အပျော် Tik Tok ရိုက်တာကို ကွာရှင်းပြီးရူးသွားတာလားမသိဘူး” ဆိုပြီး ပြစ်တင်ဝေဖန်ကြတဲ့ သူတွေအတွက် တုံ့ပြန်လိုက်တဲ့ ချမ်းမီမီကို

ပရိတ်သတ်ကြီးရေ သရုပ်ဆောင်နဲ့ မော်ဒယ်လ်ချမ်းမီမီကိုကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လူသိများလာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ချမ်းမီမီကိုက သူမအောင်မြင်နေဆဲအချိန်မှာ (၂၀၁၄) ခုနှစ်မှာ လက်ထပ်ခဲ့ပြီးနောက် သားလေးတစ်ယောက်ကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အိမ်ထောင်နဲ့ ကွာရှင်းထားတဲ့ ချမ်းမီမီကိုက သူမရဲ့ဘဝကို အစကနေ စတင်ပြီး သားလေးတစ်ဖက်နဲ့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ဘုရားတရားလုပ်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ ချမ်းမီမီကိုက အပျော် Tik Tok ရိုက်တာတောင် “ကွာရှင်းပြီးရူးသွားတာလားမသိဘူး” လို့ ပြစ်တင်ဝေဖန်သူနဲ့ ကြုံဆုံခဲ့ရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ကျွန်မ အသက်ငယ်သေးတယ်။ ကျွန်မ လုပ်သင့်တယ်ထင်ရင် လုပ်တယ်။ ကျွန်မအသက် ယခု အသက်နှစ်ဆယ့်ရှစ် အားလုံးကိုလေးစားတယ်။ ဘယ်သူဘာအလုပ်လုပ်နေပါစေ။ တန်းတူပဲချစ်တယ်။ ဆင်းရဲချမ်းသာ နေပါစေ မခွဲခြားဘူး။

ဒါကျွန်မ ခံယူချက်ပါ။ Comment လေးတွေ့လို့ ကျွန်မ ဖျက်ဖို့ ကြိုးစားကြည့်တယ်။ သူတို့ရေးသားထားတဲ့အရာကို ကျွန်မလွယ်လင့်တကူ ဖျက်နိုင်မလားပေါ့။

ကျွန်မက Comment ကို ဇွတ်ပြောင်းဖို့ ကြိုးစားအားထုတ်နေသူဖြစ်နေတယ်ဆိုတာပဲ သူထက်ပိုမိုက်သွားမယ်။ ဒီတိုင်း အမှတ်တရလေးထားထားတယ်။ ချစ်တယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ချမ်းမီမီကိုကတော့ အိမ်ထောင်နဲ့ကွာရှင်းပြီး အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာချိန်မှာ နွေးထွေးစွာ ကြိုဆိုသူတွေရှိသလို ပြစ်တင်ဝေဖန်သူတွေနဲ့လည်း ကြုံဆုံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကို အမုန်းနဲ့ဆက်ဆံသူကို ပြန်ပြီးမေတ္တာထားနိုင်တယ်ဆိုတာ ချမ်းမီမီကိုရဲ့ လေးစားဖွယ် စိတ်ထားပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*