အစိုးရ ထောက်ပံ့ကြေး မရတဲ့သူတွေကို ပြန်ပြီး ပံ့ပိုးပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

အစိုးရက ထောက်ပံ့ကြေးမရလို့ ကျန်ခဲ့တဲ့သူတွေကို ပြန်ပြီးပံ့ပိုးပေးသွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အခု အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့ကြေးပေးတဲ့နေရာမှာ လူစုလူဝေးတွေဖြစ်တယ်။ ဘယ်သူ့ကိုမှမချန်ခဲ့ပါဘူး။ ကိုယ့်ရပိုင်ခွင့် မရဘူးဆိုရင် တိုင်ကြားပါ။ ကျန်ခဲ့ရင် ပြန်ပြီးတော့ ပံ့ပိုးပေးသွားမယ်” လို့ ဆိုပါတယ်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းကိုယနေ့ည ၈ နာရီတွင် နိုင်ငံတော်ပိုင်ရုပ်သံလိုင်း မြန်မာ့ရုပ်မြင်သံကြား မှတစ်ဆင့်ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*