
ရေစိမ်လိုက်ရင် ပွတက်လာတတ်တဲ့ အရောင်လှလှလေးတွေနဲ့ အလုံးဝိုင်းဝိုင်းလေးတွေကို သိကြမှာပါ။ တကယ်တော့ ဒါဟာ ကလေးငယ်တွေကို သေစေတဲ့အထိအန္တရာယ်ရှိပါတယ်။
တရုတ်ပြည်အှ လင်မယားစုံတွဲတစ်တွဲဟာ သူတို့ရဲ့သမီးငယ်လေးကို Polymer Balls လို့ခေါ်တဲ့ ဒီအလုံးထုပ်လေးကို သကြားလုံးအထင်နဲ့ ဝယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကလေးငယ်ရဲ့မိခင်က အလုံးလေးတစ်လုံးစမ်းစားကြည့်ပြီးတဲ့အချိန်မှာ ဒါဟာ သကြားလုံး၊ အချိုမုန့်မဟုတ်ဘဲ Polymer Balls တွေဖြစ်နေကြောင်းကို သိခဲ့ရပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ သူတို့ရဲ့သမီးငယ်လေးဟာ အထုပ်တစ်ဝက်နီးပါးစားပြီးသားဖြစ်နေပါပြီ။
ဒါနဲ့ပဲ အဆိုပါလင်မယားဟာ ကလေးငယ်ကို ဆေးရုံကိုခေါ်သွားပြီးဓာတ်မှန်ရိုက်တဲ့အခါ ဗိုက်ထဲမှာ Polymer Balls တွေ ပွတက်နေတာကိုတွေ့ရပါတယ်။ ဒါနဲ့ပဲ ကလေးငယ်ကိုခွဲစိတ်မှုအမြန်လုပ်ပြီးကယ်တင်ခဲ့ရပါတယ်။
Polymer Balls ဟာ ကလေးငယ်တွေအတွက် ကစားစရာတစ်ခုအနေနဲ့ထုတ်ထားတဲ့ပစ္စည်းဖြစ်ပြီး ရေအင်မတန်စုပ်ပါတယ်။ ရေထဲမှာစိမ်ထားတဲ့အခါ ပွတက်လာပြီူ သက်ဆိုင်ရာအရောင်အတိုင်း လုံးလုံးဝိုင်းဝိုင်းလေးဖြစ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အင်မတန် အန္တရာယ်များပြီး ကလေးငယ်တွေအတွက် စားစရာနဲ့မှားနိုင်ပါတယ်။
Leave a Reply