွားခဲ့ပြီး နာ့စ်တွေရဲ့လူနာ ကတော့ နောက်နှစ်ရက်ထိ နေသွားတယ်လို့ ဆိုပါတယ်။

အော်စကာက လူနာတစ်ယောက်ရဲ့ အိပ်ရာပေါ်ကို တက်နေပြီ၊ ဒီလူနာရဲ့ဘေးနားမှာ ကုတ်ခြစ်မှုတွေ လုပ်နေပြီဆိုတာနဲ့ လူနာရဲ့ မိသားစုဝင်တွေကို မျှော်လင့်စရာတွေ မျှော်လင့်ထားဖို့ သတိပေးမှုတွေ လုပ်ရလောက်အောင် ဂေဟာဝန်ထမ်းတွေဟာ အော်စကာရဲ့ တိကျမှုကို ယုံကြည်ကြတယ်လို့ဆိုပါတယ်။

ဒေါက်တာ Dosaဟာ ဒီကြောင် အကြောင်းကို “Making rounds with Oscar: the extraordinary gift of an ordinary cat” ဆိုတဲ့ စာအုပ်တစ်အုပ်လည်းရေးသားခဲ့ပြီး ဒီစာအုပ်ထဲမှာ အော်စကာရဲ့ဖြစ်ရပ်ဆန်းကို သိပ္ပံနည်းကျ ခိုင်မာတဲ့ ရှင်းပြချက်တွေမပေးခဲ့ပေမဲ့ သူရဲ့ ထင်မြင်ချက်ကိုတော့ ပြောပြခဲ့ပါတယ်။

အော်စကာဟာ ကင်ဆာကို အနံ့ခံနိုင်တဲ့ ခွေးတွေလိုပဲလို့ သူက ဆိုပါတယ်။ သေဆုံးလာနေတဲ့ဆဲလ်တွေက ထုတ်လွှင့်တဲ့ ဇီဝပစ္စည်းတစ်မျိုးဖြစ်တဲ့ ketones ကို သူက အနံ့ခံနေနိုင်တာလို့ ဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*