Live လွှင့်‌စျေးရောင်းရင်း စုန်းပြူးတွေရဲ့ရန်ကြောင့် ဆိုင်ရှင်တွေကိုအားနာပြီး မျက်နှာပျက်ရတဲ့ စိတ်ပင်ပန်းမှုတွေကိုရင်ဖွင့်လာတဲ့ ဆုမြတ်နိုးဦး

မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ ရုပ်ရည်လေးက ချောမောလှပသလို သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိအောင် ထူးချွန်သူလေး ဖြစ်ပါတယ် ။ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ ဆုမြတ်နိုးဦးက အခုချိန်အထိ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဆုမြတ်နိုးဦးက ရတနာဆိုင်တွေရဲ့ပစ္စည်းတွေကို Live လွှင့်ပြီး ကိုယ်စားရောင်းချနေတာပဲ ဖြစ်ပါတယ် ။

အခုတော့ ဆုမြတ်နိုးဦးက Live လွှင့်ပြီးစျေးရောင်းရတဲ့နောက်ကွယ်က သူမကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေနဲ့ စိတ်ပင်ပန်းမှုတွေကို ရင်ဖွင့်ကာပြောပြလာတာပဲ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦးက “ကင်မရာရှေ့ လှလှလေးနေရတဲ့အလုပ်ဟာလွယ်ပါတယ်လို့ပဲအားလုံးကထင်ကြပါတယ်..

တကယ်တမ်းတော့လေ ဇာတ်ကားရိုက်တာပဲဖြစ်ဖြစ် liveလွှင့်စျေးရောင်းရတာပဲဖြစ်ဖြစ်အလုပ်တိုင်းမှာ စိတ်ဖိစိးမှု စိတ်ရဲ့ပင်ပန်းမှု ဖိအားဆိုတာရှိပါတယ် ဇာတ်ကားတွေရိုက်တဲ့အချိန်မှာ ငါဟာသဘာဝကျပါ့မလား.. ဇာတ်ကောင်စရိုက်နဲ့တထပ်တည်းကျပီပြင်ပါ့မလား ဆိုတဲ့ပူပန်မှုတွေအထူးရှိသလို..မကျွမ်းကျင်တဲ့ Liveလွှင့်စျေးရောင်းတဲ့အခါမှာတော့ စိတ်ပင်ပန်းရမှုကအဆများစွာပိုပါတယ် .ကိုယ်ရောင်းပေးတဲ့ဆိုင်တွေရဲ့ဆိုင်ရှင်တွေကို ရောင်းရစေချင်တယ် .. ဝယ်ယူအားပေးတဲ့သူတွေကိုတကယ်တန်တဲ့မှန်ကန်တဲ့စျေးနှုန်းလေးတွေနဲ့ပိုင်ဆိုင်ရစေချင်တယ်.. အဲ့ထဲမှာမှ ရှိလာတဲ့စုန်းပြူးတွေရဲ့ရန်ကြောင့် ဆိုင်ရှင်တွေကိုအားနာရတယ် မျက်နှာပျက်ရတယ်.. ၃နာရီ ၄နာရီစာ ဝန်ထုတ်ဝန်ပိုးတွေရယ် ”

 

“တစ်ခါတစ်လေတော့လည်းလေ ဘာမှကိုမလုပ်ချင်တော့ဘူး ရပ်တန့်ထားလိုက်ချင်တဲ့စိတ်ရဲ့ဖိအားတွေ စိတ်ဓာတ်ကျတာတွေဖြစ်မိတယ် ..ဒါပေမဲ့လည်းလေ ခက်ခဲတဲ့ကာလကြီးမှာစားဝတ်နေရေးရယ် .. ကျားကြီးရင် ခြေရာကြီးတဲ့စရိတ်စကတွေ.. ကိုယ့်ရဲ့အနားက ခက်ခဲပင်ပန်းနေသူတွေရဲ့မနိုင်ဝန်တွေကိုတစ်ထောင့်တစ်နေရာက ထမ်းပေးချင်နေတဲ့စိတ်တွေနဲ့ အားတင်းရင်းရှေ့ဆက်နေပါတယ် ..

ကျွန်မတတ်နိုင်သရွေ့အင်အားလေးနဲ့ ရှေ့ဆက်နေပါရစေ .. ချစ်ရတဲ့သူတွေ ..ကိုယ့်ရဲ့အနီးတဝိုက်က ခက်ခဲပြီးလိုအပ်နေတဲ့သူတွေရဲ့လိုအပ်ချက်လေးတွေကိုတစ်ထောင့်တစ်နေရာကနေဖြည့်ဆည်းပေးနေခွင့်လေးရရင်ပဲ ပင်ပန်းရသမျှတွေပြေပျောက်ပါပီ ..

ကိုယ့်ရဲ့စေတနာမှန်ခဲ့ရင် အမြဲတမ်းပေးကမ်းနိုင်တဲ့လက်တစုံသာဖစ်ပါရစေလို့တောင်းဆုပြုပါတယ်” ဆိုပြီး သူမရဲ့ခံစားချက်တွေကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*