ဆီရောင်းနေတဲ့ ဘဘကို ဘာကြောင့် ငိုနေတာလဲမေးကြည့်လိုက်သောအခါ

ဆီရောင်းနေတဲ့ အဘ ဘာကြောင့် ငိုနေတာလဲ မေးကြည့်လိုက်သောအခါ…..အနီးရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ ဓာတ်ဆီရောင်းနေတဲ့ အဘိုးအိုဟာ အသက်ရ၀ကျော်နေပြီ သမီးလေးတစ်ယောက်ရှိပေမဲ့ သမီးလေးက ဦးနှောက်လေးက စိတ်သိပ်ပုံမှန်မဟုက်တော့ အလုပ်လုပ်စားလို့မရတော့ အဲ့အဘကပဲ ဓာတ်ဆီလေးရောင်းရင်းနဲ့ဘဝကိုရပ်တည်နေတယ်….။ကျုပ်အမြဲကြုံတိုင်းအဲ့အဘ ဆီမှာပဲထည့်ဖြစ်တာ နှစ်အတော်ကြာပြီ ဟိုးးနှစ်တွေကတော့ အဲ့အနီးမှာ Donko ဆီဆိုင်ကြီးမရှိတော့အဲ့အဘရောင်းကောင်းလောက်ပါတယ် ခုတော့ အဲ့နားတစ်ဝိုက်မလှမ်းမကမ်းလေးမှာဆီဆိုင်ကြီးရှိတော့ လူတွေကသိပ်မထည့်ကြတော့ဘူး ဆီဆိုင်ကြီးတွေကပိုရတယ်ဆိုပြီး ဆိုင်ကြီးတွေမှာထည့်ကြတာပဲများတယ်

ပြောချင်မိတာက ဆိုင်ကြီးတွေဆီမှာထည့်လို့ပိုရလှမှ အများဆုံး သုံးရာဖိုးလောက်ပေါ့ဆီပိုရတာကိုပဲ မကြည့်ပဲ ဒီအဘဆီမှာပဲထည့်ကြမယ်ဆိုရင် စားဝတ်နေရေးအတွက် တစ်ဖက်တလမ်းကနေ ကူညီရာရောက်ပါတယ်ငွေဖြင့်သက်သက် မကူညီနိုင်ပေမဲ့ကျုပ်ကတော့ကြုံတိုင်းအဲ့အဘဆီမှာပဲထည့်တယ် အားပေးတဲ့သဘောမျိုးပါ ဆီဆိုင်ကြီးတွေထည့်ရင် ဆီပိုရမှန်းသိပေမဲ့ တက်နိုင်တဲ့ဘက်က ကူညီပေးရာရောက်လို့ပါ တစ်နေ့ကို အနည်းဆုံး လူဆယ်ဦးထည့်အုံးအဘတွက်စားဝတ်နေရေးအဆင်ပြေလောက်မှာပါ

မုံရွာမြို့မှာ ဒီလောက်ဆိုင်ကယ်တွေပေါးပြီးထွတ်နေကြပေမဲ့ အဲ့အဘဆိုင်လေးကြည့်မိတိုင်း ထည့်သူကိုမတွေ့တော့ စိတ်မကောင်းဘူး ဟိုနေ့ကအပြင်သွားရင်ဝင်ထည့်တာအဘရောင်းကောင်းလားမေးတော့ ခုမင်းထည့်မှ စျေးဦးပေါက်တာတဲ့ ရယ်ရင်းပြောတယ် အချိန်ကိုကြည့်မိတော့မနပ်၁၁နာရီ ကျော်နေပြီ စိတ်ထဲမကောင်းလို့ မုန့်တီသုပ်လေးစားချင်လို့ ဝယ်လာတဲ့ပါဆယ်ထုပ် လေးကို အဲ့အဘကိုပေးခဲ့တယ် အဘကအစက ငြင်းရှာပါတယ် မင်းစားချင်လို့ဝယ်လာတာမပေးပါနဲ့တဲ့ ရပါတယ်အဘကျုပ်ကစားပြီးပြီ ဒါအပိုဝယ်လာတာဆိုပြီး

ညာပြောပြီး ပေးတော့မှ ယူတယ် တကယ်တော့ကျုပ်မစားရသေးဘူး ထပ်ဝယ်ဖို့ပိုက်ဆံလည်းမရှိတော့ဘူး ကျုပ်က အိမ်ရောက်ရင် ထမင်းစားလို့ရတယ်လေ တကယ်တော့အဘအရွယ်နဲ့အေးအေးဆေးဆေးအိမ်မှာနေရမဲ့အရွယ်ပါ ဘဝအကြောင်းမလှတော့ တက်နိုင်တဲ့ခွန်အားလေးနဲ့လမိးဘေးဆီလေးရောင်းနေတာပါငွေကြီးသက်သက်မလှူတန်းနိုင်ကြလည်း တက်နိုင်တဲ့ဘက်ကနေ ဆီထည့်ပေးခြင်းဖြင့်ကူညီရာ ရောက်ပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*