မှတ်သားစရာကောင်းပြီး ကျင့်သုံးဖို့ ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာများ

သင့်ကို နှိမ်ခဲ့တဲ့ သူကို ကျေးဇူးတင်ပါ..သူ့ကြောင့် သင်အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်ချင်လာတာပါ..သင့်အလှည့်ကျရင် နိမ့်ကျတဲ့ သူတွေကို လက်တွဲခေါ်ပါ။ သင့်ကို ကဲ့ရဲ့ခဲ့တဲ့ သူကို ကျေးဇူးတင်ပါ..သူ့ကြောင့် ကဲ့ရဲ့ခံ ရရင် ဘယ်လို ခံစားရလဲ ဆိုတာ သင်သိ ခဲ့တာပါ..သင့်အလှည့် ကျရင် ဘယ်သူ့ကိုမှ ပြန်မကဲ့ရဲ့ပါနဲ့။

သင့်ကို အရင်းနှီးဆုံး သူငယ်ချင်း အဖြစ်ပေါင်းပြီး လိမ်သွားခဲ့တဲ့ သူကို ကျေးဇူးတင်ပါ..သူက ဘဝရဲ့အရေးကြီးဆုံး သင်ခန်းစာကို သင်ပေး ခဲ့တာပါ..သူ့ကြောင့် သင်လူ တစ်ယောက်ကို မျက်စိ မှိတ်ယုံကြည်တတ်မှာ မဟုတ်တော့ဘူး..

ဒါပေမယ့် သင့်ကို ယုံကြည်တဲ့ သူကို ဘယ်တော့မှ မလိမ်ပါနဲ့။ အဲဒီ ခံစားချက်က ဘယ်လောက်ဆိုးတယ်ဆိုတာ သင်သိပြီးသားပါ..သင်အကူအညီတောင်းခဲ့ တိုင်း လှည့်မကြည့်ခဲ့တဲ့ သူတွေကို ကျေးဇူးတင်ပါ..

သူတို့ကြောင့် သင့်ကိုသင် အားကိုးတတ်လာတာပါ..သင့်အလှည့်ကျရင် သူများအခက်အခဲကို ကူညီပါ။သင့်ကို ခေါင်းပုံဖြတ် ခဲ့တဲ့ ခေါင်းဆောင်တွေကို ကျေးဇူး တင်ပါ.

.ခေါင်းပုံဖြတ်တဲ့ သူတို့က ခေါင်းရှောင်တစ်ယောက်အောက် မှာလုပ်ရတဲ့ လက်အောက်ငယ်သား တစ်ယောက်ရဲ့ ခံစားမှု မျိုးကို သင်နဲ့ မိတ်ဆက်ပေးခဲ့ လို့ပါ..သင်ခေါင်းဆောင်ဖြစ် တဲ့နေ့ သင့်လက်အောက် ငယ်သားတွေ ဘယ်တော့မှ အဲ့ဒီလို မခံစားရ ပါစေနဲ့..

သင်အလုပ်ကို အဆပေါင်း များစွာ ကြိုးစားခဲ့ပေမယ့် လစာနည်းနည်းက တိုးမပေး ခဲ့တဲ့ အလုပ်ရှင်ကို ကျေးဇူးတင်ပါ..သင်ကြိုးစား ခဲ့လို့ သင့်မှာ အရည်အချင်းတွေရှိနေရင် သင့်အတွက် အလုပ် မရှားတော့ပါဘူး..

အခွင့်အရေးပေါင်းများစွာက သင့်ရှေ့လက် တစ်ကမ်းမှာ ရောက်နေပါပြီ..သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့နေရာသို့ ပြောင်း လိုက်ပါ..သင်အလုပ် ရှင်ဖြစ်တဲ့နေ့ သင့်ရဲ့လက်အောက်မှာ လုပ်နေတဲ့ ဝန်ထမ်းတွေကို တန်ဖိုးထားပါ..

သင့်ကို ပစ်ခွာသွား သူကို ကျေးဇူးတင်ပါ..သင့်ကို တန်ဖိုးမထားသူ တစ်ယောက်ကို သင် စောစောစီးစီး သိလိုက် ရတာပါ..နောက်ကျမှသိရင် အရာရာနောက်ကျနေ ပါလိမ့်မယ်..သူ့ကြောင့် သင်နဲ့ ထိုက်တန်တဲ့သူကိုတွေ့ဖို့ လမ်းပွင့် သွားတာပါ..

သင့်ကို တန်ဖိုးထားတဲ့ လူတစ်ယောက်တွေ့တဲ့နေ့ကျ ရင်သင့်ကို သူလုပ်ခဲ့ တဲ့အမှားမျိုး ထပ်မလုပ်ပါနဲ့..အထက်မှာဖော်ပြ ခဲ့တဲ့ လူမျိုးတွေကို ဘယ်တော့မှ မမုန်းပါနဲ့..သူတို့က သင်မုန်း ရလောက်အောင် မထိုက်တန်တဲ့ သူတွေပါ..သင့်ရဲ့စိတ်ထဲက နှမ်းတစ်စေ့စာနေရာလောက် နဲ့တောင် မထိုက်တန် တဲ့သူတွေပါ..

သူတို့ကြောင့် သင့်ရဲ့ရိုးသားမှု အကျင့်စာရိတ္တတွေ ဘယ်တော့မှ ပျက်မသွား ပါစေနဲ့..သူတို့ သင့်ကိုပြုမူခဲ့တဲ့အတိုင်း သင်လည်းပြုမူမယ် ဆိုရင်သင်လည်း သူတို့လို ရွံစရာ လူမျိုးဖြစ်လာ ပါလိမ့်မယ်..

သူတို့ သင့်ကိုပြောင်းလဲနေ တာကို ဘယ်တော့မှ လက်မခံပါနဲ့..သူတို့ကြောင့် သင်ကြိုးစားတာ ဘယ်တော့မှ ရပ်မသွားစေနဲ့..သင့်ရဲ့ဖြူနေတဲ့ စိတ်ထားကို သူတို့ကြောင့် အစွန်းမခံနဲ့..ဘယ်တော့မှလည်းကလဲ့စားချေဖို့ မကြိုးစားပါနဲ့..မျက်လုံးတစ်လုံး အတွက် မျက်လုံးတစ်လုံး ဆိုတဲ့ အယူအဆက ကမ္ဘာကြီးကိုအမှောင်ကျစေ တယ်

မဟတ္တမဂန္ဓီ

Be the first to comment

Leave a Reply

Your email address will not be published.


*