MLဟီးရိုးတွေကမကြီးရဲ့အိုက်တင်တွေကိုအတုခိုးထားပါတယ်ဆိုတဲ့စိုးမြတ်သူဇာ

သရုပ်ဆောင် စိုးမြတ်သူဇာ က ကိုဗစ်ကာလအစ Stay Home ကတည်းကအိမ်မှာနေရင်း ဂိမ်းဆော့ပြီး နေ့တစ်နေ့တာကို ဖြတ်သန်းလျက်ရှိပါတယ်။

ဂိမ်းကိုချစ်ခင်မြတ်နိုးစွာဆော့လာခဲ့တဲ့မကြီးစိုး( စိုးမြတ်သူဇာ)  ကတော့သူဆော့ဖြစ်နေတဲ့ ML ဂိမ်းနဲ့ပတ်သက်ပြီးအမြင်ကို သူ့ရဲ့လူမှုကွန်ယ က်စာမျက်နှာပေါ်ကနေ “အခုတော့ မပြောပဲ မနေနိုင်လို့ ပြောလိုက်တော့မယ်။

ML ကမကြီးကို ဂလိုရီ မရောက်အောင်ညစ်ထားပေမယ့် ဟီးရိုးတွေကတော့ မကြီးအိုက်တင်တွေကို  အတုခိုးထား တယ်ဆိုတာလေ ပြောရင်လွန်မှာစိုးလို့ပုံနဲ့တကွ ယှဉ်ချပြလိုက်ပြီမယုံရင်ကြည့်လိုက်ကြ ပါကုန်။

 ပုံတိုင်းမှာ Caption နဲ့သေချာဖတ်ကြည့်ဟိ (ငါ့တော့တရားမစွဲလောက်ဘူးထင်တာပဲ)”လို့ ဆိုပြီး ချစ်တဲ့ပရိသတ်ကြီးကို စနောက်ရေးသားပြောဆိုခဲ့ပါတယ်။

အနုပညာဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စိုးမြတ်သူဇာ ကတော့ လတ်တလောကာလမှာ အလှူ တွေလုပ်ဖြစ်သလို အွန်လိုင်းကနေလည်းLive လွှင့်ဈေးရောင်းခြင်းအလုပ်လုပ် ဖြစ်ကာ ယနေ တိုင်ပရိသတ်များရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*