ဖခင်ကြီးအသက်ကို ကယ်ခဲ့ဖို့ အတွက်အစားတွေနင်းကန်စားခဲ့ရတဲ့ကောင်လေးရဲ့ဖြစ်အင်ကတော့…

တရုတ်နိုင်ငံမှာ နေထိုင်တဲ့မိသားစုတစ်စုမှာ သားဖြစ်သူ ၁၁အရွယ်ကလေးဟာသူ့ရဲ့ဖခင်အသက်ကို ကယ်နိုင်ဖို့အပြင်းထန်ကြိုးစားနေရှာတာတကယ်ကို လေးစားစရာပါပဲ။ Lu Zikuan လို့အမည်ရှိတဲ့ ၁၁နှစ်အရွယ်ကောင်လေးဟာ သူတို့မိသားစုရဲ့ အကြီးဆုံးသားလေးပါ။

မိသားစုရဲ့အိမ်ထောင်ဦးစီးဖြစ်တဲ့ဖခင်ကြီးက ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့လိုအပ်နေတာကြောင့် သူ့အဖေအသက်ကိုကယ်ဖို့သူလှူမယ်လို့Lu Zkiuan ကပြောခဲ့ပါတယ်။ ဒါပင်မဲ့ ၁၁နှစ်အရွယ်ကောင်လေးရဲ့ခန္ဓာကိုယ်နဲ့ဝိတ်အလေးချိန်က လိုအပ်တဲ့ရိုးတွင်းခြင်ဆီရရှိနိုင်မှာမလို့ ပေါင်၃၀ တက်လာဖို့လိုအပ်ကြောင်းပြောခဲ့ပါတယ်။

သားဖြစ်သူရဲ့ဖခင်ကိုချစ်တဲ့စိတ် မိဘကိုကယ်တင်ချင်တဲ့စိတ်ကြောင့်အသက်ငယ်ပင်မဲ့ မေတ္တာတရားကြီးမားတဲ့ ကလေးငယ်ဟာအစားတွေကို နေ့စဉ် စားသောက်ရင်း သူ့ဝိတ်ကို ဆရာဝန်လိုချင်တဲ့ပမာဏထိအမြန်ဆုံးရရှိအောင်ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပါတယ်။သူ့ရဲ့ကြိုးစားမှုကိုမြင်ရတဲ့ဖခင်ရောမိခင်ရောမှာ မျက်ရည်ကျမတက်ကြည်နူးခဲ့ကြပြီး သားအတွက် ဂုဏ်ယူပီတိဖြစ်နေကြပါတယ်။

ငယ်ရွယ်ပင်မဲ့မိဘပေါ်သိတတ်လွန်းတဲ့ ကလေးလေးဟာအခုဆိုရင် ဆရာဝန်လိုချင်တဲ့ဝိတ်အတိုင်းသူလုပ်နိုင်ခဲ့ပါပြီ။ ဆရာဝန်လိုချင်တဲ့ပမာဏထက်တောင်ပိုပြီးဝိတ်များအောင်ကြိုးစားနိုင်ခဲ့တာကြောင့် ပိုလို့တောင်အဆင်ပြေတဲ့ ခွဲစိတ်မှုဖြစ်မယ်လို့ဆရာဝန်က ပြောကြားခဲ့ပါတယ်။

ဘယ်လောက်တောင်ကြည်နူးဝမ်းသာဖို့ကောင်းတဲ့ဖြစ်ရပ်လဲ? တကယ်ကို သားကောင်းရတနာပီသတဲ့ ကောင်လေးပါပဲကွာ…လောကကြီးမှာ မိဘကျေးဇူးသိတတ်တယ်ဆိုတာ အသက်အရွယ်အချိန်ပိုင်းခြားငွေကြေးဆိုတာ တွေထက် သိတတ်မှုနဲ့လုပ်ပေးချင်စိတ်ကသာအရေးကြီးဆုံးဆိုတာကိုသက်သေပြသွားသလိုပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*