အန္တရာယ်များတဲ့ Game အမျိုးအစားနဲ့ အဖွဲ့ဝင်တွေနဲ့ Idol တွေကို ကစားခိုင်းတာကြောင့် ဝေဖန်ခံနေရတဲ့ Running Man

နိုဝင်ဘာ (၁၅)ရက်က ထုတ်လွှင့်ခဲ့တဲ့ Running Man အပိုင်းမှာ ပါဝင်ခဲ့တဲ့ “Rubber Band Game” နဲ့ ပတ်သက်ပြီး Running Man အစီအစဉ်ကို ဖန်တီးသူတွေဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။


အဲဒီအပိုင်းမှာ Running Man အဖွဲ့ဝင်တွေဖြစ်တဲ့ Song Ji Hyo, Yang Se Chan နဲ့ Jeon So Min တို့ဟာ SEVENTEEN အဖွဲ့ဝင်တွေဖြစ်တဲ့ Hoshi၊ Mingyu တို့နဲ့အတူ အသင့်စားခေါက်ဆွဲ စားခွင့်ရဖို့အတွက် “Rubber Band Game” ကို ကစားခဲ့ရပါတယ်။


အဲဒီဂိမ်းစ်ရဲ့ စည်းမျဉ်းက မျက်နှာမှာ သားရေကွင်းတွေကို စွပ်ရမှာဖြစ်ပြီး သားရေကွင်းအများဆုံး စွပ်နိုင်တဲ့သူက အနိုင်ရမှာ ဖြစ်ပါတယ်။

အဲဒီဂိမ်းစ်က Yang Se Chan က စကစားခဲ့ပြီး မျက်နှာမှာ သားရေကွင်းတွေ စွပ်ပြီးနောက်မှာတော့ သားရေကွင်းတွေဟာ မာလွန်းတာကြောင့် အတော်နာတယ်လို့ ပြောဆိုခဲ့ပါတယ်။


Yang Se Chan ပြီးနောက်မှာတော့ Song Ji Hyo က အဲဒီဂိမ်းစ်ကို ဆက်ကစားခဲ့ပြီး သားရေကွင်းတွေ စွပ်တဲ့အခါမှာ နာကျင်စွာ ခံစားရတာက သူမရဲ့ မျက်နှာမှာပေါ်လွင်ခဲ့ပါတယ်။ Jeon So Min ကလည်း Song Ji Hyo အတိုင်းပါပဲ။


Running Man မှာ ဧည့်သည်အဖြစ်ပါဝင်ခဲ့တဲ့ Hoshi နဲ့ Mingyu တို့ဟာ ခေါက်ဆွဲစားရဖို့အတွက် အနာခံပြီး မျက်နှာမှာ သားရေကွင်းတွေကို စွပ်ခဲ့ကြတာပါ။ Hoshi က (၁၈)ကွင်း စွပ်နိုင်ခဲ့ပြီး Mingyu ကတော့ (၂၂)ကွင်းအထိ အနာခံ စွတ်ခဲ့တာပါ။


အဲဒီအပိုင်းကို ထုတ်လွှင့်ပြီးနောက်မှာတော့ Running Man စီစဉ်သူတွေဟာ အဖွဲ့ဝင်တွေနဲ့ လာရောက်တဲ့ ဧည့်သည်တွေရဲ့ လုံခြုံရေးကို အလေးမထားဘူးဆိုပြီး Netizen တွေက အောက်ပါအတိုင်း ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အများစုက “Rubber Band Game” ဟာ အလွန်အန္တရာယ်များလွန်းပြီး မျက်နှာစွပ်နေစဉ် မတော်လို့ သားရေကွင်း ဖြတ်သွားရင် မျက်လုံးကို ထိခိုက်နိုင်တယ်လို့ လည်း ဆိုခဲ့ပါတယ်။

 


ဒါပေမဲ့ Running Man ကတော့ နောက်တစ်ပတ်မှာ “Rubber Band Game” ကို ဆက်ကစားဖွယ်ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Preview မှာ မြင်တွေ့ခဲ့ရလို့ပါ။

 

နောက်တစ်ပတ်ထုတ်လွှင့်မဲ့ Running Man အစီအစဉ်မှာ Apink အဖွဲ့ဝင် Namjoo နဲ့ Lee Kwang Soo တို့ “Rubber Band Game” ကစားနေတာကို ပြသခဲ့လို့ပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*