မျက်ရည် လွယ်ရင် မဖတ်ကြ ပါနဲ့၊ ဖတ်ပြီး ရင်လည်း မ ငိုကြပါနဲ့ …

သူနဲ့ ကျွန်မ စတင်သိခဲ့တာက………………(facebook) မှာ သူနဲ့ ကျွန်မက သူငယ်ချင်းတွေပေါ့ …။ကျွန်မ သူ့ကို သတိထားမိတာက သူက အသည်းကွဲ ကဗျာတွေ စာတွေ ရေးလေ့ရှိတဲ့ သူမို့ပါ …။သူကလူထူးဆန်းလေး တစ်ယောက်ပေါ့ အချစ်နဲ့ ပတ်သတ်ပြီး ကြောက်လန့် နာကျင်နေတဲ့ မယုံကြည်တဲ့ လူတစ်ယောက်လို သူ့အချစ်ကြောင်းတွေကို (status)တင်လေ့ ရှိတယ် …။ကျွန်မ သူ့ ကိုဘယ်ဘဝက ရေစက်ကြောင့်မှန်မသိဘူး စိတ်ထဲက သနာမိ သံယောဇဉ်ဖြစ်မိနေတယ်။ ကျွန်မ တနေ့ တနေ့ သူ့ (wall)ထဲ ဘယ်နခါမှန်မသိ ဝင်ကြည့်မိတယ်။သူကတော့ သတိမထားမိဘူးလေ …။တနေ့မှာ ကျွန်မအရဲစွန့်ပြီး (messenger)က စကားသွားပြောခဲ့ပါတယ်။

အဲ့ဒီအချိန်ကစလို့ ကျွန်မသူ့အကြောင်းတွေ တဖြည်းဖြည်း သိလာခဲ့ ရတယ် …။သူဟာ အသည်းကွဲထားတဲ့ အချစ်ငတ်နေတဲ့ သူတစ်ယောက်ဆိုတာက ကျွန်မသူ့အပေါ် အချစ်တွေ တိုးလာစေဖို့ အကြောင်းရင်းတွေ ဖြစ်လာခဲ့ရတယ် …။ဒီလိုနဲ့……ကျွန်မတို့ အပြင်မှာ တွေ့ခဲ့ကြတယ်။အရမ်းးးချစ်ရတဲ့ (Online) ချစ်သူတွေပေါ့။တွေ့တဲ့ သူတိုင်း အားကျ့ရတဲ့ ချစ်သူတွေပေါ့ …။သူ့မှာ ကျွန်မ မကြိုက်တဲ့ အချက်တွေ အများကြီး ရှိနေပေမယ့် ကျွန်မ သူ့အပေါ် အချစ်တွေ မလျော့ခဲ့ဘူး။အမြဲသူ့ရဲ့ အနားမှာ ရှိနေပေးခဲ့တယ် …။သူ့ကလည်း ကျွန်မအပေါ် သစ္စာရှိတယ်။ကျွန်မကလွဲပြီး ဘယ်မိန်းခလေးမှ စိတ်မဝင်စား အလေးမပေးခဲ့ဘူး။ဒါတွေက ကျွန်မသူ့ကို မခွဲရက် မခွါရက် ဖြစ်ခဲ့ရတာတွေပါ …။သူနဲ့ ကျွန်မ ရန်ဖြစ်စကားများလည်း ခဏပဲ (၃)နာရီထက်မပိုဘူး။ပြီးရင် ပြန်ချော့ ပြန်ချစ်ကြတာပါပဲ။

