“သရဲ ကို ပြန်ခြော က်မိ တဲ့ အဖြစ် အပျက်”

လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလ များကပေါ့ဗျာ။ ဘဝရဲ့ တစ်ဆစ်ချိုးအကွေ့လေးမှာ ကြုံတွေ့ ခဲ့တာလေးတွေကို ပေတ စာဖတ်ပရိတ်သတ်ကြီးကို ဝေမျှချင်တာလေးပါ။ အဲဒီတုန်းကပေါ့ဗျာ မလေးရှားနိုင်ငံရဲ့ ကွာလမ်လမ်ပူကနေ တစ်နာရီ သာသာ ကားမောင်းသွားရင်ရောက်တဲ့ ကာဂျန်း (Kajang) ဆိုတဲ့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ဖူးတယ်။ အဲဒီ့မြို့လေးမှာ ဆွန်ဂိုင်းချောက် ဆိုတဲ့ ရပ်ကွက်ကလေးကို အလုပ်လုပ်ဖို့အသွားမှာပေါ့ဗျာ။ ဇာတ်လမ်းက အဲဒီမှာ စတာပဲဗျ။ အဲဒီ့မှာ ညအိပ်ဖို့ အကြောင်းဖန်လာတယ်ဗျာ။ တကယ်က ကျွန်တော်တို့အားလုံး ပို့ဒဇင် ကမ်းခြေ (PD) မှာသွားပြီးတော့ အလုပ်လုပ်ဖို့ခရီးဆက်ရမှာဗျ။ ဒါပေမယ့် လာခေါ်မယ့် မန်နေဂျာက နောက်သုံးရက်လောက်မှအားတာရယ်၊ အတူတူ သွားလုပ်ရမယ့် တခြားသူတွေ ကိုစောင့်ရမှာရယ်က ဆွန်ဂိုင်းချောက်မှာ ၄ ညလောက်အိပ်ဖို့ ဖြစ်လာ တယ်ဗျာ။

အော် ကျွန်တော်တို့အားလုံးဆိုလို့ ဆွန်ဂိုင်းချောက် ကို ရောက်တော့ ကျွန်တော်အပါအဝင် တခြားမြန်မာ လူမျိုး နှစ်ယောက်ရယ်ပါ။ ကျွန်တော်ရယ်၊ တောင်ပေါ်သားလေး ကိုစိုင်းရယ်၊ သရဲဆိုရင် အင်မတန် ကြောက်တတ်တဲ့ ဆင်တဲ သား ကြည်မိုး (ခေါ်) ကပ္ပလီမ တို့ပေါ့ဗျာ။ ပထမညမှာ ဆွန်ဂိုင်းချောက်ကို ရောက်တော့ ကျွန်တော်တို့ကို ခဏတည်းဖို့ သူဌေးက စားသောက်ဆိုင်အပေါ်ထပ်မှာ ပေးနေတယ်ဗျ။ ပြောရအုံးမယ် အဲဒီ စားသောက်ဆိုင်က ပိတ် ထားတာဗျ။ အောက်ထပ်မှာ ဘယ်သူမှမသုံး၊ မနေပဲနဲ့ ဖုံတွေ၊ စားပွဲခုံဟောင်းတွေကို မလုံတဲ့ တံခါးကြားက အတိုင်းသားတော့ မြင်နေ ရတယ်လေ။ အပေါ်ထပ်မှာတော့ အခန်းကဟောတိုက် ပုံစံပေါ့ဗျာ။ အောက်ထပ်လှေကားကနေ တက်လာရင် ကြားမှာ တံခါးလေးတစ်ချပ်ပဲခြား တယ်ဗျာ။ ရောက်ရောက်ခြင်းညကအိပ်မယ်လုပ်တော့ ဒီလိုဘဲသုံးယောက် နံရံကို ခေါင်းထား အဝင်လှေကားဖက်ကို ခြေဆင်းပြီး အိပ်မယ်ပေါ့ဗျာ။ အဲဒီမှာ ကြည်မိုး (ခေါ်) ကပ္ပလီမက သူက ကျွန်တော်တို့ နှစ်ယောက်ကြား အလယ်မှာသူ အိပ်ပါရစေဆိုပြီး အဆိုတင်သွင်းလာလေရဲ့။

