
ရှေ့တန်းထွက်တုန်းကတော့ သူရဲကောင်းတွေ ပုံစံနဲ့ ဂုဏ်ပြုကြပြီး ပြန်လာတော့ မြို့ထဲတောင် တော်တော်နဲ့ ပေးမဝင်တဲ့ လာရှိုးက သူနာပြု ဆရာမလေးတွေရဲ့ အဖြစ်
ကျမတို့ မနေ့က ည ၁၁ နာရီလောက် ကတည်းက လားရှိုး ပြန်ရောက်ပါတယ် ဖောင်ကြီးကနေ မြို့တိုင်းကို အေးဆေးစွာ ကျော်ဖြတ်လာပီးခါမှ ကိုယ့်မြို့ဂိတ်ရှေ့ရောက်တော့ တော်တော်နဲ့ပေးမဝင်ဘူး။ အံ့သြမိတယ်။
ကျမတို့ကို လာကြိုတဲ့ ကားဆရာတွေလဲ တော်တော် save ဖြစ်ပါတယ်။ ဘာဝတ်စုံနဲ့မှဝတ်ပီးမလာပါဘူး။ Surgical Gownလေးတောင်မပါပါဘူး (သနားပါတယ်)
ဒီကနေ အထွက်တုန်းကတော့ နိုင်ငံတော်တွက် အကျိုးပြုတဲ့ Health Hero ကြီးတွေဆိုပီး ဂုဏ်ပြုကြပါတယ် အပြန်ကြတော့ အဲ့ Hero ကြီးတွေကို ဂုဏ်ပြုဖို့ တော်တော်ကြောက်ကြတယ်။ ငါတို့မှာလဲ အသက်နဲ့ပါဟ။ ဘယ်သူမှ အသက်အပိုမပါဘူး။ ငါတို့မှာလဲ မိသားစုတွေ ရှိကြပါသေးတယ်ဟ။ ပြန်ရောက်တော့ နေစရာအဆင်သင့် အခန်းအဆင်သင့်တွေ ပြင်ထားပါတယ်တဲ့။ အများကြီးတော့ မျှော်လင့်မထားပါဘူး။ ထင်တဲ့အတိုင်းပဲ စုတ်ပြတ်နေတာ မပြောချင်တော့ဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လဲ Hotel Q ဝင်နိုင်ပါတယ်။
တခြားလူတွေအတွက် အဆင်မပြေမှာစိုးလို့သာ ကျမတို့တွေက မနေကျတာ။ အမြင်ကပ်ကပ်နဲ့ အကုန်ပြေးဖက်လိုက်ရ အကုန် postiveတွေ ဖြစ်ကုန်အုံးမယ်။ ဖောင်ကြီးမှာ နေတာတောင် အစားသောက်လေးကလွှဲလို့ ကျန်တာ အကုန်အဆင်ပြေတယ်။ ကိုယ့်နေရာရောက်မှ တော်တော်စိတ်ကုန်သွားတယ်။ ပြောရင် ကုန်တော့မှာမဟုတ်ဘူး။တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။
ကိုယ့် Field က နောက်တစ်လပြည့်လို့ ပြန်လာမယ့် ကိုယ့်အဖွဲ့တွေလဲ ကြိုပြီး အားပေးလိုက်ပါမယ်။ အမတို့လာရင် လူကများတော့ ဒီထက်ပိုဆိုးအုံးမှာပါ။ ဖောင်ကြီးကို ကိုယ့်စရိတ်နဲ့ ကိုယ်တောင် ပြန်သွားချင်စိတ် ဖြစ်သွားတယ်။
Nang Shwe Zin Hninn
Leave a Reply