ဒီလိုနဲ့ ချစ်သူသက်တမ်း (၅) လပြည့်လာပါတော့တယ် …။အချစ်တွေ သံယောဇဉ်တွေ တဖြည်းဖြည်းတိုးလာခဲ့တယ်။ သူကလည်း ကျွန်မကို အပြည့်ဝယုံကြည်ခဲ့ပါတယ် …။သူစိမ်းယောကျာ်းလေး တစ်ယောက်နဲ့ ကျွန်မ လက်တွဲလျှောက်နေရင်တောင် သူကကျွန်မ သူငယ်ချင်းလို့ပဲ ထင်တယ်တဲ့ သေတာတောင် ကျွန်မသူ့အပေါ် သစ္စာမဖောက်ဘူးဆိုတာ သူယုံတယ်တဲ့ …။ ဒါ ကျွန်မအပေါ် သူထားတဲ့ ယုံကြည်မှုပါ ။ကျွန်မဘက်ကလည်း ဘယ်တုန်းကမှ သူ့အပေါ် သစ္စာမဖောက်ခဲ့သလို ဘယ်ယောကျာ်းလေးနဲ့မှလည်း အရေးတယူ အရောတဝင် မနေခဲ့ဘူး …။သူလည်း ဒီလိုပါပဲ သစ္စာတရားက ပြောစရာမလိုအောင်ကို ပြည့်ဝခဲ့ပါတယ် …။ကျွန်မ (facebook account password) မှန်သမျှ သူသိသလို ကျွန်မ စိတ်ဆိုး စိတ်ကောက်ဖြစ်တိုင်း သူကျွန်မ (account)ထဲဝင်ပြီး (only me)နဲ့ သူပြောချင်တဲ့ စကားတွေကို (status) ထဲတင်ထား တက်တယ်လေ …။

ကျွန်မ စိတ်ဆိုးပြေလို့ လိုင်းပေါ်တက်ရင် ကျွန်မ (wall)မှာ သူ့(only me)ကနေ တင်ထားတ ဲ့စာတွေ့မှ ကျေနပ်တယ်။သူ့ချော့ထားတဲ့ စာတွေ့မှ သူ့ကို စိတ်ဆိုးပြေတက်တယ်။ဒါသူသင်ပေးထားတဲ့ ကျွန်မ အကျင့်တွေပေါ့..။ဒီလိုနဲ့…ကျွန်မ သူ့အတိတ်က ဒဏ်ရာတွေကို ကျွန်မလက်နဲ့ ဖေးမပေးလိုက် ကုသပေးလိုက်ပေါ့။သူကလည်း ကလေးဆန်တဲ့ ကျွန်မကို အစစအရာရာ သည်းခံပေး လိုက်နဲ့ အချစ်တွေ ခိုင်မြဲခဲ့ကြတယ် …။တနေ့…………မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးကြီးတခု ကျွန်မတို့ ဘဝထဲ ဝင်လာခဲ့တယ် …။ကျွန်မ အရမ်းမေ့တက်လာခဲ့တယ်။တခုခုဆို အလိုမကျ ဒေါသတွေ ထွက်ခဲ့၊ သူ့ကို လည်း ဘာပဲလုပ်လုပ် အကောင်းမမြင် အပြစ်တွေ တင်နေမိတယ် …။အိမ်က မိသားစုနဲ့လည်း အဆင်မပြေ ဖြစ်လာခဲ့တယ်။ကျွန်မကို ကျွန်မဘာတွေ ဖြစ်နေလဲကို မသိတော့တာ …။

