အမျိူးသမီးငယ်လေး တွေ ကို ပစ်မှတ် ထား တဲ့ လိင်မုဆိုးတွေ ကျင် လည်ရာ နေရာတစ်ခု ဖြစ်လာတဲ့ TIKTOK

ဗီဒီယို အပိုင်းအစလေးတွေ ဝေမျှတဲ့ app တစ်ခုဖြစ်တဲ့TikTok ဟာ အခုဆိုရင်တော့ အသက်မပြည့်သေးတဲ့ လူငယ်တွေထံမှအချက်အလက်ရယူမှုနဲ့တရားစွဲခံနေရပါပြီ ။ TikTok ရဲ့ ဗီဒီယိုဖန်တီးမှု စတိုင် နဲ့ စတစ်ကာတွေဟာ အခြားဆော့ဝဲတွေထက် သာလွန်နေတာ ကြောင့် ၂၀၁၈ ခုနှစ်မှာ Instagram နဲ့ Snapchat ကိုကျော်လွန်ပြီး လူအများဆုံးဒေါင်းလုဒ်ဆွဲကြတဲ့ app တစ်ခုအဖြစ် မှတ်တမ်းတင်နိုင် ခဲ့ပါတယ် ။

ကနဦးမှာ Musical.ly လို့နာမည် ပေးထားတဲ့ TikTok app ကို သုံးစွဲသန် ၁ ဘီလျံနီးပါးရှိလာပြီဖြစ်ပြီး ဒီသုံးစွဲသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ကလေးတွေလည်း ပါဝင်နေတယ်လို့သိရပါတယ် ။ US Federal Trade Commission (FTC) ဟာ TikTok App ကိုစစ်ဆေးပြီးတဲ့အခါမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေဆီက အချက်အလက်တွေကို တရားမဝင်နည်းနဲ့ ရယူနေတယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ် ။

ကလေးတွေရဲ့အချက်အလက်ကို တရားမဝင်ရယူနေတဲ့ အတွက် အမေရိကန်နိုင်ငံရဲ့အမြင့်ဆုံး ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၅.၇ သန်းပေးဆောင်ရမှာဖြစ်ပါတယ် ။ထို့အပြင် အသက် ၁၃ နှစ်အောက်ကလေးတွေ တင်ထားတဲ့ အချက်အလက်အားလုံးကိုလည်း ဖျက်သိမ်းပေးရမှာဖြစ်ပါတယ် ။

နောက်ပိုင်းမှာအသက် ၁၃ နှစ်အောက် TikTok သုံးစွဲသူ ကလေးသူငယ်တွေဟာ ပိုအန္တရာယ်ကင်းပြီး ဘေးကင်းလုံခြုံတဲ့ အခြား App တစ်ခုကိုပြောင်းလဲသုံးစွဲသွားရမှာပဲဖြစ်ပါတယ်။

“ကျွန်တော်တို့ ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက် အလက်တွေကို တကယ်ဂရုစိုက်ပါတယ် ။လက်ရှိအခြေအနေမှာလည်း ကျွန်တော်တို့ ဒီအချက်ကိုစီစဉ်နေဆဲဖြစ်ပြီး အနာဂတ်မှာ ပိုဘေးကင်းလုံခြုံအောင်လုပ်ဆောင်သွားမှာပါ” လို့ ကုမ္ပဏီက ဖြေကြားခဲ့ပါတယ်။မကြာသေးခင်အချိန်တုန်း ကလည်း ဒီ App ဟာ အွန်လိုင်းပေါ်က လိင်မုဆိုးတွေဟာ ကလေးတွေကို လိင်မှုကိစ္စ စိတ်ဝင်စားအောင် တွန်းအားပေးနေတဲ့အကြောင်း ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ Barnardo မှ တိုင်ကြားခဲ့ပါသေးတယ်။

ဗြိတိန်မှကျောင်းသားတစ်ချို့ကလည်း ဒီ App နဲ့ပတ်သတ်တဲ့ ပြဿနာတွေကို သူတို့မိဘတွေဆီတိုင်ကြားခဲ့ကြပြီး အချို့လူတွေ ကလည်း ဒီ App ကိုအသုံးပြုပြီးတော့ ဆယ်ကျော်သက်ကောင်မလေးတွေကို နောက်ယောင်ခံလိုက်လေ့ရှိကြတယ်လို့ သိရပါတယ် ။”ကလေးတွေဟာ ကိုယ့်အခန်းထဲမှာရိုက်ထားတဲ့ ဗီဒီယိုတွေကို အွန်လိုင်းပေါ်မှာ အထိန်းအကွပ်မရှိ ဝေမျှနေကြတယ် ကလေးတွေ ဘယ်လိုနည်းပညာတွေကိုအသုံးပြုနေသလဲ ၊ သူတို့ကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို မိဘတွေသိနားလည်ဖို့အလွန်အရေးကြီးပါတယ်။

အွန်လိုင်းပေါ်မှတစ်ဆင့်ကလေးတွေကို ထိခိုက်စေမယ့် အပြုအမူတွေလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကိုလည်းကျွန်တော် တို့ သတိပေးတားမြစ်နေပါတယ်” လို့ Barnardo ရဲ့ CEO Javed Khan က ပြောကြားခဲ့ပါတယ် ။သင့်ရဲ့ကလေးရော TikTok ကိုအသုံးပြုပြီးတော့ ဗီဒီယိုလေးတွေကို အွန်လိုင်းပေါ်မှာ ဝေမျှနေတတ်လား ဒါဆို ရင်တော့ သင့်ကလေးကို အနည်းငယ် သတိပေးထား ဖို့လိုအပ်ပါပြီ ။

Be the first to comment

Leave a Reply

Your email address will not be published.


*