ခံနိုင်ရှိဖို့ဂွကြားကို ကြီးမားတဲ့သစ်သားတုံးနဲ့ဆောင့်ပြီး ကွန်ဖူးလေ့ကျင့်တဲ့အမျိုးသား

တရုတ်အခြေစိုက် Weibo ကွန်ယက်ပေါ်မှာ ကွန်ဖူးလေ့ကျင့်နေသူတစ်ယောက်ဟာ ကြီးမားတဲ့ သစ်သားတုံးကြီးနဲ့ ပေါင်း
ကြားကို အဆောင့်ခံရင်း ခံနိုင်ရည်အတွက် လေ့ကျင့်နေတဲ့ ဗွီဒီယိုဖိုင်ဟာ လူထုစိတ်ဝင်စားမှု အတော်လေး ရရှိခဲ့ပါတယ်။ ၎င်းရဲ့ နည်းဟာ ပေါင်ကြားကို ကန်ပြီးတိုက်ခိုက်လာတဲ့ ရန်သူနဲ့တွေ့ရင် အသာစီးရဖို့ ရည်ရွယ်ပုံ ရပါတယ်။

ဒါပေမယ့် သာမန်လူတစ်ယောက်အတွက်တော့ ဒီလောက်ပမာဏရှိတဲ့ သစ်သားတုံးကြီး ဒါန်းလွှဲသလို လွှဲပြီး မိမိပေါင်ကျားကို တစ်ကြိမ်လောက်ပဲ ထိမိရုံနဲ့ ချက်ချင်း ဒူးခွေပြီး လဲကျသွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရှောင်လင်ကွန်ဖူးပညာနဲ့ သုတ်လွှတ်မြန်ခြင်း၊ ပန်းသေပန်းညှိုးခြင်းတွေကိုပါ ကုသပေးနိုင်တဲ့ ပညာဖြစ်နေတယ်လို့ သိရပါတယ်။


ယခုဗွီဒီယိုဖိုင်ထဲမှာတော့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားဟာ လွှဲလွှပြီး လာတိုက်တဲ့ သစ်တုံးကြီးကို မတုန်မလှုပ် ကြံ့ကြံ့ခံရင်ဆိုင်နေတာကို တွေ့ရပါတယ်။ ဒီပညာရပ်ကို ရှောင်လင်သိုင်းမှာတော့ ” သံမဏိဂွကြား”လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ဒီနည်းဟာ သွေးလည်ပတ်မှုနဲ့ ဝှေးစေ့နဲ့ဆက်စပ်နေတဲ့ အကြောတွေကို ပြောလျှော့စေပြီး ထိန်းချုပ်ရလွယ်ကူစေတယ်လို့လည်း သိရပါတယ်။ “ချီစွမ်းအား”ကို သစ်တုံးနဲ့မထိခင် စပ်ကြားမှာ ပေါင်ခြံအတွင်းကို အရောက်ပို့ပြီး၊ ထိခိုက်မှုကို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ဗွီဒီယိုပါ အမျိုးသားလို ခံနိုင်ရည်ရှိဖို့အတွက် တစ်နေ့ကို အကြိမ် 300 မှ 500 အထိ အခြေခံကျင့်စဉ်တွေကို ကျော်ဖြတ်ရမယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*