ရေနုတ်မြောင်းထဲ ၂၂နှစ်ကျော် အချိန်ကုန်ဆုံးခဲ့ရတဲ့လင်မယားစုံတွဲ

တူနှစ်ကိုယ် တဲအိုပျက်လို့ပဲဆိုဆို၊ နှစ်ကိုယ်သားချစ်လို့ရရင်ကျေနပ်ပြီဆိုတာ လေထဲမှာပဲရှိတဲ့စကားလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ ဒါကို အပြင်မှာ လက်တွေ့သက်သေပြခဲ့တဲ့သူတွေရှိပါတယ်။ သူတို့ကတော့ Columbia က လင်မယားစုံတွဲဖြစ်တဲ့ Miguel Restrepo နဲ့ သူ့ရဲ့ဇနီး Maria Garcia တို့ပဲဖြစ်ပါတယ်။

သူတို့ဟာ ရေနုတ်မြောင်းထဲမှာအိမ်သဖွယ်နေထိုင်လာတာ ၂၂နှစ်ကြာပြီဖြစ်ပြီး အပြင်က တစ်ချို့သော လင်မယားတွေထက်တောင် ပိုချစ်ခင်၊ ပိုပြီးသစ္စာရှိကြပါတယ်။ သူတို့နှစ်ဦးဟာ ဆေးစွဲနေတဲ့လူနှစ်ယောက်အဖြစ်

စတင်တွေ့ရှိခဲ့ပြီးနောက် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွယ်လာတဲ့အချိန်မှာတော့ အိမ်ထောင်တစ်ခုတည်ဆောက်ပြီး ဆေးဖြတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီလိုဆုံးဖြတ်ပြီးတဲ့အချိန် သူတို့မှာနေစရာနေစရာအိမ်တောင်မရှိပါဘူး။ ဒါပေမယ့် ဒါဟာ သူတို့အတွက် အခက်အခဲမဟုတ်သလို၊ အရေးပါတဲ့အရာတစ်ခုလဲမဟုတ်ပါဘူး။ သူတို့ဟာ ရေဆိုးမြောင်းတစ်ခုကို ပြုပြင်ပြီး တူတူနေထိုင်ခဲ့ပါတယ်။

 

သူတို့ရဲ့မိသားစုဝင်အနေနဲ့ Blackie အမည်ရခွေးကလေးတစ်ကောင်ရှိပါတယ်။ ရေဆိုးမြောင်းဆိုပြီးအထင်မသေးလိုက်ပါနဲ့၊ လျှပ်စစ်မီးလဲရသလို၊ မီးဖိုချောင်အသေးစားလေးတောင်ရှိပါတယ်။ ကဲ..ဘာလိုသေးလဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*