ကျွန်မ သူချိန်းထားရင်လည်း သွားချင်မှ သွားတယ်။သူပြောထားတဲ့ စကားတွေကိုလည်း မြေ့ပီး သူ့ကိုပြသာနာတွေ ရှာမိတယ်။ (၁) လလောက်ကြာတော့ သူကျွန်မကို စကားစလာတယ် …။ကျွန်မကို သူကပြောတယ် ။ ကလေး မင်းအခုတလော ကိုကိုနဲ့ စိတ်ချင်းဝေးနေသလိုပဲ……မင်း ကိုကိုချိန်းလိုက်တိုင်း အလေးနက် မထားဘူး အမြဲမေ့နေတယ်……မင်း ကို့ကိုကို ချစ်သေးရဲ့လား……တဲ့ …။ကျွန်မ စိတ်အရမ်း ဆိုးသွားခဲ့တယ်…………ငါ့ကို……ဘာလို့ မယုံကြည်တာလဲ ငါဒီလောက်ထိ သူ့အပေါ်ချစ်တာ ကိုလို့တွေးပြီး မျက်ရည်တွေ ကျလာခဲ့တယ် …။သူကလည်း သူပြောမိတဲ့ စကားတခွန့်အတွက် သနားသွားမိတယ် ထင်တယ် သူ့ရင်ခွင်ထဲ ထည့်ပြီး ငိုနေတဲ့ ကျွန်မကို နှစ်သိမ့်ရင်း …။ကိုကို စကားပြော မှားသွားတယ်တဲ့ ကလေးကို ငိုအောင် လုပ်မိပြီ ကလေး ကို့ကိုကို ဒီလောက်ထိ ချစ်တာ ကိုကိုသိရက်နဲ့ကွာ………ဆိုပြီ သူ့ကိုယ်သူ ဒေါသတွေထွက် အကြိမ်ကြိမ် ရေရွတ်နေမိတယ် …။ဒီလိုနဲ့…………တစ်ရက်ပြီး တစ်ရက် ကျွန်မအခြေနေက ပိုပိုဆိုးလာပါတယ်။ခေါင်းက အရမ်းနာကျင် ကိုက်ခဲတဲ့ အချိန်တွေဆို သူနဲ့ တွေ့တိုင်း အော်ဟစ် ပြသာနာရှာနေမိတယ် …။

ကျွန်မ ဆုံးဖြတ်လိုက်တယ် ဆေးခန်းပြဖို့ ဆေးစစ်ဖို့ …။အရင်ကဆို သူပါမှ အပြင်ထွက်လေ့ရှိတဲ့ ကျွန်မ သူ့ကို အဲ့ဒီနေ့က ကျွန်မ မခေါ်ခဲ့။သူငယ်ချင်းအိမ် သွားလည်ဖို့ဆိုပြီး ဆေးစစ်ဖို့ တစ်ယောက်တည်း ထွက်လာခဲ့တယ် …။ကျွန်မ မျက်လုံးတွေ ဝေဝါးပြီး အမည်မဖော်လိုတဲ့ နာကျင်မှု့ နဲ့အတူ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပါတယ် …။ဆေးစစ်ချက် အဖြေ စာရွတ်အပေါ် ကျွန်မ မျက်ရည်တွေ ရွှဲစိုစေခဲ့တယ် …။ကျွန်မမှာ ဦးနှောက် သွေးယိုစိမ့်တဲ့ ရောဂါရနေပြီးတဲ့…တဖြည်းဖြည်း အသိညဏ်တွေ ဆုံးရူံး ရတော့မယ်တဲ့ …။ဆရာဝန်က ကျွန်မ ကို သနားလို့ အဖြေကို မပြောချင်လို့ အိမ်ကလူကြီး မိဘကိုခေါ်ခိုင်းပြီး ဆေးကုသခံယူဖို့ ပြောတယ် …။ဒါပေမယ့် ကျွန်မ အိမ်ကလူကြီးတွေကို စိတ်မဆင်းရဲစေချင်လို့ ကျွန်မ တစ်ယောက်တည်း ကြိတ်မှိတ်ပြီး ခံစားခဲ့တယ် …။ကျွန်မ သိတာပေါ့ ဒီရောဂါက အလွန်ဆုံး ခံရင် (၅)လ (၆)လပဲဆိုတာ …။ကျွန်မ စိတ်ကို ပြန်တင်းပြီး နောက်ဆုံးအချိန်အတွက် ပြင်ဆင်မယ်ဆိုပြီး အိမ်ပြန်လာခဲ့တယ် …။အဲ့ဒီနေ့ ……တနေ့လုံး ကျွန်မ သူ့ကို ဖုန်းမဆက်ပဲ အိပ်ယာထဲမှာ ဘာဆက်လုပ်ရင် ကောင်းမလဲ စဉ်းစားနေခဲ့မိတယ် …။

