ဇနီးသည် Coma ဝင်ပြီး သတိမေ့နေတဲ့အချိန် ယောက္ခမနဲ့ ဖောက်ပြန်ခဲ့တဲ့ ခင်ပွန်း

လူတွေဟာ တစ်ခါတစ်လေကျရင် ကိုယ်လုပ်ချင်တာ တစ်ခုတည်းကိုပဲ ကြည့်တတ်ပါတယ်။ ဘယ်တော့မှ တစ်ခြားသူအတွက် စဉ်းစားပေးတာမျိုးတွေဘာတွေ လုံးဝမရှိပဲ ကိုယ့်ရဲ့ စိတ်ဆန္ဒတစ်ခုတည်းကို ကြည့်တတ်ကြပါတယ်။ ကိုယ့်ကြောင့် တစ်ခြားလူဒုက္ခရောက်မှာ သိရက်နဲ့ တမင်သက်သက် လုပ်တဲ့လူတွေဟာ တိရစ္ဆာန်စိတ်သာသာရှိတဲ့ လူသားတွေပါပဲ။ အခုလည်း အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ဇနီးသည် Coma ဝင်ပြီး သတိမေ့နေတုန်းအချိန်မှာ သူ့ဇနီးသည်ရဲ့ အမေဖြစ်သူနဲ့ ဖော်ပြန်ခဲ့ပြီး နောက်ဆုံးမှာတော့ နှစ်ယောက်အတူတူ ထွက်ပြေးသွားခဲ့ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အမျိုးသမီးကတော့ Brazil နိုင်ငံရှိ Kamylla Waness Cordeiro de Melo လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Kamylla ဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ၂၀၁၃ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး သားလေးတစ်ယောက် မွေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အရောက်မှာတော့ Kamylla ဟာ Bariatric surgery လုပ်ဖို့အတွက် ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံတက်နေတဲ့ အချိန်မှာလည်း အိမ်မှာ ယောကျာ်းဖြစ်သူ ကလေးတစ်ယောက်တည်းနဲ့ အဆင်မပြေဖြစ်နေမှာ စိုးရိမ်တာကြောင့် သူမရဲ့ မိခင်ဖြစ်သူကို သွားရောက်နေထိုင်ပြီး ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီတောင်းဆိုမှုဟာ တစ်ချိန်ကျရင် Kamylla အတွက် အကြီးဆုံးအမှားတစ်ခု ဖြစ်စေခဲ့ပါတယ်။

ဒီလိုနဲ့ ခွဲစိတ်ကုသမှု ပြုလုပ်တဲ့ အချိန်မှာ Kamylla တစ်ယောက် Coma ဝင်သွားကာ ၄ လ ကျော်ကျော်လောက် သတိမေ့မျောနေခဲ့ပါတယ်။ ဒီလို ၄ လသတိမေ့နေတဲ့ အချိန်မှာ သူ့ရဲ့ ခင်ပွန်းဖြစ်သူဟာ ဆေးရုံကို နှစ်ကြိမ်သာရောက်လာတတ်ပြီး မိခင်ဖြစ်သူကတော့ လုံးဝကို ရောက်မလာခဲ့ပါဘူး။ ဒီလိုနဲ့ Kamylla တစ်ယောက် ၄ လကျော်ကြာအောင် သတိမေ့နေပြီး

ပြန်နိုးလာတဲ့အချိန်မှာတော့ Kamylla ရဲ့ ဖခင်သယ်ဆောင်လာတဲ့ သတင်းတစ်ခုကြောင့် Kamylla တစ်ယောက် အကြီးအကျယ်တုန်လှုပ်ချောက်ခြားခဲ့ရှာပါတယ်။ အဲဒါကတော့ Kamylla ရဲ့ မိခင်ဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ အတူတူ လိုက်ပြေးသွားပြီး လက်ထပ်သွားတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

“ကြားကြားချင်းမှာ တစ်ကယ့်ကို မယုံကြည်နိုင်ပဲ လူက ပြန်ပါသေချင်စိတ် ပေါက်သွားပါတယ်။ ကျွန်မနဲ့ ကျွန်မသားရဲ့ မျက်နှာကိုမှ မထောက်ပဲ လုပ်ရက်လိုက်ကြတာ။ ကျွန်မယောကျ်ားနဲ့ လိုက်ပြေးသွားတဲ့လူက တစ်ခြားလူဆိုရင် ကျွန်မဖြေသာပါသေးတယ်။ အခုကျတော့ ကျွန်မရဲ့ အမေအရင်းနဲ့တဲ့လား။ တော်တော်လေးကို လူမဆန်တဲ့ လုပ်ရပ်ပါ။ ကျွန်မချက်ချင်းဆိုသလို အဲဒီယောကျာ်းကို ကွာရှင်းခဲ့ပါတယ်။

ပြီးတော့ သူကပဲ ကလေးအုပ်ထိန်းခွင့်ကို လိုချင်တယ်ဆိုပြီး ကျွန်မကို တရားစွဲပါတယ်။ တရားရုံးက ဆုံးဖြတ်ချက်ကလည်း ကလေးကို တစ်ယောက်တစ်လှည့် အုပ်ထိန်းစောင့်ရှောက်ခွင့် ပေးတယ်ဆဲ့။ ဘာတွေက ဘယ်လိုတွေ ဖြစ်နေမှန်းမသိပါဘူး။ ကျွန်မတော်တော်လေးကို ဝမ်းနည်းပြီး ဒေါသထွက်ရပါတယ်”လို့ Kamylla က ပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*