Taxi ငှားစီးရင်း တုန်တုန်ချိချိနဲ့မောင်းပို့ပေးနေတဲ့ ကားဆရာအဘကိုသနားပြီး ပါလာတဲ့ငွေတွေနဲ့ကန်တော့ခဲ့တဲ့ ဂျူနီယာချစ်ကောင်းရဲ့ဗီဒီယို

ဝါရင့်အဆိုတော်ချစ်ကောင်းရဲ့သားလေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းကတော့ ဖခင်ဖြစ်သူရဲ့ဂီတအမွေတွေကို ဆက်ခံခဲ့သူ ဖြစ်ပါတယ် ။ ပင်ကိုယ်အသံကောင်းသလို ပါရမီလည်းပါတဲ့ ဂျူနီယာချစ်ကောင်းက သီချင်းကောင်းလေးတွေကို ဖန်တီးသီဆိုနေတာပဲ ဖြစ်ပါတယ် ။ ဂျူနီယာချစ်ကောင်းကိုတော့ အစ်မဖြစ်တဲ့အိမ့်ချစ်ကလည်း အတူလက်တွဲခေါ်တာကြောင့် အခုဆိုရင် ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ နေရာတစ်နေရာရရှိပြီး အောင်မြင်နေပြီ ဖြစ်ပါတယ် ။

ဂျူနီယာချစ်ကောင်းက ကိုယ်ပိုင်စတိုင်လ်လေးနဲ့ အေးအေးဆေးဆေးနေတတ်သလို စိတ်ရင်းကောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ အခုလည်း ဂျူနီယာချစ်ကောင်းက အပြင်သွားရင်း သူငှားစီးခဲ့တဲ့ Taxi ဆရာအဘကိုသနားပြီး အလှူငွေလေးကန်တော့ဖြစ်ခဲ့ကြောင်း မျှဝေထားတာ ဖြစ်ပါတယ် ။ ဂျူနီယာချစ်ကောင်းက “ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်အိမ်မှာ ဆုံဖြစ်ကြတော့ ပစ္စည်းတစ်ခုလိုတာနဲ့

ကားလည်းမမောင်းချင်ကြတော့တာနဲ့ Taxi နဲ့သွားဝယ်မယ်ဆိုပြီးလုပ်ကြတာ…Taxi မောင်းတဲ့အဘကြီး….အသက်လည်းအရမ်းကြီးနေပြီ….ည(၈)လောက်ရှိပြီ အဘအခြေအနေဘယ်လိုရှိလဲဆိုတော့ တစ်ကြောင်းမှမလိုက်ရသေးပါဘူး တူလေးရာတဲ့ ဆီဖိုးလေးရရင်ကျေနပ်ပါတယ်တဲ့”

“တုန်တုန်ချိချိနဲ့မောင်းပြီး စိတ်ရှည်လက်ရှည်ပို့ရှာတယ်….ဘယ်လောက်ကျလဲအဘဆိုတော့ ဆရာအဆင်ပြေသလိုသာပေးပါတဲ့တော်တော်သနားသွားတယ် ပိုက်ဆံလေး လေးသောင်းကန်တော့ခဲ့တယ် ချမ်းသာနေလို့မဟုတ်ပါဘူးဗျာ ကိုယ့်ရှိတဲ့ထဲလေးကဝေမျှတာပေါ့ မလုပ်ပါနဲ့ဆရာဆိုတာကြီးပဲ အတင်းပေးရတယ် ကျွန်တော့်ကိုလက်အုပ်လေးပြန်ချီပြရှာတယ် တော်တော်ကိုသနားသွားတယ်

ခက်ခဲတဲ့ကာလကြီးမှာ လူသားတိုင်းအဆင်ပြေကြပါစေ…တတ်နိုင်တဲ့ဘက်ကနေ ကိုယ်တတ်နိုင်သလောက်လေး ဆက်လက်ဝေမျှသွားပါဦးမယ်…အဘကြီးပုံတော့မထည့်တော့ပါဘူး လေးစားသောအားဖြင့်” ဆိုပြီး ဗီဒီယိုလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ထားတာပဲ ဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*