ကျွန်မ ကြောက်မိတာ သေရမှာကို မဟုတ်ဘူး။ကျွန်မ သိပ်ချစ်ရတဲ့ ကျွန်မချစ်သူကို ကျွန်မအတွက် ခံစားပြီး ကျန်နေခဲ့ရမှာကိုပါ။ကျွန်မ အဲ့အချိန်တုန်းကလေ သူ့ရင်ခွင်ထဲဝင်ပြီး အားရပါးရ ငိုပစ်ချင်ခဲ့တာပေါ့ …။ဒါပေမယ့်လေ…ကျွန်မ ဆုံးဖြတ်လိုက်တယ်..။ ကျွန်မ အချိုးတွေ ပြောင်းလာတယ်။ သူ့အပေါ်သူ့နဲတွေ့တဲ့အခါ ကိုက်လိုက်တဲ့ ခေါင်းတွေက အပ်တွေနဲ့ တူတွေနဲ့ ထုနေသလိုကို ခံစားရတာ …။အဲ့အချိန်တွေဆို ကျွန်မ သူ့ကို ပြသာနာရှာတယ်။နင်တွေ ငါတွေ သုံးပြီးတော့ မပြောစဖူး သူ့ကိုပြောလာတယ်။အဲ့ဒီအချိန်တွေဆို သူမျက်နှာမကောင်းဘူး မျက်ရည်တွေ ဝဲတက်နေတယ် ဆိုတာ ကျွန်မ သတိထားမိတယ် …။ကျွန်မလေ သူ့ကို အဲ့လို စိတ်ထဲမပါတာတွေ ပြောမိလိုက်တိုင်းအက်စစ်နဲ့ ရင်ဘတ်ကို ပတ်သလို ခံစားနေရတာပါ …။ကျွန်မ အိမ်ကလူတွေ သိပ်မမှတ်မိချင်တော့ဘူး……………နာမည်တွေ မေ့သရောင် ရှိလာနေတယ်……………အမျိုးတွေဆို လမ်းမှာတွေ့ရင် သူတို့ လာနုတ်ဆက်ရင် မသိသလို ပြန်ကြည့်နေမိတယ် …။

အိမ်က မေမေက ကျွန်မကို မသကာၤလို့ အခန်းထဲ ဝင်ရှာတယ်။ ကျွန်မ ကျောင်းက ပြန်လာတော့ မေမေက ကျွန်မကိုပြေးဖတ်တယ် …။ငါ့ သမီးလေး…ငါ့သမီးလေး…ဆိုပြီး ဆို့နင့်ပြီး စကားပင်မပြောနိုင် ငိုနေမိပါတော့တယ် …။ကျွန်မလည်း မေမေ့ကို ဖတ်ပြီး သိုးဝှတ်ထားသမျှ ရင်ဘတ်တခုလုံးကို ဖွင့်ချလို့ အော်ငိုလိုက်ပါတော့တယ် …။မေမေ့လက်ထဲက ကျွန်မသောက်နေကျ အကိုက်ခဲပျောက်ဆေးတွေနဲ့ ဆေးစစ်ထားတဲ့ အဖြေလွှာကို ဆုတ်ကိုင်ထားတယ် …။မေမေအရင်က တားတယ်။အကိုက်ခဲ ပျောက်ဆေးတွေ အားမကိုးနဲ့ ဆေးခန်းပြပါဆို ကျွန်မ ပေတေပြီး နေတယ်။ေ ခါင်းမူးတယ် အိပ်မပျော်ဘူး ဆိုတာနဲ့ အကိုက်ခဲပျောက်ဆေးတွေ အားကိုးပြီး နေခဲ့တယ် …။အခု အဲ့ဆေးတွေက ကျွန်မနဲ့ ကျွန်မ ချစ်ရသူတွေကို သေကွဲ ကွဲစေခဲ့ပြီလေ……ဒီလိုနဲ့………ကျွန်မ အသိညဏ်တွေ ယို့ယွင်းလာခဲ့ပြီးလေ …။ကျွန်မ ကိုကို့ ကို တနေ့ တွေ့ဖို့ ချိန်လိုက်ပါတယ်။သူနဲ့ အဆက်သွယ်ဖြတ်ထားတာ ကြာပီလေ (၂)လတောင်ရှိတော့မယ် …။သူဖုန်းဆက်မှာဆိုးလို့ ဆင်ကဒ်တွေ ဖြုတ်သိမ်းထားခဲ့တယ်။

