
ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသစ်ပြန်ရွေးကြတော့မယ်
(သည်တခါတော့ ကိုယ်တိုင်မဲပေးကြပါ။ အရွေးမမှားကြပါနဲ့ ပြည်သူ့အတွက် စေတနာနဲ့ မှန်မှန်ကန်ကန် အလုပ်လုပ်သူတွေကို ဘဲရွေးကြပါ)
အလွန်အရေးကြီးတဲ့ အရင်ဥပဒေနဲ့ ခုဥပဒေ ပြင်ဆင်ပြီး ကွာခြားချက်လေးကိုပြောပါမယ်။
၁) ဆယ်အိမ်မှုးကို “တစ်အိမ်တစ်မဲ”စနစ်နဲ့ အရင်ရွေးရပါမယ်။
(၂) အဲဒီဆယ်အိမ်မှုးထဲက ရာအိမ်မှူးကို “တစ်အိမ်တစ်မဲ” နဲ့ ထပ်ရွေးရပါမယ်။
(၃) ရာအိမ်မှူးတစ်ဦး ထက်ပိုရင် ရပ်ကွက်/ကျေးရွာ အတွင်းမှာရှိတဲ့ “တစ်အိမ်တစ်မဲ”နဲ့ အုပ်ချုပ်ရေးမှူးရွေး ကြရပါမယ်။
(အဓိကက မဲပေးရမယ့်အချိန်မှာ မိမိကိုယ်တိုင် ပါဝင်ကြဖို့ မမေ့ပါနဲ့) (Nyi Nyi Aung)
အဲဒါအရေးအကြီးဆုံးအချက်ပါ။ အုပ်ချုပ်ရေးမှူးရွေးရာမှာ အဓိကကျတဲ့ ဒီအချက်ကို လွှတ်တော် သက်တမ်းမှာ ပြင်ဆင်နိုင်ခဲ့ပါတယ်။
အိမ်ထောင်စု ကိုယ်စားလှယ် (အိမ်ထောင်စု ကိုယ်စားလှယ် ၁၈ နှစ်ပြည့် တစ်အိမ်တစ်ယောက်)သည် “၃ခါ” မဲပေးရမှာပါ၊ အရေးကြီးပါတယ်။ သေချာမှတ်ပေးပါ၊
“၃ ခါ မဲပေးရမှာ ဖြစ်ပါတယ်။” အရင်ဥပဒေမှာ ပြည်သူသည် ဆယ်အိမ်မှူးကိုသာ ရွေးခွင့်ရှိတာပါ၊ “တစ်ခါထဲ” မဲပေးရတာပါ။ အခုပြင်ထားတဲ့ ဥပဒေမှာ ပြည်သူက ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးထိ ရွေးခွင့်ရှိတာပါ၊ ဒီမိုကရေစီပိုကျလာတာပါ၊
ဒါကြောင့် ပြည်သူလူထုသည် သတိရှိရှိနဲ့ အုပ်ချုပ်ရေးမှူးရွေးပွဲကို သွားဖြစ်အောင် သွားရပါမယ်။ မဲပေးဖြစ်အောင် ပေးရပါမယ်။ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပါဝင်ကြဖို့ လိုပါတယ်။.ရပ်ကျေးမှသည် တိုင်းပြည်အထိ အဆင့်ဆင့် လူကောင်းလူတော်တွေ ရမှသာ ပြည်သူတို့ဘဝ ငြိမ်းချမ်းသာယာ မှာပါ။ ဒီကိစ္စကို မျက်ခြေပြတ် မခံကြပါနဲ့။ မပေါ့ဆကြပါနဲ့။
ငါနဲ့မဆိုင်ဘူးလို့ ဘာသိဘာသာနေပြီးမှ ရှင်းကြရတဲ့ နောက်ဆက်တွဲ ပြဿနာတွေက များလွန်းလို့ ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြစေချင်ပါတယ်။
ဒေါ်ယမင်းလှိုင်
Leave a Reply