ပိုက်ဆံအတွက်မဟုတ်ပဲ အချစ်အတွက် အသက် 80 အဘွားကို လက်ထပ်ခဲ့တဲ့ အမျိုးသား

Iris Jone လို့ခေါ်တဲ့ အသက် 80 အရွယ်အဘွားအိုတစ်ဦးဟာ မထင်မှတ်ပဲ facebook group တစ်ခုမှာ Mohamed ဆိုတဲ့ အသက် 38 နှစ်အရွယ်ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ အပြန်အလှန်စကားတွေပြောကြရင်းနဲ့ သူတို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းလေးဟာ တဖြေးဖြေးစတင်လာခဲ့ပါတယ်။

 

အဲ့ဒီလိုနဲ့ Iris Jone ဟာ Mohamed ရှိတဲ့ အီဂျစ်ကို လာမလည်ခင်လေးမှာပဲ Mohamed ဟာ သူ့ရဲ့အချစ်တွေကို ဖွင့်ဟဝန်ခံခဲ့ပါတယ်။ဒါ့ကြောင့် အသက် 80 အရွယ် Iris Jone ဟာ Mohamed ရှိတဲ့ အီဂျစ်ကို အမြန်ဆုံးသွားရောက်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ အချစ်မှတ်တိုင်လေးကို စတင်စိုက်ထူခဲ့ပါတယ်။

အဲ့အချိန်ကစပီး သူတို့နှစ်ယောက်ဟာ မနာလိုသူတွေရဲ့ သွေးထိုးဂုန်းတိုက်စကားတွေကို လုံးဝနားမထောင်တော့ပဲ နှစ်ယောက်နဲ့ အနာဂတ်နဲ့ ပျော်ရွှင့်ဖို့အတွက်သာတွေးခဲ့ကြပါတယ်။လက်ရှိမှာတော့ အသက်လေးဆယ်ကျော်လောက် ကွာဟတဲ့ သူတို့စုံတွဲလေးဟာ ရွှေလက်တွဲလို့ လက်ထပ်သွားခဲ့ပြီဖြစ်ပီး ကျန်ရှိနေတဲ့ လူ့သက်တမ်းလေးမှာ လုပ်ချင်တာလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်​နေသွားကြဖို့ကိုပဲ စဥ်းစားထားကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*