လိုင်းမတက်ပဲ အိမ်ထဲမှာပဲ ပုန်းနေခဲ့တယ်။မေမေ့ကိုလည်း သူငယ်ချင်းတွေက မေးရင် ခရီးထွက်နေတယ်လို့ ဖြေပေးဖို့ မှာထားခဲ့တယ် …။မေမေကလည်း ကျွန်မခံစားနေရတာကို သိတော့ အစစအရာရာ လိမ်ပေးခဲ့တယ် …။သူ့ကို တနေ့မှ………………မေ့မရခဲ့ဘူး။ ပြင်းထန်လာတဲ့ ရောဂါကြောင့် ကိုကို့ကို မမေ့သေးခင် ကျွန်မတွေ့သင့်တယ်လို့ ဆိုပြီး ကျွန်မ သူ့ဆီ အရဲစွန့်ပြီး ဆက်သွယ်ခဲ့တယ် …။သူနဲ့ တွေ့နေကျ ပန်းခြံမှာပဲ ချိန်းလိုက်ပါတယ်………………ကျွန်မထက် သူကအရင် ရောက်နေခဲ့တယ်။သူ့ကို မြင်မြင်ချင်း ပြေးဖတ်ချင်မိတာ အရမ်း…ပဲ။ ဒါပေမယ့် ကျွန်မ မျက်နှာကို တင်းတင်းထားပြီး …။ရှင်တောင် ရောက်နေပြီကို “လို့ ပြောလိုက်တယ်။သူကျွန်မဘက်ကို လှည့်ကြည့်တဲ့အချိန် သူ့မျက်နှာမှာ မျက်ရည်တွေနဲ့ ကျွန်မရင်တွေ ကြေမွသွားမိတယ် …။ကလေး……နေကောင်းလား စာတွေ ရနေပြီးလားတဲ့ကိုကို့ကိုတောင် ပစ်ထားပြီး စာတွေ ကြိုးစားနေတာဆိုတော့ ငါ့ကလေးက စာတွေ အရမ်း……ပိုင်နေမှာ သေချာနေတယ် တဲ့ လေ …။

သူ့ကို အဆက်သွယ်မဖြတ်ခင် ကျွန်မသူငယ်ချင်းတွေနဲ့ သူ့ကို ပြီးစလွယ် မှာခဲ့တာရှိတယ်လေ …။ကျွန်မ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ စာတွေလုပ်ရမယ် ဒါကြောင့် ကိုကို့ကို အဆက်သွယ် ဖြတ်မယ်လို့ ဆိုပြီးပေါ့…ကျွန်မ မငိုမိအောင် အားတင်းလိုက်တယ် …။သူအရမ်းပိန်သွားတယ်။မျက်တွင်းတွေ ချိုင့်နေတယ် နှုတ်ခမ်းတွေလည်း ဖြူဖတ်နေတာပဲ..။ ကျွန်မ ဘာမှမပြောပဲ သူ့မျက်နှာကို စိုက်ကြည့်နေလိုက်တယ် …။ပြီးမှ…….ကိုကို ကျွန်မကို မေ့လိုက်တော့ ဆိုပြီး စပြောလိုက်တယ် …။ကျွန်မ……ရှင်နဲ့ ဆက်မတွဲနိုင်တော့ဘူး……ရှင့်ကြောင့် ကျွန်မ အချိန်တွေ အကုန်မခံနိုင်ဘူး………ရှင်က ကျွန်မဘဝအတွက် အထောက်အကူ မဖြစ်စေဘူး …။ကျွန်မ ရှင့်ကို စိတ်ကုန်ခဲ့တာ ကြာနေပြီး……စိတ်မပါပဲ …တွဲနေရတာ ကျွန်မ အရမ်းပင်ပန်းနေပါပြီ……ဒါကြောင့် ရှင့် အဝေးဆုံးကို ထွက်သွားပေးပါ လို့ ပြောလိုက်တယ် …။သူလေ လုံးဝမယုံနိုင်ဘူးထင်တယ်။ကျွန်မကို…ကလေးရယ်……………မနောက်ပါနဲ့…ကလေးပစ်ထားခဲ့တဲ့ (၂) လမှာ ကိုကိုသေမတက် ခံစားခဲ့ရတာပါ …။