ကျွန်တော်တို့လည်း ဪ၊ အေး အိပ်ချင်လည်း အိပ်ပေါ့ကွာဆိုပြီး မောမော နဲ့ ခရီးပန်းပြီးတော့အိပ်လိုက်တာ သိုးလို့ မနက်မှနိုးတယ်ဗျာ။ ညကလူသံသဲ့သဲ့တော့ ကြားတယ်။ ဒါပေမယ့်စိတ်ထဲမှာ ဘေးအိမ်တွေက အသံတွေပဲလို့ ထင်မိ တာပေါ့နော်။ ဒါနဲ့ မိုးလင်းတော့ လဘ္လက်ရည်ဆိုင်မှာဝါးတီးသွားဆွဲကြတယ်ဗျာ။ အဲဒီမှာ စားလို့အတော် လေးကောင်း နေတော့မှ ကြည်မိုး (ခေါ်) ကပ္ပလီမက ဟေ့ရောင်တွေ ဟာဘာတွေလည်း ငါ့ကိုယ်မှာဆိုပြီးတော့ သူ့ခန္ဒာကိုယ်က အနီကွက်တွေထနေတာများဗျာ မျက်နှာမှာလည်းရှိရဲ့ မသိရင် လူတစ်ယောက်ယောက်က ပါးစပ်နဲ့ တစ်ကိုယ်လုံး အနှံ့လိုက်စုတ်ခံထားရသလို ပုံစံမျိုးနဲ့ ပါးစပ်ရာဆန်ဆန်တွေ တွေ့ရတယ်ဗျာ။

ကျွန်တော်လည်း ဟာ မင်းကိုယ်က အလတ်ဂျစ် (အင်ပြင်) ထွက်တာနေမှာပါကွာဆိုပြီးတော့ သူ အလတ်ဂျစ်ထွက် တာ လို့ပဲ ထင်မိတယ်ဗျာ။ ကိုစိုင်းလည်း ကျွန်တော်ထင်သလိုပဲထင်တယ်ပေါ့ဗျာ။ ကျွန်တော်တို့နှစ်ယောက်လုံးကလည်း အလတ်ဂျစ် (အင်ပြင်)သမားတွေဗျ။ အရက်ကလေးများနဲနဲ မသောက်လိုက်နဲ့ သောက်မိရင် တစ်ကိုယ်လုံး ကို နီရဲနေ တဲ့လူစားမျိုးတွေဗျ။ ဒီလိုနဲ့ တစ်နေကုန် နေ့လည်လျှောက်လည်ရင်းနဲ့ မုန့်စား၊ ဓာတ်ပုံရိုက်နဲ့ ညက ကိစ္စကို မေ့မေ့ ပျောက်ပျောက်နဲ့ပေါ့ဗျာ။ ဒါနဲ့ညရောက်လာတော့ အိပ်မယ်ပေါ့ဗျာ ကြည်မိုး (ခေါ်) ကပ္ပလီမ ထုံးစံအတိုင်းအလယ် ကပေါ့ဗျာ။ အဲဒီ့ဒုတိယညမှာ ကျွန်တော်လည်း ရှေ့ရေး၊ နောက်ရေးတွေ စဉ်းစားမိရင်း ည ဘက်တော်တော်နဲ့ မအိပ်ပျော် ဖူးဗျ။ ညလည်လောက်မှ မှေးကနဲတစ်ချက်ဖြစ်သွားတယ်။ ခဏပဲ ဆတ်ကနဲပြန်နိုးလာတာကိုးဗျ။ အဲဒီမှာ အောက်ထပ် ကနေ အပေါ်ထပ်ကို တက်လာ တဲ့ ခြေသံကိုစကြားရတယ်ဗျ။

ညဘက် ၁၂ခွဲလောက် လူခြေတိတ်တဲ့အချိန် ဆိုတော့ ခြေသံကြီးက အတိုင်းသားကြီးကြားနေရတယ်ဗျ။ ခြေသံက လူတစ်ယောက် အောက်ထပ်ကနေ မှန်မှန်ကြီးတက်လာနေတဲ့ ခြေသံဗျ။ တံခါးနားရောက်တော့ ခြေသံမကြားရတော့ဖူးဗျ။ ခဏလောက်နေတော့ ပြန်ဆင်းသွားတဲ့ ခြေသံကြီးကို အတိုင်းသားကြီးကြားနေရတယ်ဗျ။ ကျွန်တော်လည်း ဟိုလူတွေကို ကြည့်လိုက်တော့ ကိုစိုင်းကနိုးနေတယ်ဗျ။ ကျွန်တော့ကို မျက်ခုံးပင့်ပြတယ်။ ဘယ်လိုလဲ ဆိုတဲ့သဘောပေါ့ဗျာ။ ကျွန်တော် လည်း လမ်းပေါ်က အိမ်မှားလာတဲ့ အရက်မူးသမားတစ်ယောက်ယောက် လို့ထင်မိတယ်လို့၊ ကပ္ပလီမကတော့ ကျွန်တော် တို့နှစ်ယောက်ကြားမှာ အိပ်နေတာ များ ဟောက်သံသဲ့သဲ့တောင်ထွက်လို့ဗျာ။

