မယ်လိုဒီ ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး ခံစားချက်တွေကို ပြောပြလာတဲ့ မိတ်ကပ် ခင်စန်းဝင်း

အခုလက်ရှိမှာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် သားလေးနဲ့အတူ နှစ်ယောက်တည်းရပ်တည်နေတဲ့ မယ်လိုဒီအတွက် မိဘလိုခင်မင်နေတဲ့ မကြီးစန်းကတော့ သူ့ရင်ထဲကခံစားချက်တွေကို Myanmar Celebrity နဲ့အင်တာဗျူးမှာ အခုလိုပဲပြောပြသွားခဲ့ပါတယ်။

“မျိုးမျိုးကကျတော့ မကြီးသမီးလိုပဲ သူပြိုင်ပွဲဝင်တယ် ရိုမန်စန်မှာသူဆုရသွားတယ် မကြီးတို့လိမ်းပေးလို့သူဆုရသွားတယ် အဲဒီ့ကတည်းက မကြီးနဲ့လက်တွဲလာတာဆိုရင် အခုမင်းသမီးဖြစ်တဲ့အကယ်ဒမီရတဲ့အထိပဲပေါ့”

“သူအိမ်ထောင်ကျသွားလည်း ကလေးငယ်ငယ်လေးကတည်းကထိန်းကျောင်းလာတာပေါ့ ဟိုနေ့ကသူ့အိမ်သွားတဲ့အခါ ကလေးက မေမေကြီးသားဆီမလာတာကြာပြီနော်ဆိုပြီး မပြန်ပါနဲ့ဦးလုပ်နေတာ ကိုယ်ကလည်း အလုပ်ရှိတော့ ပြန်လာခဲ့မယ်ပြောပြီးထွက်ခဲ့ရတာပေါ့ အဲ့တာနဲ့မျိုးမျိုး သားသားလေးကဘာတွေကြိုက်တတ်လဲဆိုတော့ အုန်းနို့ခေါက်ဆွဲကြိုက်တယ်တဲ့ အဲ့တာနဲ့သူကြိုက်တာလေး မကြီးကချက်ပြီးပို့လိုက်တာပေါ့ ကလေး ကကိုယ်အပေါ်ခင်တွယ်တော့ ကိုယ်ကပြန်မသွားရတာစိတ်မကောင်းဖြစ်သွားတာပေါ့”

“အဓိကကတော့ ကိုယ့်သားသမီးအဆင်ပြေတယ်ဆိုရင် မိဘတိုင်းဝမ်းသာကြတာပဲ ဒါပေမဲ့ ကံကြမ္မာဆိုတာ ဘယ်သူမှရွေးချယ်ခွင့်မရှိဘူး ကြုံလာတဲ့အခက်အခဲကိုလူတိုင်းဖြေရှင်းရမယ် လူတိုင်းကြုံတွေ့ရ  မယ့်အရာ ပေါ့ သူလည်းအိမ်ထောင်ကိုဘယ်ပျက်စေချင်မလဲ အခက်အခဲတစ်ခုကြောင့်သူဖျက်လိုက်ရတယ်ပေါ့ မကြီးတို့လည်းသိသင့်သလောက်သိတာတွေရှိတယ် အဲဒီ့အပေါ်သူ့ခံစားချက်ရှိတယ်”

“တစ်ချို့အိမ်ထောင်ကွဲပြီဆိုရင် မကောင်းတဲ့ဘက်ကမြင်ပြီး မကောင်းတဲ့ဘက်ကပြောကြတာတွေရှိတယ် အဲဒီ့အပေါ်သူ့အနေနဲ့ မျိုးမျိုးကဟန်မဆောင်တတ်ဘူး ရိုးရိုးရှင်းရှင်းနေတတ်တဲ့သူဖြစ်တဲ့အတွက် စိတ်မကောင်းတော့စိတ်မကောင်းဖြစ်တာပေါ့ အဖေနဲ့အမေအဆင်မပြေရင်ကလေးကိုထိခိုက်မှာစိုးရိမ်တာပေါ့”

“ကလေးကတော့ သူသန္ဓေကောင်းတယ်ပြော မွေးလာကတည်းကလည်း သန့်သန့်ပြန့်ပြန့်ချောချောလေး သူ့ဘာသာပဲနေတယ် ဘာသာတရားနဲ့ပတ်သတ်ရင်လည်း ၁နှစ်ခွဲလောက်ကတည်းက စာတွေတတ်လွယ် တယ် ဘုရားစာလည်းတတ်လွယ်တယ် သူ့ရဲ့ဘယ်လိုပါလာလဲတော့မသိဘူး ဘာသာတရားအပေါ်တအားကိုင်းရှိုင်းတယ်”လို့ ဆိုထားပါတယ်။

မကြီးစန်းကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး “အနုပညာလှုပ်ရှားမှုကတော့ Live လွှင့်ဖို့ပြောထားတဲ့ဆိုင်လေးတွေရှိတယ် product ကြော်ငြာလေးတွေရှိတယ် ဘာproductဆိုပြီးတော့ အတည်မပြုရသေးဘူး အေဂျင်စီကကမ်းလှမ်းထားတာဆိုတော့ mazien ဆီက ကြော်ငြာလေးမကြီးလုပ်တယ် Tik Tok ရိုက်တာ Live လွှင့်ပေးတာမျိုးတွေရှိတယ်”လို့ အင်တာဗျူးလေးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*