ကလေးကို ဆက်သွယ်ချင်ပေမယ့် ကလေးစိတ်အနှောက်ယှတ် ဖြစ်မှာဆိုးလို့ ကိုကိုအဆက်သွယ်တောင် မလုပ်ခဲ့ပါဘူး …။(only me)နဲ့ ကလေးကိုလွမ်းတိုင်း စာတွေ ရေးထားတာ အများကြီးပဲ ကလေးရယ် ကို့ကို မနောက်ပါနဲ့ ကွာဆိုပြီး ဖတ်မလို့ လက်ကို ကမ်းလိုက်တဲ့အခါ ကျွန်မ ခါးခါးတီးတီး သူ့လက်ကို ဖယ်ထုတ်လိုက်တယ် …။ကျွန်မ………အသားကို မထိနဲ့ ဆိုပြီးသူ အရမ်းအံ့သြသွားတယ်။ကျွန်မ တရစပ် သူ့ကိုပြောလိုက်တယ် …။ငါ့……အနားက နင်ထွက်သွားပေးပါ ငါနင့်ကို ……မလိုအပ်တော့လို့ပါ………နင့်ရဲ့ ……ချုပ်ချုယ်မှုတွေကို ငါမုန်းနေပီ……ငါ့ကို လွတ်လပ်ခွင့် ပေးပါ …။နင့်……လမ်းနင်လျှောက်ပါတော့ လို့ အော်ငိုပြီး မောင်းထုတ်ပစ်လိုက်တယ်………သူ……ကျွန်မငိုနေတာကို သူမကြည့်ရင်တော့လို့ …။အင်ပါ………မင်းမငိုပါနဲ့ ငါထွက်သွားပေးပါ့မယ်……ငါနားလည်ပါပြီး……မင်ပျော်ရွှင်ဖို့……မင်းဖြစ်ချင်တာ ဖြစ်ရဖို့ ငါထွက်သွားပေးပါ့မယ် ဆိုပြီး သူကျွန်မနဲ့ ဆန့်ကျင်ဘက်အရပ်ကို လှည့် ထွက်သွားခဲ့ပါတယ် …။တစ်စတစ်စ ဝေးကွာသွားတဲ့ သူ့ကျောပြင်ကို မျက်စိတဆုံး ကျွန်မ ငေးကြည့်ရင်း ရူးမတက် ကျွန်မ ငိုကြွေးနေမိတယ် …။

အတွေးတွေ ထဲမှာ အရင်က ကိုကိုနဲ့ကျွန်မ စနောက်တိုင်း ပြောခဲ့ဖူးကြတဲ့ စကားတချို့ ပြန်ကြားယောင်နေမိတယ်……ကိုကိုနဲ့……ကလေးအခုလိုတွေ ချစ်နေမိတာ မကောင်ဘူးနော် …။အရမ်း……ချစ်နေရင် သေကွဲ ဒါမှမဟုတ် ရှင်ကွဲ ကွဲရတက်တယ်………ကိုကိုရဲ့ ဆိုပြီး ကျွန်မ စနောက်တိုင်း ကိုကိုက မဟုတ်တာ……မပြောနဲ့ ပေါက်ကရတွေ ဆိုပြီး ကိုကို စိတ်တိုခဲ့ရတာလေးတွေပါ …။ခုတော့ …ဒီစကားတွေ တကယ်ဖြစ် လာပြီး ကိုကိုရယ်…ကျွန်မအတွေးတွေ ရပ်ပြီး အမြင်တွေ ဝေဝါးလာပြီး …… ကျွန်မ ခေါင်းတွေအရမ်း ကိုက်ခဲ့လာပြီး မရတော့ဘူး…… ကျွန်မ မျက်လုံးထဲ အမှာင်ရိပ်တွေ လွှမ်းသွားခဲ့ပြီ …။ကျန်မ……… အဖြူရောင်… အခိုးငွေ့တွေ ကြားမှာ မျောလွှင့်နေတယ် အဲ့အချိန် ကိုကို့ကို ဖျက်ကနဲ တွေ့လိုက်တယ် ကျွန်မ ကို့ကို ကို အော်ခေါ်နေတယ် …။ကိုကို ကျွန်မကို ပြုံးပြီး လှည့်ကြည့်နေတယ်…..ကိုကိုဆီ ပျော်ပြီး ကျွန်မ ကလေးတစ်ယောက်လို ပြေးလိုက်တယ်………ကိုကို ရုတ်တရတ် ပျောက်ကွယ်သွားခဲ့ပါတယ် …။အဲ့အချိန် ကျွန်မ ကိုကို ဆိုပြီး ကလေးတစ်ယောက်လို့ လိုက်အော်ခေါ်လို့ ကိုကိုပြန်လာပါတော့ဆိုပြီး ငိုနေမိတယ် …။