ဒါနဲ့မိုးလင်းတော့ ထိုင်နေကျ လဘ္လက်ရည်ဆိုင်မှာ ထိုင်ရင်းညကခြေသံတွေအကြောင်းပြောမိတယ်။ ခဏလောက်နေတော့ ကိုစိုင်းက ဟာဆိုပြီး ဟိုကောင်ကပ္ပလီမရဲ့ မျက်နှာကိုကြည့်ပြီး အံ့အားသင့်သွားတယ်။ ကျွန်တော်လည်း သူ့မျက်နှာကို ကြည့်လိုက်တော့ အပ်ချဖို့နေရာလပ်မရှိအောင်ကို အနီကွက်တွေနဲ့ဗျာ။ သူ့ ခန္ဒာကိုယ်မှာလည်း မနေ့ကထက် ပိုဆိုး တယ်ဗျ။ နီရဲရောင်ကိုင်းနေတာပဲ။ ကပ္ပလီမလည်း သူ့ကိုယ်သူပြန်ကြည့်ပြီးတော့ မျက်စိ မျက်နှာပျက်နေတုန်း လဘ္လက် ရည်ဆိုင်ပိုင်ရှင် ထွက်လာပြီးတော့ ကျွန်တော့တို့နဲ့ လာမိတ် ဆက်ရင်း၊ မင်းတို့ဘယ်မှာနေလဲ မေးတော့ ၊ နောက်နှစ် လမ်းကျော်က စားသောက် ဆိုင်ဟောင်းအပေါ်ထပ်ပေါ့ဆိုတော့။ ဟာ မင်းတို့မကြောက်ဖူးလား အဲဒီမှာ (အန်သူ့ အဒါး) သူရဲရှိတယ်တဲ့။ ကပ္ပလီမကတော့ မလေး လိုပြောတာကိုနားမလည်လိုက်လို့ ဘာမှမသိရှာဖူး။ ကိုစိုင်းကတော့မျက်နှာက ပျက် လာပြီ။ ဒီလိုနဲ့ညရောက်လာတော့ ကိုစိုင်းနဲ့ကျွန်တော်စကားပြောဖြစ်တယ်။ ကပ္ပလီမကိုတော့ မပြောနဲ့ပေါ့နော်။

သူရဲရှိတယ် ဘာညာဆိုရင် ညဘက်ကြီး သွေးပျက်ပြီးတော့ထွက်ပြေးသွားမှာစိုးရတယ်ပေါ့။ ပြီးတော့ညကခြေသံဟာ သူခိုးလား၊ တို့ကိုဒုက္ခပေးမယ့်သူလားဆို စောင့်ကြည့်ရမယ်ပေါ့ဗျာ။ မိရင်တော့ကောင်းကောင်းတီးလွတ်မယ်ပေါ့ဗျာ။ အဲဒါနဲ့ သုံးယောက် သားတိုင်ပင်ပြီးတော့ ဒီညမအိပ်ဖူးပေါ့ဗျာ။ စောင့်မယ်ပေါ့။ မလာမချင်းပေါ့ ဗျာ။ ပြောရအုံးမယ် ကျွန်တော်တို့ သုံးယောက်မှာ ကိုစိုင်းက ဖိုက်တာဗျ။ သူက ရှမ်းသိုင်းကို ၂ဝိုင်း၊ ၃ဝိုင်း ထွက်ထားတာဆိုတော့ တော်ရုံလူ သုံး၊လေးယောက်လောက်တော့ မမူတဲ့အ စားထဲ ကဗျ။ ကျွန်တော်နဲ့ ကပ္ပလီမကလည်း ရန်ပွဲဆိုရင် လက်သွက်သွက် အစားထဲကဗျ။ ကပ္ပလီမကတော့ ချွင်းချက် လူကိုချရဲပေမယ့် သူရဲတော့ အလွန်ကြောက်အစားထဲကပေါ့ဗျာ။

