မော်လမြိုင်က ဒီအတိုင်းဆို အကုန်လုံး ဒုက္ခရောက်ကုန်ပါလိမ့်မယ် (ကိုဗစ်ထက် ဆိုးတဲ့ စီးပွားရေးကျဆင်းမှု)

မော်လမြိုင်ကလူတွေ ဒုက္ခရောက်နေကြပြီ။ ဒေါက်တာ သက်ကျော်စိုး ရေးတဲ့ စာ..

မော်လမြိုင်မှာ ရက်အကန့်အသတ်မရှိ ပိတ်ထားခံရတဲ့ အလုပ်တွေ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေကို ပြန်ပေးဖွင့်ပါ။ Mask ကို စနစ်တကျတပ်စေပြီး လူအရေအတွက် အကန့်အသတ်နဲ့ဖြစ်ဖြစ် စည်းကမ်းတကျ ပြန်ပေးဖွင့်ဖို့ အချိန်ကျနေပါပြီ။ လူတွေလည်း ဒုက္ခရောက်တဲ့သူရောက်၊ ငတ်တဲ့သူတွေလည်း ငတ်ကုန်ပါပြီ။

လူနာတယောက် ဆေးခန်းလာပြပါတယ်၊ အရမ်းပင်ပန်းနေလို့ပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူအလုပ်လုပ်တဲ့အထည်ဆိုင်က ဈေးထဲက၊ ဈေးတွေပိတ်လိုက်တော့ အပြင်ကို ပြောင်းဖွင့်တယ်။ အလုပ်သမား ၉ ယောက်ရှိတဲ့ထဲကနေ ၇ ယောက်ကို ဖြုတ်လိုက်ပြီး ၂ ယောက်နဲ့ ဆက်သွားနေတယ်။ အာ့ ၂ ယောက် ပင်ပန်းတာထက် ကျန်တဲ့ ၇ ယောက် အခုချိန်မှာ ဘယ်လိုနေထိုင်စားသောက်နေမလဲ စဉ်းစားပြီး စိတ်မကောင်းဖြစ်မိတယ်။ ၇ ယောက်ထက် အဆပေါင်းများစွာ များတဲ့လူတွေ ဒုက္ခရောက်နေကြပြီ။

ထစ်ခနဲရှိ လိုက်ပိတ်နေမယ့်အစား Mask မတပ်ပဲ အပြင်ထွက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ့် ဥပဒေမျိုးနဲ့ပဲ ထိန်းချုပ်ပေးပါ။ Mask ကိုပဲ သေသေချာချာတပ်ရင် ကိုဗစ်က ကူးဖို့မလွယ်ပါဘူး။ ခုချိန်ထိ မွန်ပြည်နယ်မှာ ပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ ဆရာဝန်တွေ တယောက်မှ ပိုးကူးစက်ခဲ့ခြင်းမရှိသေးပါဘူး။ သူတို့အားလုံးက Level 2 လည်း မဝတ်ထားကြပါဘူး၊ အကြောင်းရင်းက Mask ကို သေချာတပ်လို့ပါ။

ကိုဗစ်က အဆုံးသတ်ဖို့မရှိသေးပါဘူး။ ကာကွယ်ဆေးဆိုတာကလည်း နောက် ၆ လ၊ တနှစ် မသေချာပါ။ Mask ကို ခါးဝတ်ပုဆိုးလိုပဲ မြဲမြံစွာတပ်ကြပြီး ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင် အလုပ်တွေ ဆက်လုပ်ကြဖို့ပဲရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*