ဇနီးသည်ပေးတဲ့ မုန့်ဖိုးကိုသာသုံးတဲ့ သန်းကြွယ်သူဌေး

အင်္ဂလန်မှာနေထိုင်တဲ့ Steve Smith ဆိုသူဟာ စတာလင်ပေါင်သန်း ၅၀ တန်တဲ့ သူ့ရဲ့ကုမ္ပဏီကို ရောင်း ချလိုက်ပြီးတဲ့နောက် သူရဲ့မိဘတွေကို ပေါင် ၂၅ သန်းခွဲပေးလိုက်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ အဖေဖြစ်သူ စိုက်ထုတ်ပေးခဲ့တဲ့ ပေါင် ခြောက်ထောင်နဲ့ အရင်းအနှီးစတင်ခဲ့တာဖြစ်လို့ ကျေးဇူး ပြန်ဆပ် ခဲ့တာဖြစ်ပါတယ်။

ယနေ့အင်္ဂလန်မှာ နာမည်ကြီးနေတဲ့ Poundland ဆိုတဲ့ စတိုးဆိုင်တွေဟာ စတိဗ်စတင်တည်ထောင်ခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ၁၉၉၀ပြည့်နှစ်လောက်တုန်းက စတိဗ်စတင်လုပ်ကိုင်ခဲ့တဲ့ ဒီလုပ်ငန်းဟာ ၂၀၀၀ ပြည့်နှစ်အရောက်မှာ နိုင်ငံတဝှမ်းဆိုင်ခွဲပေါင်းများစွာ ဖြစ်လာပြီး သူ့ရဲ့ ကုမ္ပဏီကလည်း စတာလင်ပေါင် သန်း ၅၀ လောက်တန်ကြေးရှိလာဖြစ်ပါတယ်။ ကုမ္ပဏီရောင်းချလို့ရတဲ့ ငွေကြေးတစ်ဝက်ကို သူ့မိဘတွေဆီ ပေးခဲ့ပြီး အခုတော့ ပေါင် ၆.၅ သန်းတန် အိမ်ကြီးမှာ သူနေထိုင်လျှက်ရှိပါတယ်။ စတိဗ်စမစ်ဟာ သန်းကြွယ် သဌေး ဖြစ်နေဆဲ ဆိုပေမယ့် ဒီနေ့အထိ သူ့မိန်းမ ပေးတဲ့ မုန့်ဖိုးကိုသာ သုံးနေရတဲ့သူဖြစ်ပါတယ်။

ဇနီးဖြစ်သူက စတိဗ်ကို တစ်နေ့သုံးဖို့ ပေါင် ၁၀ ဒါမှမဟုတ် ပေါင် ၂၀ လောက်ပဲ အများဆုံးပေးတက်ပါ တယ်။ သန်းကြွယ်သဌေးဖြစ်ပေမယ့် ဇနီးကပေးတဲ့မုန့်ဖိုးကိုပဲ ဒီနေ့အချိန်ထိ သုံးနေသူဖြစ်ပါတယ်။ ‘‘ မိန်းမ က ကျွန်တော့်ကို နေ့တိုင်းတော့ မုန့်ဖိုးပေးပါတယ်။ ကျွန်တော့်ကို သုံးစရာမပေးဘူးဆိုရင်တော့ ရှိတဲ့ပိုက် ဆံတွေ ထုတ်သုံးပစ်မိမှာပေါ့။ အဲဒါကြောင့် အိမ်ရှင်မက ကျွန်တော့်ကိုတစ်နေ့ ၁၀ ပေါင် သို့မဟုတ် ပေါင် ၂၀ လောက်ပေးပါတယ်’’ လို့ စတိဗ်က ပြောပါတယ်။

စတိဗ်တည်ထောင်ခဲ့တဲ့ Poundland ဆိုတာ ပစ္စည်းအများစုကို ၁ ပေါင်နဲ့ ရောင်းချတဲ့ စတိုးဆိုင်ဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ ဆောင်ပုဒ်က ‘‘ အလုပ်မလုပ်ရင် ထမင်းမစားနဲ့’’ ဆိုတဲ့ဆောင်ပုဒ် ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*