
Tony Fernandes က တော့ AirAsia လေကြောင်းလိုင်းရဲ့ Founder ပါ။အသက် ၅၆ နှစ်ရှိနေတဲ့ Tony Fernandes က တော့ ကိုဗစ်ကြောင့် ဒုက္ခရောက်နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတွေထဲက တစ်ယောက်ပါ။ကပ်ရောဂါ ကြောင့် ခရီးသွား လုပ်ငန်းက အထိဆုံး ဖြစ်တာကြောင့် ဒီကပ်ဘေးကို တော င့်ခံနိုင်ဖို့ Tony Fernandes က တော့ သူတက် နိုင်သမျှ ကြိုးစား နေပါတယ်။
အခုဆိုရင်တော့ စကော့တလန်၊ Ayrshire မှာရှိတဲ့ သူ့ရဲ့ အိမ်ကြီးကို ထုတ် ရောင်း လိုက်ပါ တယ်။ဒီအကြောင်းကိုတော့ malaymail နဲ့ straitstimes တို့မှာ ဖော်ပြထားတာပါ။
လေကြောင်းလိုင်းတွေ ကမ္ဘာတစ်ဝန်းမှာ လုံး၀ ရာနှုန်းပြည့်နီးပါးလောက်အထိ ကို ပိတ်သိမ်း ထားရပါ တယ်။ဒီအခက် အခဲ တွေကို ဖြေရှင်းဖို့ Tony Fernandes က တော့ သူ့အိမ်ကြီးကို ပေါင် ၂.၅ သန်းနဲ့ ထုတ်ရောင်းဖို့ လုပ် နေပါတယ်။ အိမ်ကြီးက တော့
၁၈ ရာစုလောက် တုန်းက အိမ်ကြီးဖြစ်ပြီး Skeldon House လို့ လူသိများပါတယ်။အိမ်ကြီးမှာတော့ Suite နှစ်ခန်း အပါအဝင် အိပ်ခန်း ငါးခန်း ပါရှိပါတယ်။ဒါ့အပြင် တင်းနစ်ကစားကွင်း၊ဝိုင်ခန်း၊ရေနွေးငွေ့ ချွေးထုတ် ခန်း တို့ ပါ ပါရှိပါတယ်။အော က်တိုဘာ ၁ ရက်နေ့ တည်းက ရောင်းမယ်ဆိုပြီး ကြေညာထားတာပါ။
Mr Fernandes က တော့ အရင်တုန်းက Queens Park Rangers ဘောလုံးအသင်းရဲ့ ပိုင်ရှင် ဟောင်း ဖြစ်ပြီး Skeldon House မှာ ၇ နှစ်လောက် နေလာခဲ့တဲ့ သူပါ။ကိုဗစ်ကြောင့် ခရီးသွား ကဏ္ဍ က အခြေအ နေ မကောင်းတာကြောင့် မလေးရှားဘတ်ဂျက်လေကြောင်းလိုင်း ဖြစ်တဲ့ AirAsia က တော့ မတ် လ တည်းက စပြီး food delivery စီးပွားရေးကို စတင် ခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ တုန်းက Fernandes ရဲ့ IG မှာ အစားအသောက်တွေ ပို့ ဖို့ အသင့် ဖြစ်နေပြီဆိုတဲ့ Caption နဲ့ အတူ ပုံတင်ခဲ့ပါတယ်။သူကိုယ်တိုင်လည်း ဒီဇင်ဘာ ၁ ရက်နေ့က နေ ၂၅ ရက်နေ့ အထိ AirAsia food delivery အဖြစ် အားဖြည့် ပါဝင် ပေး ဖို့ အစီအစဉ် ရှိပါတယ်။
Leave a Reply