ယောက္ခမနဲ့စကားများပြီးနောက် လသားအရွယ်သမီးငယ်လေးကို တံတားပေါ်ကနေပစ်ချခဲ့တဲ့ မိခင်

ယောက္ခမနဲ့စကားများပြီးနောက် လသားအရွယ်သမီးငယ်လေးကို တံတားပေါ်ကနေပစ်ချခဲ့တဲ့ မိခင်

တရုတ်နိုင်ငံ Xi’an မြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ယောက္ခမဖြစ်သူနဲ့ရန်ဖြစ်စကားများပြီးနောက် သူမရဲ့ကလေးငယ်ကိုတံတားပေါ်ကနေ ပစ်ချခဲ့ပါတယ် ။ အခင်းဖြစ်ပွားတဲ့နေ့က Zhou အမည်ရှိတဲ့ အမျိုးသမီးဟာ သူမရဲ့ယောက္ခထီးအသုဘနှင့်ပက်သက်ပြီး လုပ်ကိုင်စရာတွေရှိတာပြုလုပ်ဖို့ ယောက္ခမအိမ်သို့ရောက်ရှိလာခဲ့ပါတယ် ။ ယာက္ခမအိမ်ကနေ မပြန်လာခင်ကတည်းက နှစ်ယောက်သားပြင်းပြင်းထန်ထန် ရန်ဖြစ်စကားများခဲ့ကြောင်း ရဲအရာရှိတွေထံ သူမဝန်ခံခဲ့ပါတယ် ။

Zhou ဟာ ယောက္ခမဖြစ်သူနဲ့ အမြဲသဘောထားကွဲလွဲလေ့ရှိပြီး ၊ အမြဲစကားများလေ့ရှိသူလည်းဖြစ်ပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့အိမ်သို့ပြန်လာခဲ့တဲ့ လမ်းတစ်လျှောက် ယောက္ခမအပေါ်စိတ်ဆိုးဒေါသထွက်တဲ့စိတ်နဲ့ မခံမရပ်နိုင်အောင်ဖြစ်ပြီး ဖြတ်ကူးလာတဲ့တံတားပေါ်ကနေ တုန့်ဆိုင်းခြင်းမရှိဘဲ သူမလက်ထဲမှာပွေ့ချီထားတဲ့ 10လသားအရွယ် သမီးငယ်လေးကို တံတားပေါ်ကနေပစ်ချခဲ့ပါတော့တယ် ။

ထို့နောက် သူမကိုယ်တိုင်ကလည်း ကိုယ့်ကိုအဆုံးစီရင်ဖို့ တံတားပေါ်တက်နေစဉ် ဖြတ်သွားဖြတ်လာများက သူမကိုတားမြစ်နိုင်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သူမဟာ တာဝန်ရှိသူတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ၊ သူမရဲ့သမီးငယ်လေး ရုပ်အလောင်းကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*