မူရင်းအဆိုရှင် အာဇာနည်ရှေ့မှာ ဒိုင် ၃ဦး အလွဲလွဲအမှားမှားလုပ်နေကြတဲ့အပေါ် ကြည်ဖြူရှင်ပြောပြီ

The Voice Myanmar အစီအစဉ်လေးကတော့ အရည်အချင်းစုံလင်ကြတဲ့ ပြိုင်ပွဲဝင်တွေနဲ့ ပရိသတ်အားပေးမှုရရှိထားတဲ့ ဒိုင်လေးယောက်ရဲ့ ပျော်ရွှင်ရင်ခုန်ဖို့ကောင်းတဲ့ အကဲဖြတ်မှုတွေကြောင့် နာမည်ကြီးနေတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။

 

လက်ရှိ ပရိသတ်အားပေးမှုအများဆုံးရရှိနေတဲ့ The Voice Myanmar (Season 3)ရဲ့ Blind Audition လေးမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးကတော့ အခုတလော လူပြောများတဲ့သတင်းတစ်ပုဒ်ဖြစ်လို့နေပါတယ်။ အဲ့တာလေးကတော့ ပြိုင်ပွဲဝင်တစ်ဦး

ဝင်ရောက်ယှဉ်ပြိုင်တဲ့ သီချင်းတစ်ပုဒ်ရဲ့ မူရင်းအဆိုရှင်ကိုမေ့ထားပြီး နောက်မှပြန်ဆိုထားသူ အဆိုတော်ကိုသာ နာမည်တပ်လိုက်တဲ့အတွက်ပါပဲ။ ဒိုင်လေးယောက်လုံး လှည့်ကြည့်ကြတဲ့ မူလတန်းကျောင်းဆရာလေးရဲ့ ”ညို့သောပင်လယ်၊ ဆွဲငင်သောလမင်း”ဆိုတဲ့ သီချင်းလေးဟာ ပရိသတ်ရင်ထဲရောက်ရှိပြီးသား သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကို အခုအချိန်မှာ အဆိုတော်အောင်ထက်သီဆိုထားတဲ့ version နဲ့ လူသိများကြပါတယ်။ အမှန်တော့ ဒီသီချင်းလေးရဲ့မူရင်းအဆိုရှင်တစ်ဦးဟာ The Voice Myanmar ရဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ Rဇာနည်ဖြစ်ပါတယ်။

 

ဒါကိုဂရုမပြုမိဘဲ တခြားဒိုင်သုံးယောက်ကအဆိုတော်အောင်ထက်ကိုသာ နာမည်တပ်ကြတဲ့အခါမှာတော့ ဒါရိုက်တာ ကြည်ဖြူသျှင်က မူရင်းအဆိုရှင်ကို စိတ်မကောင်းဖြစ်မိကြောင်း သူ့ရဲ့ဖေ့ဘွက်အကောင့်မှာ “ညှို့သောပင်လယ်၊ ဆွဲငင်သောလမင်း”ရုပ်ရှင်ဇာတ်ဝင်သီချင်းသီဆိုသူ မူရင်းအဆိုရှင်က” R ဇာနည် “ပါ။

ကျွန်မတို့မိသားစုပိုင် မဟာထွန်းရုပ်ရှင်ထုတ်လုပ်ရေး ဝတ္တု လွန်းထားထား(ဆေးတက္ကသိုလ်) ဒါရိုက်တာက ကျွန်မ ကြည်ဖြူသျှင် ရိုက်ကူးတဲ့”ညို့သောပင်လယ်၊ ဆွဲငင်သောလမင်း” ရုပ်ရှင်အတွက် အသစ်ရေးတဲ့သီချင်းပါ။ မင်းသား– ဒွေး၊ မင်းသမီး– ထွန်းအိန္ဒြာဗိုလ်ပါ။ တေးရေး– စောခူဆဲရေးပြီး ရုပ်ရှင်ဇာတ်ဝင်တေးကိုလဲ “Rဇာနည်”နဲ့” မီးမီးခဲ” ပဲဆိုထားတာပါ။ ပြီးတော့ ”လမင်းသို့” အမည်နဲ့ ” Rဇာနည်၊ မီးမီးခဲ ” စုံတွဲသီချင်းခွေ ထုတ်ခဲ့ပါသေးတယ်။ ထုတ်လုပ်သူက ကျွန်မညီမ မနုရွှေရည်ပါ။

 

မူရင်းအဆိုရှင် ”Rဇာနည်”ကိုအနားထားပြီး ခုလိုတွေပြောနေကြတာမြင်တော့၊ စိတ်မကောင်းဖြစ်မိလို့ပါ။” လို့ရေးသားဖော်ပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်လေးဟာ The Voice ပရိသတ် သီချင်းချစ်သူတွေကြား ဂယက်ဖြစ်သွားရုံသာမကဘဲအင်တာနက်သုံးစွဲသူတော်တော်များများကြား ပြောစရာသတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ပြိုင်ပွဲဝင် ရဲခန့်ကတော့ သူနဲ့လိုက်မယ့် version ကို လိုက်ပြီးဆိုခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

သူကတော့ ဒိုင်လေးယောက်ထဲမှာ မူရင်းအဆိုရှင် အာဇာနည်ကို ရွေးချယ်ခဲ့ပြီး အာဇာနည်Teamမှာ အကောင်းဆုံးကြိုးစားကာ တခြားအဆင့်တွေအထိ တက်အောင်ယှဉ်ပြိုင်သွားပါ့မယ်လို့ ဆိုထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*