ကြည့်ကောင်းလွန်းတဲ့ရုပ်ရည်ကြောင့် အမျိုးသမီးထုကြီးရဲ့ လိုက်လံရှာဖွေခြင်းကိုခံနေရတဲ့ ရဲအရာရှိလေး

၂၀၂၀ပြည့်နှစ် မတ်လအစောပိုင်းလောက်ကမှ မလေးရှားနိုင်ငံရဲ့ Movement Control Order(MCO)အဖွဲ့လက်အောက်ကို ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ပြီး ကြည့်ကောင်းတဲ့ရဲသားတစ်ဦးဟာ ပြည်သူတွေကို ရောဂါအတွင်း ဂရုတစိုက်နေထိုင်ဖို့ တိုက်တွန်းခဲ့ပြီးနောက် social media မှာ အမျိုးသမီးထုကြီးရဲ့အသည်းစွဲဖြစ်လာခဲ့ပါတယ်။

မကြာသေးမီက OG Weeအမည်ရှိတဲ့အဆိုပါရဲဟာ နိုဝင်ဘာ ၁၁ရက်နေ့ မလေးရှားနိုင်ငံမှာ ခရီးသွားလာခွင့်ကန့်သတ်ခြင်းအမိန့်တွေပြန်ကျလာတော့”သွားလာခွင့်ပိတ်ပင်တဲ့နေ့ပြန်ရောက်လာပြီ၊မေးခွန်းမေးမြန်းခံရဖို့ readyဘဲလား”ဆိုတဲ့postတစ်ခုတင်ခဲ့ပြီး အင်တာနက်သုံးစွဲသူတွေဆီက တုံ့ပြန်ချက်များစွာရရှိခဲ့ပါတယ်။

တုံ့ပြန်ချက်အများစုက ရှေ့တန်းရဲတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် သူ့ကိုကျေးဇူးတင်စကားဆိုထားကြပြီး အခြားသူတွေကတော့ သူ့ရဲ့လမ်းပိတ်ထားတဲ့နေရာကို သိရဖို့ အတော်လေးစိတ်အားထက်သန်နေခဲ့ကြပါတယ်။”နင်ဘယ်မှာရှိနေတာလဲ၊နင်မေးမြန်းတာကို ခံချင်တယ်၊ဒါမဲ့ ငါ့ကိုတော့ ဖြတ်ပိုင်းမပေးလိုက်နဲ့

နင့်မေးခွန်းကို ဖြေပေးဖို့ readyဘဲ ဘယ်မှာလဲ ငါအရောက်လာခဲ့မယ်”လို့ သူ့ကို အတော်လေးတွေ့နေတဲ့လူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။ဒါ့အပြင်”ငါဒီမှာ နင့်ကိုစောင့်နေတယ် ဖြတ်ပိုင်းအစား နင့်ဖုန်းနံပါတ်ပေးပါ့လား”၊”မေးခွန်းတစ်မျိုးတည်းလား ခန္ဓာကိုယ်ရှာဖွေရေးလည်း ပူးပေါင်းပေးနိုင်တယ်နော်”။

“နင့်ရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်တယ် စကားမစပ် ရည်းစားရှိလား”စတဲ့ မှတ်ချက်တွေနဲ့ အမျိုးသမီးထုကြီးကတော့ ဖြစ်ပျက်နေခဲ့ကြပါတယ်။ဓာတ်ပုံတင်ပြီး မကြာတော့ OG Weeဟာ သူလက်ခံရရှိတဲ့မှတ်ချက်တွေက ကိုင်တွယ်ဖြေရှင်းရခက်လွန်းတယ်လို့ ပြန်ဖြေခဲ့ရပါတယ်။OG Weeက Sarawak ပြည်နယ်

Kuchingမြို့မှရဲတစ်ဦးဖြစ်ပြီး အခုလက်ရှိ Johorမြို့ရှိ Batu Pahat ရဲစခန်းမှာအလုပ်လုပ်နေတာပါ။သူဟာ အခြေအနေလှုပ်ရှားမှုထိန်းချုပ်ရေးအမိန့်(CMCO)အတွင်း လမ်းပိတ်ဆို့မှုတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ရှေ့တန်းမှရဲတစ်ဦးပါ။သင်တို့ကော ရဲချောချောလေးတစ်ယောက်နဲ့ ထိပ်တိုက်ဆုံဖူးပါသလား။

Be the first to comment

Leave a Reply

Your email address will not be published.


*