ကိုဗစ်ကြောင့် ကြွေလွင့်သွားရတဲ့ ပရဟိတ သူရဲကောင်းတဦး ( လူနာအမှတ် ၁၄၉၁ )

ကိုဗစ်ကြောင့် ကြွေလွင့်သွားရတဲ့ ပရဟိတ သူရဲကောင်းတဦးလူနာအမှတ် ၁၄၉၁ ကုသိုလ်များစွာပြုသူမို့ အကြွေစောလို့ နှမြောမိပါသည်

သူကိုယ်တိုင် သိက္ခာထပ်ပေးခဲ့တဲ့ သံဃာတွေ သူ့ရုပ်အလောင်းကို သရဏဂုံတင်ဖို့ စောင့်နေကြတယ် သူကိုယ်တိုင် လှူဒါန်းခဲ့တဲ့ နိဗ္ဗာန်ယာဉ်တွေ သူ့ရုပ်အလောင်းကို တင်ဆောင်ရမလားမျှော်နေကြတယ်။


သူကိုယ်တိုင် ရဟန်းဘောင်သွင်းပေးခဲ့တဲ့ သာမဏေလေးတွေ သူလောင်းလှူမယ့်ဆွမ်းကိုစောင့်နေကြတယ် သူကိုယ်တိုင် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဓမ္မာရုံကြီးက ရေစက်ချမသွားလို့ အလှူ့ရှင်ကြီးကိုမျှော်နေတယ်။

သူကိုယ်တိုင် ခင်းခဲ့တဲ့ ရပ်ကွက်ထဲကလမ်းသွယ်တွေက သူ့ဆိုင်ကယ်သံကြမ်းကြမ်းကို နားစွင့်နေကြတယ် သူကိုယ်တိုင် ဆုံးမသွန်သင်ခဲ့တဲ့ ရပ်ကွက်ထဲက ဇိုးလေးတွေ သူ့ကို တောင်းပန်ဖို့ စောင့်နေကြတယ် First wave မှာလို ဆန်နှစ်ပြည် ဆီတစ်ဗူး အိမ်ပေါက်စေ့ လှူမလားလို့ ရပ်ကွက်က စောင့်နေကြတယ်။

 


သူကိုယ်တိုင် လစဉ်ကူညီနေတဲ့ မိသားစုအချို့ ဒီလ ဘယ်လောက်စွန့်ကျဲမလဲ စောင့်နေကြတယ် သူကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ မိသားစုလေး ရင်ဘတ်စည်တီးငိုကြွေးခွင့်မရ PPE ဝတ်စုံတွေကြားမှာ နောက်ဆုံးခရီး လက်အုပ်ချီပြီး ပရိဒေဝမီးတွေ တောက်လောင်နေလေရဲ့ ။

လာမယ့် သီတင်းကျွတ်မှာ မီးမလင်းရင် လာမယ့် တပို့တွဲမှာ ထမဲနဲအိုးတွေ မီးခိုးမထွက်ရင် လာမယ့် တန်ခူးမှာ ပိတောက်တွေ တစ်‌ကြော့ပြန် ပွင့်လို့ ဖိုးအော်ရော လို့ မေးလာရင် ကိုဗစ်ရေ မင်းကိုယ်တိုင်လာဖြေပေးလိုက်ပါ။

crd- မောင်မှူး

zawgyi version

 

ကိုဗစ္ေၾကာင့္ ေႂကြလြင့္သြားရတဲ့ ပရဟိတ သူရဲေကာင္းတဦးလူနာအမွတ္ ၁၄၉၁ ကုသိုလ္မ်ားစြာျပဳသူမို႔ အေႂကြေစာလို႔ ႏွေျမာမိပါသည္

သူကိုယ္တိုင္ သိကၡာထပ္ေပးခဲ့တဲ့ သံဃာေတြ သူ႔႐ုပ္အေလာင္းကို သရဏဂုံတင္ဖို႔ ေစာင့္ေနၾကတယ္ သူကိုယ္တိုင္ လႉဒါန္းခဲ့တဲ့ နိဗၺာန္ယာဥ္ေတြ သူ႔႐ုပ္အေလာင္းကို တင္ေဆာင္ရမလားေမွ်ာ္ေနၾကတယ္။
သူကိုယ္တိုင္ ရဟန္းေဘာင္သြင္းေပးခဲ့တဲ့ သာမေဏေလးေတြ သူေလာင္းလႉမယ့္ဆြမ္းကိုေစာင့္ေနၾကတယ္ သူကိုယ္တိုင္ ေဆာက္လုပ္လႉဒါန္းခဲ့တဲ့ ဓမၼာ႐ုံႀကီးက ေရစက္ခ်မသြားလို႔ အလႉ႔ရွင္ႀကီးကိုေမွ်ာ္ေနတယ္

သူကိုယ္တိုင္ ခင္းခဲ့တဲ့ ရပ္ကြက္ထဲကလမ္းသြယ္ေတြက သူ႔ဆိုင္ကယ္သံၾကမ္းၾကမ္းကို နားစြင့္ေနၾကတယ္ သူကိုယ္တိုင္ ဆုံးမသြန္သင္ခဲ့တဲ့ ရပ္ကြက္ထဲက ဇိုးေလးေတြ သူ႔ကို ေတာင္းပန္ဖို႔ ေစာင့္ေနၾကတယ္ First wave မွာလို ဆန္ႏွစ္ျပည္ ဆီတစ္ဗူး အိမ္ေပါက္ေစ့ လႉမလားလို႔ ရပ္ကြက္က ေစာင့္ေနၾကတယ္။
သူကိုယ္တိုင္ လစဥ္ကူညီေနတဲ့ မိသားစုအခ်ိဳ႕ ဒီလ ဘယ္ေလာက္စြန႔္က်ဲမလဲ ေစာင့္ေနၾကတယ္ သူကိုယ္တိုင္ တည္ေဆာက္ခဲ့တဲ့ မိသားစုေလး ရင္ဘတ္စည္တီးငိုေႂကြးခြင့္မရ PPE ဝတ္စုံေတြၾကားမွာ ေနာက္ဆုံးခရီး လက္အုပ္ခ်ီၿပီး ပရိေဒဝမီးေတြ ေတာက္ေလာင္ေနေလရဲ႕

လာမယ့္ သီတင္းကြၽတ္မွာ မီးမလင္းရင္ လာမယ့္ တပို႔တြဲမွာ ထမဲနဲအိုးေတြ မီးခိုးမထြက္ရင္ လာမယ့္ တန္ခူးမွာ ပိေတာက္ေတြ တစ္‌ေၾကာ့ျပန္ ပြင့္လို႔ ဖိုးေအာ္ေရာ လို႔ ေမးလာရင္ ကိုဗစ္ေရ မင္းကိုယ္တိုင္လာေျဖေပးလိုက္ပါ။

crd- ေမာင္မႉး

Be the first to comment

Leave a Reply

Your email address will not be published.


*