
အဘိုးအိုဟာ မသေဆုံးခင်မှာ ဆန္ဒတစ်ခုပြုခဲ့ပါတယ်။ ဒါကတော့ သူ့ရဲ့၆၆နှစ်ကြာပေါင်းသင်းခဲ့တဲ့ ချစ်ဇနီးနဲ့ တွေ့ခွင့်ပေးဖို့်ပါ။
Mr. Feng လို့ခေါ်တဲ့ တရုတ်အမျိုးသားတစ်ဦးဟာ အမျိုးသမီးတစ်ဦးနဲ့အိမ်ထောင်ကျပြီး ပေါင်းသင်းနေထိုင်လာခဲ့တာ ၆၆နှစ်ကျော်ကြာခဲ့ပါပြီ။ ဒါပေမယ့် အိုနာသေဘေး ရှောင်ပြေးလို့မရဆိုတဲ့အတိုင်းပဲ အသက် ၉၂နှစ်အရွယ်ရှိ Mr.Feng ဟာ သူ့ရဲ့ဇနီးနဲ့အတူ ဆေးရုံတစ်ရုံတည်းတူတူတက်ခဲ့ရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် သူနဲ့သူ့ဇနီးဟာ တစ်ခန်းတည်းနေခွင့်မရခဲ့သလို မလှုပ်ရှားနိုင်တဲ့ ခန္ဓာကိုယ်အခြေအနေတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် Mr.Feng ဟာ သူမသေဆုံးခင်မှာ အသက်၉၅နှစ်အရွယ်ရှိ သူ့ဇနီးနဲ့ပေးတွေ့ဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါတယ်။
သူ့ဇနီးနဲ့တွေ့ချိန်မှာတော့ Mr.Feng ဟာ ဇနီးရဲ့လက်ကိုကိုင်ပြီး ” ငါ့ကိုလာရှာပါနော်။ ” လို့ မှာခဲ့ပါတယ်။ ဇနီးဖြစ်သူ Mrs.Feng ကနေ လာရှာမှာပေါ့လို့ ကတိပေးအပြီးနောက် ၂နာရီအကြာမှာ Mr.Feng ဟာNingbo, Chinaမှာရှိတဲ့ Yingzhou People’s Hospitalမှာ သေဆုံးသွားခဲ့ပါတယ်။
Leave a Reply