လှိုင်သာယာ ကိုဗစ်စင်တာမှာ ပိုးတွေ့လူနာတွေရဲ့ ဖုန်း (၅) လုံး တပြိုင်နက် အခိုးခံရတဲ့ အဖြစ်

မနေ့ညက စင်တာထဲလူစိမ်းတစ်ယောက် ည၂နာရီကျော်ကျော်လောက်ကဝင်လာပြီးဒုတိယအလွှာက အမျိုးသမီး ၅ယောက်ရဲ့ ဖုန်း၅လုံးကို တစ်ချိန်း
တည်းမသွားတယ် ။စင်တာရဲ့အမြင့်နဲ့ အရှေ့ကပဲတက်တက် ၊အနောက်ကပဲတက်တက် ဘယ်လိုမှတက်လို့မရနိုင်ပါဘူး။
စည်းရိုး ကာထားတာကလည်းအမြင့်ကြီးပဲ ။


ဝင်ပေါက်မှာလည်း ရဲ ၊မီးသတ်တွေက အလှည့်ကျလူငယ်တွေမို့ ညတာဝန်ကျသူများက မအိပ်ကြပါဘူး ။ မီးကလည်း ထွန်းထားတာ စင်တာတစ်ခုလုံးလင်းလို့ ၊ထိန်လို့ ။ရဲကိုအကြောင်းကြားပြီး စင်တာတစ်ခုလုံးတစ်ယောက် မကျန်စစ်ဆေးတာတွေလုပ်ပါတယ် ။ဝင်လာတဲ့လူစိမ်းကို ကျူဝင်နေတဲ့ကောင်မလေးတစ်ယောက်က မြင်ပါတယ် ။ ဖုန်းကိုယူနေတာကအစ ယူပြီးထွက်သွားတဲ့အဆုံး မြင်တယ် ။

ခက်တာကသူတို့အခန်းက ညကတစ်ခန်းလုံး မီးပိတ်အိပ်ကြတယ် ။ လျှောက်လမ်းမှာထွန်းထားတဲ့မီးကြောင့် လူလုံးမသဲမကွဲပဲ မြင်ရတယ်လို့ပြောပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ညကသူတို့အခန်းကတံခါးမကြီးတွေ ပိတ်ထားပေမဲ့ ပြုတင်းပေါက် းတစ်ပေါက်ကိုပိတ်ဖို့ မေ့ခဲ့ပါတယ် ။လူစိမ်းက အဲ့ဒီအပေါက်က
နေဝင်လာတာပါ ။

ဘယ်ကဘယ်လိုပြန်ဆင်းတယ်ဆိုတာတော့သူလည်းမသိပါဘူး ။ ကြောက်ကြောက်နဲ့ ငြိမ်နေလိုက်တယ်လို့ ပြောပါတယ် ။နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ကျူဝင်နေသူတွေပါ တစ်ယောက်မကျန် အားနာစွာ အကုန်စစ်ထားတာပါပဲ။ပျောက်သွားတဲ့ ဖုန်းအမျိုးအစားတွေကအစ စရင်းပေးလိုက်ပါတယ် ရကိန်းတော့ မမြင်ပါဘူး ။

စင်တာက Volunteer တွေအားလုံးစိတ်မကောင်းအတော်ဖြစ်ရပါတယ် ။ကျနော်တို့လည်း အပြစ်မကင်းဘူးရယ်လို့ခံစားမိပါတယ် ။ဒါနဲ့ ကျူဝင်သူတွေအားလုံးကလည်း ဒီလိုတော့မဖြစ်မခံပါဘူးပြောပြီး လူတစ်ယောက်စီ နိုင်သလောက်ပိုက်ဆံလေးတွေစုကြမယ်လို့ ပြောပါတယ် ။ ။အခုတော့ သူတို့ငါးယောက်လုံး ဖုန်းလေးတွပြန်ရပါပြီ ။ ပျောက်သွားတဲ့ ဖုန်းလောက်တော့ဘယ်ကောင်းပါ့မလဲလေ ။ဒါပေမဲ့ တန်ဖိုးရှိပါတယ် ။အားလုံးပေါင်းစုထားတဲ့ ကာယကံမြောက်စေတနာတွေပါတာမို့ ဝမ်းသာရပါတယ် ။

စိတ်ပူတာက ဖုန်းခိုးသွားတဲ့ လူစိမ်းဟာ Positiveတွေနေတဲ့အခန်းထဲ နေပြီး ၊ သူတို့ကိုင်ထားတဲ့ဖုန်းတွေကို ယူသွားတာကြောင့် သူပါရောပြီး ကူစက်ခံရမှာကိုပါ ။ဒီညကစပြီး ပုံမှန် ရဲ၊မီးသတ်တွေအပြင် Volunteerတွေပါ အလှည့်ကျ အိပ်ပြီးကင်းစောင့်ဖို့ စီစဉ်ထားပါတယ် ။ ကျုဝင်သူများကိုလည်းသတိပေးထားပါတယ် ။

မောင်မင်းကြီးသား ကျန်းမာပါစေမိသားစုလည်း ဘေးကင်းပါစေဗျာ။

 

Ko Zay Ko Ko

Be the first to comment

Leave a Reply

Your email address will not be published.


*