ပေါင်မုန့်နဲ့ အသားတွေထဲ သံချောင်းတွေထည့်ကျွေးပြီး သနားစရာလမ်းဘေးခွေးလေးတွေကို ရက်စက်လိုက်တဲ့ဖြစ်ရပ်

ပေါင်မုန့်နဲ့ အသားတွေထဲ သံချောင်းတွေထည့်ကျွေးပြီး သနားစရာ လမ်းဘေးခွေးလေးတွေကို ရက်စက်လိုက်တဲ့ဖြစ်ရပ်ဒီနေ့မှာ ပြောပြပေးသွားမှာကတော့ သနားစရာ လမ်းဘေးခွေးလေးတွေကို ပေါင်မုန့်တွေ အသားတွေထဲ သံတွေ အပ်ချောင်းတွေ ထည့်ကျွေးတဲ့ လူမဆန်တဲ့ လုပ်ရပ်များပဲ ဖြစ်ပါတယ်။ လမ်းဘေးခွေးတွေက သူများ ကျွေးမှ ပေးမှ စားရတဲ့ ဘဝလေးတွေပါ။နဂိုက ကံမကောင်းလို့ အိမ်မွေးခွေး မဖြစ်နိုင်ပေမယ့် သူတို့ဘဝလေးကို သူတို့ဘာသာ လမ်းဘေးမှာ ရှာစားနေကြရတာပါ။

လူတွေနဲ့ အတူနှစ်ပေါင်းမြောက်များစွာ အတူနေလာခဲ့ကြတဲ့ တိရစ္ဆာန်တွေထဲမှာ ဆိုရင် ခွေးလေးတွေက အဓိကပဲလို့ ပြောရလောက်အောင်ပါပဲ ။ ခွေးလေးတွေဟာ လူတွေအပေါ်အသိတတ်ဆုံး ၊ အကူညီဆုံး တိရစ္ဆာန်ဖြစ်ကြပေမဲ့လည်း လူတွေက စွန့်ကျဲမှ စားသောက်ရတဲ့ အကောင်လေးတွေပါ ။ထို့အတူပါပဲ ယခုလိုလမ်းဘေးခွေးတွေတိုးပွားလာရခြင်းကတော့ လူတွေကြောင့်ပါပဲ ။

လူတွေဟာ ခွေးလေးတွေကို မွေးမြူထားပြီး နောက်ပိုင်းမကျွေးမွေးနိုင်တော့လို့ လမ်းဘေးတွေမှာဖြစ်သလိုပစ်ထားခဲ့ကြလို့ ယခုလိုလမ်းဘေးခွေးလေးတွေ ပွားများလာရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် လမ်းဘေးခွေးတွေ လျော့ကျသွားဖို့ အဆိပ်တွေကျွေးခြင်း ၊ သတ်ပစ်ခြင်း တို့လုပ်ခဲ့ကြပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အဖြစ်အပျက်ကတော့ ထင်ထားတာထက်ကို ဆိုးရွားလွန်းလှပါတယ် ။အစားအစာတွေငတ်မွတ်နေတဲ့လမ်းဘေးခွေးတွေကို သံချောင်းတွေ ၊ အပ်ချောင်းတွေ ထိုးစိုက်ထားတဲ့ ပေါင်မုန့်တွေကို ပစ်ကျွေးခဲ့လို့ပါပဲ ။ ထို့ကြောင့် ငတ်မွတ်နေတဲ့ ခွေးလေးတွေက ပေါင်မုန့်တွေကိုစားသောက်ရင်း အခန့်မသင့် သံချောင်းလေးတွေမျိုးချမိပြီး ၊ဘားမှမသိလိုက်ဘဲ အချိန်အတော်ကြာ နာကျင်မှုတွေကိုခံစားခဲ့ရပြီးမှသာ သေဆုံးသွားရလို့ပါပဲ ။

ခွေးလေးတွေကို မကျွေးချင်နေပါ ယခုလိုလုပ်ရက်ကတော့ အတော်လေးနှိပ်စက်လွန်းရာရောက်လွန်းပါတယ် ။ ခွေးလေးတွေကို ကူညီချင်တယ်ဆိုရင် သူတို့ကိုလက်ခံပေးနိုင်မယ့် ခွေးဂေဟာလေးတွေရှိတဲ့အတွက် ခွေးလေးတွေကို တတ်နိုင်တဲ့ဘက်ကနေသာ ကူညီပေးကြဖို့ တောင်းဆိုလိုက်ရပါတယ်။လမ်းဘေးခွေးလေးတွေကို မချစ်ရင်နေပါ။ မရက်စက်ကြပါနဲ့။ တချို့ဆို အဆိပ်ကျွေးတာတွေတောင် ရှိပါသေးတယ်။ သူတို့လေးတွေက အိမ်မွေးခွေးလေးတွေလို မိုးရွာရင် သခင်ရဲ့အနားသွားပြီး ချွဲပိုင်ခွင့်တွေ၊ မိုးခြိမ်းရင်ဖက်ထားပေးမယ့် သခင်၊ ဆောင်းတွင်းမှာ အေးရင်

စောင်အတူတူခြုံမယ့် သခင်၊ သူတို့လေးတွေနဲ့ နွေရာသီမှာ လမ်းထွက်လျှောကိ ထွက်ဆော့ပေးမယ့်သခင်၊ အန္တရာယ်ဖြစ်ရင် ကာကွယ်ပေးမယ့်သခင် မရှိကြပါဘူး။ ဒါကြောင့် ထပ်ပြီး မရက်စက်ကြပါနဲ့။ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးရေ ဒီစာလေးဖတ်ပြီး စိတ်ထဲ ရသ တခုခု ကျန်ရစ်နေမယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*