ဗန်းမော် ကွန်ပျူတာကျောင်းသားတွေ ထွင်လိုက်တဲ့ အပူချိန်တိုင်း ပုံရိပ်ကင်မရာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က ကွန်ပျူတာတက္ကသိုလ်ကကျောင်းသားတွေ တီထွင်လိုက်တဲ့ ကိုဗစ် ရောဂါစစ်ဆေးတဲ့ အပူချိန်တိုင်းကင်မရာအား နေရာသုံးနေရာမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကင်မရာရှေ့ကို ဖြတ်သန်းရောက်ရှိလာသူတွေရဲ့ ပုံရိပ်ကို ကင်မရာက ဖမ်းယူပြီး အပူချိန်ကိုတိုင်းတာတွက်ချက်နိုင်တာကြောင့် အချိန်ကုန်သက်သာပြီး ထိရောက်တဲ့ တီထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

ကင်မရာကနေ ရရှိလာတဲ့ရုပ်ပုံတွေကို Computer Monitor Screen နဲ့ ဖော်ပြပေးနိုင်ခြင်း၊ Camera မှာထည့်သွင်းထားတဲ့ Memory Card နဲ့လည်း မှတ်တမ်းတင်ပေးနိုင်ခြင်းအပြင် လျှပ်စစ်မီးမရရှိတဲ့ နေရာတွေမှာလည်း

ဓာတ်ခဲကိုအသုံးပြုနိုင်ဖို့အတွက် အထူးတီထွင်ပြုလုပ်ထားတဲ့ တန်ဖိုးနည်းအဆင့်မြင့်ပြည်တွင်းထွက် ကင်မရာဖြစ်တယ်လို့ ဆိုပါတယ်။

ဗန်းမော်ပွင့်သစ်

Be the first to comment

Leave a Reply

Your email address will not be published.


*