စိုက်ခင်းဖျက်ဆီးတဲ့ကုမ္ပဏီကိုတရားစွဲနိုင်ဖို့ ၁၆နှစ်ကြာ ဥပဒေပညာရပ်ကိုလေ့လာခဲ့တဲ့ လယ်သမားအဖိုးအို

ပညာမတတ်တဲ့လယ်သမားဆိုပြီး ဘက်လိုက်တာတွေကို ခုခံပြီး ကိုယ့်ဘက်ကကိုယ်ရပ်တည်ဖို့ကြိုးစားခဲ့တဲ့အဖိုးအို။ သူ့ရဲ့ကြိုးစားမှုတွေဟာ အချည်းနှီးမဖြစ်ခဲ့ပါဘူး။

Qihua Group လုပ်ငန်းရဲ့ စက်ရုံဟာ Wang လို့ဖော်ပြထားတဲ့ တရုတ်အဖိုးအိုရဲ့ ယာခင်းနားမှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစက်ရုံကနေထုတ်လိုက်တဲ့ စွန့်ပစ်ဓာတုရေတွေဟာ Wangရဲ့ စိုက်ခင်းတွေထဲကိုဝင်ပြီး စိုက်ထားတဲ့ အသီးအနှံတွေပျက်စီးပြီး ယာခင်းထဲကမြေတွေပျက်စီးပြီး ဘာအပင်မှစိုက်လို့မရဘဲ ဖြစ်နေခဲ့ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး Wang ကနေ အထက်ကိုတိုင်ကြားခဲ့တဲ့အခါမှာတော့ ငွေရှိတဲ့ဘက်ကိုမျက်နှာလိုက်တာမို့ Wang တစ်ယောက်ဘာမှမတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ၂၀၀၁ခုနှစ်မှာဖြစ်ခဲ့တာဖြစ်ပြီး အဲအချိန်ကနေစပြီး Wang တစ်ယောက် သူ့ဘက်ကနေသူကိုယ်တိုင်ရပ်တည်မယ်ဆိုပြီး ဥပဒေပညာရပ်ကို ၁၆နှစ်ကြာအောင်လေ့လာခဲ့ပါတယ်။

သူဟာ ပိုက်ဆံမရှိတာကြောင့် သင်တန်းတို့၊ကျောင်းတို့မတက်နိုင်ဘဲ စာကြည့်တိုက်တွေသွား၊ စာဖတ်ပြီး ၁၆နှစ်ကြာလေ့လာခဲ့တာဖြစ်ပါတယ်။ လက်ရှိခုနှစ် ၂၀၁၇ ခုနှစ်ရောက်တဲ့အခါ Wang ဟာ Qihua Group ကို တရားထပ်မံပြန်လည်စွဲဆိုခဲ့ခဲ့ပါတယ်။ အံသြစရာကောင်းစွာပဲ Wang နဲ့ သူ့အိမ်နီးချင်းတွေဟာ တရားစွဲဆိုတဲ့ ပထမတစ်ချီမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ Wang အတွက် အင်အားတစ်ခုဖြစ်ခဲ့ပြီး တရားစွဲဆိုတာကို အဆုံးတိုင်အောင်မြင်တဲ့အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*