Music Zone KTVနဲ့ပတ်သက်ပြီး ဖိုးလပြည့်အဖေကိုယ်တိုင်ရှင်းရပြီ

လတ်တလော Covid-19 ဒုတိယလိုင်းဖြစ်စဉ်တွင် သက်င်္နးကျွန်း မြို့နယ်အတွင်း ပိုးတွေ့လူနာအများဆုံးတွေ့ရသော Music Zone KTV Karaoke Restaurant ကို ဦးနေမောင် ၏ သား နေရွှေသွေးအောင် ဖွင့်လှစ်ထားသည်ဟုဆိုကာ အသရေဖျက်ပြောဆိုမှုမှာမဟုတ်မှန်ကြောင်းဦးနေမောင်က၎င်း၏လူမှုကွန်ယက်ဖေ့ဘွတ်ခ်ကတစ်ဆင့်ရေးသားပြောဆိုလိုက်သည်။

ဦးနေမောင်ကပြောကြားရာတွင် ယင်း KTV သည် “မဖွင့်ခင်ကပင် သား ဖိုးလပိုင်သ ယောင်ယောင် ပြောပြီး ဖွင့်ပြီးချိန်တွင်လည်း waiter လေးများ ကို ပိုင်ရှင်ဘယ်သူလည်းမေးလျင် ပြော၍ မရပါကြောင်း ဟုတ်သယောင်ယောင် ဖြစ်အောင် ရဲများ မဝင်အောင် နည်းဗျူဟာသုံးကြောင်းထားကြောင်း” ရဲစခန်းမှ ပြောပြချက်အရသိရသည်ဟုရေးသားထားသည်။