ကျွန်တော်တို့ရဲ့ အကြံက ညဘက်တက်လာတဲ့သူမှာ တံခါးသော့ရှိရမယ်။ အဲဒီကောင် ငါတို့ အိပ်နေတုံး ပစ္စည်းကို ခိုး မယ်လို့ ဒါမှမဟုတ် တို့ကိုဒုက္ခပေးမယ့်သူလို့ ထင်ထားတာကို ဗျ။ ဒါနဲ့ဟုတ်ပြီ အဲဒီကောင်ဝင်လာရင် ငါတို့ဘယ်လိုမျိုး ဆော်ပလော်တီးမလဲပေါ့ဗျာ။ အဲဒီမှာ သိုင်းဆရာကြီး ကိုစိုင်းက အကြံပြုလာတယ်။ ငါတို့ သိုင်းပညာမှာ အလစ်အငိုက် ချက်ကောင်း ကို အပို င်တွယ်ရတယ်ပေါ့ဗျာ။ ဒီကောင် ညဘက်ကြီးဝင်လာမှတော့မညှာနဲ့ တီးပြစ်၊ ဘာ ညာပေါ့ဗျာ။

ဒါနဲ့ ကျွန်တော်တို့ဇတ်တိုက်ထားတာကတော့ သုံးယောက်လုံး မအိပ်ပဲနဲ့ စောင်တစ်ခု မှာပေါင်းပြီးခြုံအိပ်မယ်။ မအိပ်ပဲ စောင့်မယ်။ စောင်ထဲမှာလည်း တုတ်ကိုယ်စီနဲ့ပေါ့ဗျာ။ အကယ်၍တစ်ယောက်ယောက် အိပ်ပျော်သွားရင် လက်ကုပ်ပြီး တော့ နိုးကြေးပေါ့နော်။ မီးလည်းဖွင့်ထားမယ်ပေါ့။ ဟိုကောင်ဝင်လာရင် သုံးယောက်လုံးတစ်ယောက်လက်ကို တစ်ယောက် ၃ချက်တိတိကုပ်ပြီး တော့ စောင်ကို သုံးယောက်ပြိုင်တူခွါပြီးတော့ ဟေး လို့အော်ရင်း ဝိုင်းရိုက်မယ်ပေါ့ဗျာ။ အဟဲ ကိုယ် အကြံ နဲ့ ကိုယ်တော့ ဖြူးနေတာပဲ။

ဒီလိုနဲ့ ညဘက်ကြတော့ လာနိုးနိုးနဲ့ စောင့်နေရင် မှေးသွားရင် တစ်ယောက်နဲ့ တစ်ယောက် လက် ကုပ်ပေါ့ဗျာ။ ဒါနဲ့ စိတ်တထင့်ထင့်နဲ့ စောင့်နေတုံး ၁၂ နာရီကျော်ကျော် လောက်လဲကျရော …… ။ ဒေါက်၊ ဒေါက်၊ ဒေါက် ဟော အသံတော့စကြား ရပြီ ။ ခြေသံက လှေကားကနေ တက်လာနေသံဗျ။ မနေ့ကအတိုင်းပဲ။ ကျွန်တော်တို့လည်း လက်ကုပ်ပြီးတော့အချက်ပေးကျပေါ့။ ကြားလား။ ကြားတယ်ပေါ့။ ခြေသံကလှေကားထိပ် တံခါးဝနားမှာ ရပ်သွားတယ်။

ဘာလို့လည်းမသိဖူး တံခါးဖွင့်သံကို မကြားလိုက်ရဖူး ဒါပေမယ့် လူတစ်ယောက် ကျွန်တော်တို့ခြေထောက်နားမှာ လာပြီး တော့ မတ်တပ်ရပ်ပြီးလာငုံ့ကြည့်နေတယ်လို့ စိတ်ကနေ ခံစားလာရတယ်။ ကျွန်တော်တို့ အားလုံးလည်း သတိ ရှိရှိနဲ့ ဟောတစ်ချက် လက်ကုပ်၊ နှစ်ချက်၊ သုံးချက် လည်းရောက်ရော ဟေးဆိုပြီးအော် ရင်း စောင်ကိုခွါပြီး တုတ်ကိုယ်စီနဲ့ ဝိုင်းရိုက်ဖို့ ရန်သူကိုကြည့်လိုက်မိတယ်။ ကျွန်တော်တို့ထင်မိတာက ရန်သူက ခြေရင်းဘက်မှာပေါ့နော်။ လားလား ကျွန်တော်တို့ခေါင်းပေါ်မှာ ရောက်နေတာဗျ။ အတိအကျပြောရရင် ကပ္ပလီမရဲ့ မျက်နှာတဲ့တဲ့အပေါ်မှာဗျာ။

