ကားဘီးကို သေနတ်နဲ့ပစ်ဖောက်၍ ကားမှန်ကိုပါခွဲပြီး ဖမ်းလိုက်ရတဲ့ မွန်ပြည်နယ်မှ ကျပ်သိန်း(၅၀၀၀)နီးပါးရှိ မူးယစ်ဆေးဝါးဖမ်းပွဲ

ကားဘီးကို သေနတ်နဲ့ပစ်ဖောက်၍ ကားမှန်ကိုပါခွဲပြီး ဖမ်းလိုက်ရတဲ့ မွန်ပြည်နယ်မှ ကျပ်သိန်း(၅၀၀၀)နီးပါးရှိ မူးယစ်ဆေးဝါးဖမ်းပွဲ မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ အဖွဲ့ခေါင်းဆောင် ရဲအုပ်ဇော်ထိုက် ဦးစီးအဖွဲ့မှ မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ် ရေး-သံဖြူ ဇရပ်ကားလမ်း ဘုရားသုံးဆူလမ်းဝအနီးမှာ ကျပ်
သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသည့် ကားအား ခက်ခက်ခဲခဲ ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ (11.9.2020)ရက်နေ့ နေ့လည်(11:00)နာရီ အချိန်ခန့်က မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ အဖွဲ့ခေါင်းဆောင် ရဲအုပ်ဇော်ထိုက် ၊ ရဲအုပ်အောင်သူရ ၊ ရဲတပ်ကြပ်ကြီးအောင်မျိုးဌေး၊ရဲတပ်ကြပ်ကြီးအောင်ဝင်းနိုင် ရဲတပ်ကြပ်ကြီး အေးမင်းထွန်း၊ သံဖြူ ဇရပ်ရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်တိုးဝင်းရှိန်၊ သက်သေ လှိုင်ရပ်ကွက်ရပ်မိရပ်ဖ ဦးယဉ်ထွေး၊ မြိုင်သာယာရပ်ကွက်ရာအိမ်မှုး ဦးစိုးသုဝဏ် တို့အဖွဲ့သည်

မူးယစ်ဆေးဝါးသတင်းအရ ရေး-သံဖြူ ဇရပ်ကားလမ်း  ဘုရားသုံးဆူလမ်းဝအနီး စောင့်ဆိုင်းနေစဉ် ဘုရားသုံးဆူမြို့ ဘက်မှ သံဖြူ ဇရပ်မြို့ဘက်သို့ မောင်းနှင်လာသော Honda Fit အမျိုးအစား အဖြူ ရောင်မော်တော်ယာဉ်အား မသင်္ကာ၍ တားဆီးစစ်ဆေးစဉ် အဆိုပါကားမှာ ရပ်တန့် မပေးပဲ အတင်းမောင်းနှင်ထွက်ပြေးသဖြင့် ရဲအုပ်ဇော်ထိုက် မှ ကားဘီးအား သေနတ်ဖြင့် ပစ်ဖောက်၍ ကားတံခါးအား ဖွင့်ခိုင်းရာ မဖွင့်ပေးပဲ ခုခံသဖြင့် ကားတံခါးမှန်အား ရိုက်ခွဲ
၍ ဝင်ရောက်ဖမ်းဆီးခဲ့ရပါသည်။

၄င်းကားပေါ်မှ ယာဉ်မောင်း ခန့်ဇော်ကို (ခ) ခန့်ကို (ခ) ဘယ်ကျော် (၂၄)နှစ် (ဘ)ဦးခင်မောင်ထွန်း အမှတ်(၃)ရပ် ထော့မဲ့ပါရပ်ကွက် ၊ ဘုရားသုံဆူမြို့၊ ကရင်ပြည်နယ် ရဲထက်လွင် (၂၃)နှစ် (ဘ)ဦးအုန်းလွင်၊ သစ္စာလမ်း၊ အမှတ်(၁)ရပ်ကွက် ၊ ဘုရားသုံးဆူမြို့၊ ကရင်ပြည်နယ် ညီမွန်ဦး (ခ) ညီညီ (၂၉)နှစ်၊ (ဘ) ဦးစန်းမြင့်ဦး မုပွန်တိုးချဲ့(၄)လမ်း မော်လမြိုင်မြို့ နေသူတို့ (၃)ဦးအား တွေ့ရှိပြီး သက်သေများရှေ့ ၄င်းတို့၏ ခန္ဓာကိုယ်နှင့် ကားအတွင်း စစ်ဆေးရှာဖွေရာ ကားနောက်ခန်း၌ ထည့် ထားသော ရောင်စုံမြွေရေခွံ ခရီးဆောင်အိတ်အတွင်းမှ DAGUANYIN စာတမ်းပါ ရွှေရောင်ပါကင်ထုပ်အတွင်း ICE အဖြူ ရောင်ပုံဆောင်ခဲ (၁)ထုပ်လျှင် (၁)ကီလိုဂရမ်ပါ အထုပ်(၉)ထုပ်၊ အပြာရောင်ကပ်ခွာ(၂၄)အိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၄၈၀၀) ပြား၊ WY စာတမ်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၄၀)ပြား၊ စုစုပေါင်း (၄၈၄၀)ပြား ICE နှင့် ဆေးပြားများ၏ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း (၅၀၀၀)နီးပါးခန့်အား စစ်ဆေးတွေ့ရှိရသဖြင့် သက်သေများ ရှေ့ ရဲအုပ်ဇော်ထိုက် မှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ သံဖြူ ဇရပ်ရဲစခန်းတွင် အမှုဖွင့်လှစ် ထားကြောင်း သိရှိရပါ
သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*