
ရွှေအိုးကြီး ဘဝ ဇောက်ထိုးကျသွားပြီ..
တစ်နေ့ကို ရွှေ ၁၅ ကီလို ဝတ်ပြီး သက်တော်စောင့်တွေနဲ့သွား ရွှေအိမ်တော်နဲ့နေ ရွှေကားစီးနေသူ၊ အာဏာပိုင်တွေကို ဖိနပ်ကြားညှပ်ထားသူ၊ ဖုအိပ်ခ်ျအို (Phuc XO) အသက် ၃၈ နှစ်ကို ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့သားတွေက မဟာဘောဂ သူဌေး ရွှေအိုကြီး လို့ ဘွဲ့ပေးထားကြပါတယ်။
တစ်နိုင်ငံလုံးမှာ XO နာမည်နဲ့ နိုက်ကလပ်တွေ ပိုင်ဆိုင်ထားလို့ အသက်ငယ်ငယ်နဲ့ သူးဌေးဘွဲ့ကို ရသွားခဲ့တဲ့ ရွှေအိုကြီးနဲ့အပေါင်းပါ (၇) ဦးကို ဟိုချီမင်း ရဲတပ်ဖွဲ့က ဆေးရောင်းမှု၊ လက်နက်မှု၊ တရားမဝင် ငွေမဲတွေ ပိုင်ဆိုင်မှုနဲ့ ထောင် ၁၂ နှစ် ချလိုက်တဲ့ သတင်းကြောင့် ကြားရသူတွေ ဟင်-ဟာနဲ့ တအံ့တသြ ဖြစ်နေကြပါတယ်။
ရွှေအိုးကြီး ပိုင်ဆိုင်မှုအားလုံးကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းလိုက်လို့ စိတ်ထိခိုက်နေတဲ့ ရွှေအိုးကြီးဟာ ထောင်ထဲမှာ ချိနဲ့နဲ့ လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်သွားလို့ သူ့ကိုရုံးထုတ်တဲ့အခါ တွဲခေါ်ထုတ်လာရပါတယ်။
နိုက်ကလပ်ကို ဟန်ပြပြီး လာပျော်ပါးတဲ့သူတွေကို စိတ်ကြွဆေးတွေ ရောင်းနေတာကို အထူးစုံစမ်းရေးရဲက ဖေါ်ထုတ်ခဲ့ပြီး ဖမ်းဆီးတရားစွဲလိုက်တာပါ။သူ့လိုမျိုး တရားမဝင် ဝင်ငွေ နဲ့ချမ်းသာနေ စည်းစိမ်ခံနေသူတွေလည်း ငါ့တို့အလှည့်ဘယ်တော့ရောက်လာမလည်း တွေးပူနေကြကြောင်းလည်း သိရပါတယ်။
SAW
Leave a Reply