ဒါပေမယ့် ………ကိုကိုမရှိတော့ဘူး ။ ကျွန်မ အသားကုန် အော်ဟစ်ပြီး အော်ခေါ်နေမိတယ် ကိုကို ကျွန်မဆီ ပြန်လာဖို့…ကျွန်မ …………လန့်နိုးလာတယ် ကျွန်မ သတိရလာတော့ ဆေးရုံမှာ သတိလစ်နေတာ (၃) ရက်ရှိနေပြီးတဲ့ …။အော်………ငါအိမ်မက် မက်နေတာကို !!!!!!!မေမေက… ကျွန်မအနားမှာ ရှိနေတယ် …။ပြီးတော့………ကျွန်မ မမှတ်မိတော့တဲ့ လူ လေးငါးယောက်လောက် ကျွန်မ ကုတင်နားမှာ မျက်ရည်စတွေနဲ့…………ရပ်နေကြတယ်။မေမေကလွဲပြီး……ကျန်တာ ဘယ်သူ့ကိုမှ ကျွန်မ မမှတ်မိတော့ဘူး …။အဲ့လူတွေထဲက ကျွန်မနဲ့ သက်တူရွယ်တူ မိန်းခလေးတစ်ယောက်က နင့်……ကိုကို ဆုံးပြီးတဲ့ …။နင့် အတွက် ………စာလေးတစ်စောင် ပေးသွားတယ် “တဲ့ ဆိုပြီး ကျွန်မ လက်ထဲ စာတစ်စောင် ကမ်းပေးလာတယ် …။ကျွန်မ အသက်ရူတွေ ခဏရပ်သွားတယ်…မဖြစ်နိုင်ဘူး ဘာလို့ ကိုကိုက သေရမှာလဲ………သေရမဲ့ သူကငါလေ……ငါပဲဟာ ဆိုပြီး ကျွန်မ အော်ဟစ်နေတာကို မေမေမကြည့်ရက်တော့လို့ အခန်းအပြင် ကို ထွက်သွားတယ် …။

ကျွန်မ.… မယုံကြည်နိုင်လောက်အောင်ကို ဖြစ်နေမိတယ်…ကိုကို့ သူငယ်ချင်း လို့ ထင်ရတဲ့ မိန်းခလေးနဲ့ အကိုကြီးတစ်ယောက်က….နင့်……ကို စိတ်ဆင်းရဲမှာစိုးလို့ ငါ့ သူငယ်ချင်းက ဖွင့်မပြောခဲ့တာ……သူ့မှာ အစာအိမ် ကင်ဆာ ဖြစ်နေတာ ကြာပြီဟ…နင့်…သူ့ကို အဆက်သွယ် ဖြတ်ထားတုန်းက သူအရူးတစ်ယောက်လို တမ်းတနေခဲ့ရတာ ………ဆိုပြီး ငိုသံပါပါကြီးနဲ့ ပြောပြတယ် …။ကျွန်မစာအိတ်ကို ဖွင့်ဖတ်လိုက်တော့……………စာထဲမှာကလေး……(fb wall)မှာ ကိုကို နောက်ဆုံးအနေနဲ့ စာတင်ထားတယ်…ကလေးကြည့်လိုက်ပါ ..။ကလေးဒီစာကို ဖတ်နေတဲ့အချိန် ကိုကိုကလေးအနားမှာ……ရှိနေတော့မှာ မဟုတ်ဘူး……ဒါကြောင့် ကိုကိုတောင်းပန်ပါတယ်…ကလေးရေ တဲ့ …။ကျွန်မ ကပျာကယာ လိုင်းဖွင့်ပြီး ကျွန်မwall ထဲဝင်ကြည့်လိုက်တော့ only meကတင်ထားတဲ့ စာတွေ အများကြီးတွေ့လိုက်ရတယ်…အဲ့မှာ ကျွန်မစာတွေ ဖတ်ကြည့်လိုက်တော့ ကိုကိုက…ကလေးဖြစ်ချင်တဲ့ ဘဝကိုရဖို့ ဆက်လက်ကြိုးစားပါ…ကိုကိုက ကလေးအတွက် အမိူက်ဖြစ်နေခဲ့မှန်သိရင် အစောကတည်းက လက်လွတ်ခဲ့မှာပါ …။

