2021 မှာ ကံအကောင်း ဆုံး ဖြစ်လာ မယ့် ရာသီခွင်( ၄ )ခု

2020 နှစ်ကြီးကလည်း တဖြည်းဖြည်း ကုန်ဆုံးဖို့ နှစ်လလောက်ပဲ လိုပါတော့တယ်နော်။ ဒီတော့ နှစ်သစ်မှာ ကိုယ့်အတွက် ဘယ်လိုကံကောင်းခြင်းမျိုးတွေက စောင့်ကြိုနေမလဲဆိုတာကို အားလုံးက မျှော်လင့်မိကြမှာပါ။လာမယ့် 2021 မှာတော့ ရာသီခွင်အားလုံးထဲမှာ ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ ရာသီခွင်တွေ ရှိလို့နေပါတယ်နော်။ကဲ ဘယ်လိုရာသီခွင်တွေက ဘယ်လိုကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားလဲဆိုတာကိုတော့ ကိုယ်တိုင်ဖတ်ကြည့်လိုက်ပါတော့ … ။

Leo တွေက ကံကောင်းခြင်း ကြယ်ပွင့်လေးတွေအဖြစ် မွေးဖွားလာခဲ့ကြတဲ့ သူတွေပါ။ သူတို့တွေက ဘယ်လောက်တောင် ကံကောင်းကြလဲဆိုရင် သူတို့လိုချင်တာတွေကို ကြိုးကြိုးစားစား ရယူစရာမလိုပဲကို ပိုင်ဆိုင်နိုင်တဲ့ သူမျိုးတွေပဲ ဖြစ်ပါတယ်။ဒီနှစ်မှာလည်း အောင်မြင်မှုတွေ ရသင့်သလောက် ရခဲ့သလို လာမယ့် 2021 မှာလည်း အားလုံးရဲ့ ထိပ်မှာရှိလာမှာပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တဲ့ အိပ်မက်တွေဟာလည်း အမှန်တကယ်ဖြစ်လာမှာဖြစ်သလို ကိုယ်အနာဂတ်တစ်လျှောက် လက်တွဲသွားရမယ့် တစ်စုံတစ်ယောက်နဲ့လည်း ဆုံတွေ့ခွင့်ရမယ့် နှစ်ပဲ ဖြစ်ပါတယ်။မိသားစုရေး၊ အချစ်ရေး၊ အလုပ်အကိုင် အားလုံးက ပြောစရာမလိုအောင်ကို perfect ဖြစ်နေမယ့် နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်နော်။

Sagittarius ရာသီခွင်တွေက 2020 မှာ ပျော်ရွှင်မှုတွေကို ရှာမတွေ့ခဲ့ပေမယ့် လာမယ့် 2021 မှာတော့ သေချာပေါက် ပျော်ရွှင်မှုတွေနဲ့ ကြုံတွေ့ရမယ့် နှစ်သစ်လေးပဲ ဖြစ်ပါတယ်။သူတို့ရဲ့ စွန့််စားတတ်တဲ့ စိတ်နဲ့ စိတ်အားထက်သန်မှုတွေက သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေဆီကို ရောက်အောင်ခေါ်ဆောင်ပေးသွားမှာပါ။ဒီနှစ်က သူတို့ဘဝကို ပြောင်းလဲပေးမယ့် သူတွေနဲ့ ဆုံတွေ့ခွင့်မယ့်နှစ်ဖြစ်သလို အောင်မြင်ပျော်ရွှင်မှုတွေကို ခံစားရမယ့် ကံကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာမှာ ဖြစ်ပါတယ်။Virgo တွေကတော့ ဒီနှစ်မှာ မျှော်လင့်ထားသလောက် အောင်မြင်မှုတွေ မရှိခဲ့ပေမယ့် လာမယ့်နှစ်ကတော့ သူတို့အတွက် ပိုကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်လာမှာ အသေအချာပါ။သူတို့အတွက် အမြဲတမ်းရှိနေပေးတဲ့သူတွေအတွက် သူတို့ရဲ့စိတ်ကို ပိုဖော်ပြတတ်လာမှာဖြစ်သလို သူတို့ဘေးနားမှာ ရှိတဲ့သူတွေကလည်း အရမ်းကို ကောင်းမွန်တဲ့ သူတွေဖြစ်နေမယ့် ပြီးပြည့်စုံတဲ့ နှစ်လေးတစ်နှစ် ဖြစ်လာမှာပါ။

ကိုယ့်စိတ်ကြိုက် အောင်မြင်မှုတွေကို ဖန်တီးနိုင်သလို ကိုယ့်ဘဝအတွက် အရေးပါတဲ့ တစ်စုံတစ်ယောက်နဲ့လည်း ဆုံတွေ့ရမယ့် နှစ်ပဲဖြစ်ပါတယ်။

Scorpio တွေအတွက်ကတော့ ဒီနှစ်ဟာ သူတို့အတွက် ဟုတ်ချင်မှ ဟုတ်မယ်ဆိုပေမယ့် လာမယ့် 2021 ကတော့ သူတို့ရဲ့ နှစ်လို့ပြောလို့ရအောင် ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်နိုင်မှာပါ။နောက်ပြီး သင့်စိတ်ကူးထဲကနဲ့ ထပ်တူကျတဲ့ တစ်စုံတစ်ယောက်နဲ့လည်း အံ့သြစွာ ဆုံတွေ့ခွင့်ရမယ့် နှစ်ပဲဖြစ်ပါတယ်။ အရင်က သူတို့အပေါ်မကောင်းတဲ့ သူတွေကို အလေးထားနေတာထက် ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာပြီး ကံကောင်းခြင်းနဲ့ ပျော်ရွှင်မှုတွေကို အပိုင်ရထားတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*