မျက်နှာကတစ်သက်မမေ့နိုင်စရာကြီးဗျာ။ အသက်ကြီး ကြီးမိန်းမ တစ်ယောက်ရဲ့မျက်နှာမျိုးဗျ။ ဒါပေမယ့် မျက်လုံး၊ နှာခေါင်း၊ အဲဒါတွေက ခပ်ရေးရေး ပဲဗျ။ ဆံပင်ရှည်ရှည်နဲ့ဗျာ။ စောစောကပြောသလိုမျိုး ကျွန်တော်တို့ က ဟေးဆိုပြီး အော်ရင်းထ လိုက်ကျတော့ သူလည်းခဏတော့ ကြောင် ကြည့်နေသေးတယ်ဗျ။ ကျွန်တော်နဲ့၊ ကိုစိုင်းလည်း တုတ်နဲ့ အားပါးတရ လွှဲရိုက်လိုက်တော့ ခံစားမိတာက ဖွယ်တယ်တယ် ပျော့စိစိနဲ့ ဟိုခေါင်းအုံး ထက်ပိုပျော့တဲ့ သားရေ အစားမျိုး ဗျာ။ ခဏပဲ အဲဒီဟာကြီး ဒုန်းဒုန်းဆိုပြီးတော့ နောက်ပြန် လှည့်ပြေးရောဗျာ။ ကျွန်တော်နဲ့ ကိုစိုင်းလည်း ရောင်တောင် ပေါင်တောင်နဲ့ နောက်ကနေ တုတ်နဲ့လိုက်ရိုက်မိ တယ်ဗျ။ တံခါးဝနားရောက်တော့ မိပြီအသေပဲဆိုပြီး အားရပါးရ လွှဲရိုက် လိုက်တာ လားလား ဒုံး၊ခွမ်းဆိုပြီး တံခါးကိုပဲရိုက်မိတယ်ဗျ။

ဟိုကောင်ကြီးတော့လစ်ပြီ။ ကျွန်တော်နဲ့ ကိုစိုင်းလည်း ခဏတော့ ကြောင်နေမိသေးတယ်ဗျ။ နောက်မှသေချာကြည့်မိ တော့ အခန်းတံခါးက ပိတ်ရက် သားကြီးဗျ။ တံခါးကိုဘယ်လိုလူကဖောက်ဝင်လို့ရမှာလဲ၊ ဒါ သူရဲဆိုပြီး ကပ္ပလီမ ကတော့ သတိ တက်တချက်၊ ရတချက်နဲ့ မနဲကိုခြေမချိုးပြီး နှာနှပ်ယူထားရတယ်။ ကျွန်တော် နဲ့ ကိုစိုင်းလည်း ကြက်သိမ်းတွေထ အခုမှကြောက်စိတ်ဝင်ပြီး တုတ် ကိုယ်စီကိုင်ရင်း မျက်လုံးကြောင်တောင်နဲ့ မနက်မိုးလင်းခဲ့ရတာပေါ့ဗျာ။ မနက်မိုးလင်း တော့ သူဌေးကိုဖုံးဆက် ငါတို့ဒီမှာမနေနိုင်တော့ဖူး သူရဲချောက်တယ်ပေါ့ဗျာ။

သိပ်မကြာဖူး သူဌေးရဲ့ညီရောက်လာတယ်။ မျက်နှာက စပ်ဖြဲဖြဲနဲ့။ တော်တော်သောက်ကျင့် မကောင်တဲ့ကောင်တွေဗျာ၊ နောက်မှသိရတာက အဲဒီအပေါ်ထပ်မှာ ဘယ်သူမှ မနေရဲကြောင်း၊ သူစိမ်းဆိုရင် ပိုနှေခြောတ်ကြောင်း၊ စုန်းစုပ်တတ်ကြောင်းတွေပါ။ ကျွန်တော်တို့ လည်းအဲဒိ ညနေပဲ မန်နေဂျာလာခေါ်လို့ ပို့ဒဇင်ကမ်းခြေ (PD)ကို ခရီးဆက်ခဲ့ရပါတော့တယ်။

crd : blacker

Be the first to comment

Leave a Reply

Your email address will not be published.


*