အခုတော့ ကိုကိုရဲ့ နောက်ဆုံးအချိန်မှာ……… ကလေးမျက်ရည်ကို ကိုကိုတွေ့ခဲ့ရတယ်……ကိုကို ကလေးအပေါ် မကောင်းဘူးကွာ တဲ့ …။ကျွန်မ အသံ ထွက်ပြီး……အော်ငိုပစ်လိုက်တယ် ကိုကိုရယ် ဆိုပြီး………ကျွန်မ စာကိုဆက်ကြည့်တယ် …။ကလေး……ကိုကို ခရီးထွက်ဦးမယ်…စောင့်နေနော်ကလေး အနား မှာ …အမြဲတမ်းရှိနေမယ် ကလေး ကိုကို့ကို လမ်းခွဲနိုင်တာ…… တကယ်တော် ပါပေ့တယ် ကိုကိုပြန်လာရင် …………ဆုချမယ်နော် …။ကလေး အတွက် …ကိုကို မလိုအပ်တော့ဘူးလို့ ပြောပေးလို့ ကိုကိုအခု စိတ်ချရပြီးလေအရမ်း ……ချစ်တယ် ကလေးရယ်တဲ့ …။

ကျွန်မ…ထက် ကိုကိုအရင်သွားပြီးပေါ့……………ကျွန်မ စာအဆုံးထိဖတ်ပြီးတာနဲ့……မှောင်မိုက်တဲ့ အရိပ်တစ်ခုအောက် ရောက်ရှိ သွားခဲ့တယ် …။နားထဲမှာ………မေမေ့ရဲ့ ငိုသံ……လူတွေ ကျွန်မ နာမည်ကို အော်ခေါ်သံ ကျွန်မနားထဲ ကြားတချက် …မကြားတချက်နဲ့ မသဲကွဲတော့ဘူး …။ကမ်းခြေလေးတစ်ခု သဲသောင်ပြင်မှာ ကျွန်မ လမ်းလျှောက်နေမိတယ်………………… အဲ့အချိန် ကျွန်မကို တစ်စုံတစ်ယောက်က နောက်က သိုင်းဖတ်လိုက်သလို ခံစားလိုက်ရတယ် …။ကျွန်မ လှည့်ကြည့်လိုက်တော့ “ကိုကို” ကျွန်မ ကိုကို့ ရင်ခွင်ထဲ တိုးဝင်လိုက်တယ် …။ဒီတခါ …သူကျွန်မအနားက ဘယ်တော့မှ ပျောက်ကွယ်မသွားတော့ဘူးဆိုတာ……ကျွန်မ စိတ်က အလိုလိုသိနေပြီးလေ …။ကိုကို ပြုံးပြီး ကျွန်မကို ကြည့်နေတယ်………… ကျွန်မတို့ ဒီတခါ ဆုံဆည်းရပြီးပေါ့နော် …။

©ချစ်သောသူတိုင်း ပေါင်းဖတ်ရပါစေ …။ ။

Be the first to comment

Leave a Reply

Your email address will not be published.


*