မွေးလူနာအားဆေးရုံသို့ပို့နေရင်းနဲ့ကားပေါ်မှာထူးခြားစွာ ပထမဆုံးကလေးမွေးပေးခဲ့ရတဲ့ ဒိန်းဒေါင်တို့ချွန်တွန်းအဖွဲ့သားတွေရဲ့Video

ဟာသလူရွှင်တော် ချက်ကြီးကတော့ လတ်တလော အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် သရုပ်ဆောင် ဒိန်းဒေါင်တည်ထောင်ထားတဲ့ ” ချွန်တွန်း” ပရဟိတ အဖွဲ့မှာ လုပ်အားပေးအဖြစ် ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

သူကတော့ မွေးဖွားခါနီးတဲ့ ကိုယ်ဝန်ဆောင်သည်တွေကို ဆေးရုံသို့ တာဝန်ယူပို့ဆောင်ပေးတဲ့ ကဏ္ဍကနေ ကူညီပေးနေတာလည်း ဖြစ်ပါတယ်။

သူတို့တစ်ဖွဲ့လုံးရဲ့ ပရဟိတစိတ်ဓာတ်ကတော့ မြင်ရသူတိုင်းက မချီးကျုးဘဲ မနေနိုင်အောင်ပါပဲ။ မနေ့ညကလည်း ဒိန်းဒေါင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာလည်း ဖြစ်ပါတယ်။

ဒါကတော့ မွေးလူနာအားဆေးရုံသို့ပို့နေရင်းနဲ့ကားပေါ်မှာထူးခြားစွာ ပထမဆုံးကလေးမွေးပေးခဲ့ရတဲ့ ဒိန်းဒေါင်တို့ချွန်တွန်းအဖွဲ့သားတွေရဲ့Video လေးပဲ ဖြစ်ပါတယ်။

ဒိန်းဒေါင်ကလည်း ” ချွန်တွန်းတို့ရဲ့Luckyနတ်သမီးလေးတစ်ပါး ကားပေါ်မှာမွေးဖွားခြင်း ကျွန်တော်တို့ပရဟိတအသင်းအဖွဲ့လေးရဲ့ ကားပေါ်မှာထူးထူးခြားခြားပထမဆုံးမွေးဖွားခြင်းအတွက် ဝမ်းသာပီတိမျက်ရည်ကျမိပါတယ်ဗျာ။

၇ရက်သားသမီးများအားလုံးနှင့်အလှုရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့သအပ်ပါသည်ခင်ဗျာ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*