အကြမ်းတမ်းဆုံး သရဲအိမ်ကြီးဆီက အတွေ့အကြုံတွေကို မျှဝေခဲ့တဲ့အမျိုးသား (ဗီဒီယိုကြည့်ရန် နှိပ်ပါ)

အင်္ဂလန်နိုင်ငံရဲ့ အကြမ်းတမ်းဆုံး သရဲအိမ်ကြီးဟာ နေ့အခါမှာတောင် အုပ်စုတော်တော်တောင့်မှ သွားရဲလာရဲတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ‘The Black Monk House’ လို့ ခေါ်တွင်ကြတဲ့ ဒီအိမ်ကြီးကို ရောက်ရှိခဲ့ရသူကတော့ Paranormal Lockdown စတားတွေ ဖြစ်တဲ့ Nick Groff နဲ့ သူရဲ့ သူငယ်ချင်းအမျိုးသမီးဖြစ်ပါတယ်။


Nick ရဲ့ အဆိုအရတော့ ဝိဉာဉ်တွေဟာ အမေရိကန်က သူရဲ့အိမ်အထိ လိုက်လံနှောက်ယှက်ပြီး၊ The Black Monk House ကို သွားဖို့ ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ Paranormal Lockdown အဖွဲ့ဟာ The Black Monk House မှာ နာရီပေါင်း (၁၀၀)ကြာ စစ်ဆေးထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့ကြပြီး၊ အတွေ့အကြုံကတော့ အလွန်ကြောက်စရာလို့ ဆိုပါတယ်။


Nick နဲ့အတူရှိနေတဲ့ သူငယ်ချင်း Katrina Weidman ကလည်း သူမရဲ့ဘဝမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အတွေ့အကြုံ တစ်ခြားနေရာမှာ မရှိနိုင်တော့ဘူးလို့ ဆိုပါတယ်။ Nick ကို ဝိဉာဉ်တွေက ချိန်သီးနာရီကြီးနဲ့ လှမ်းထုခဲ့ပါတယ်။ ထိမိလိုက်တာနဲ့ Nick အသက်နဲ့ခန္ဓာ အိုးစားကွဲမှာပါ။


တံခါးတွေကလည်း လေမတိုက်ဘဲ တကျွီကျွီနဲ့ ဝုန်းဒိုင်းကျဲ ပွင့်လိုက် ပိတ်လိုက် ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ မကောင်းဆိုးဝါးတွေရဲ့ ကြောက်မယ်ဖွယ်ဆူညံသံတွေအပြင် အရပ်အမောင်းအလွန်မြင့်မားတဲ့ ဝိဉာဉ်ကြီးတစ်ကောင်ကိုလည်း ကင်မရာက အမိအရ မှတ်တမ်းတင်နိုင်ခဲ့ကြောင်းဆိုပါတယ်။


The Black Monk House ဟာ ၁၉၆၆ နှစ်များနောက်ပိုင်း လူ လုံးဝမနေခဲ့တဲ့ အိမ်တစ်လုံး ဖြစ်ပါတယ်။ ၁၉၆၆ ခုနှစ်မှာ Jean နဲ့ Joe Pritchard အမည်ရ ဇနီးမောင်နှံဟာ သူတို့ရဲ့ အသက် (၁၅)နှစ်အရွယ်သားလေး Phillip နဲ့ သမီးလေး Diane (၁၂)နှစ်တို့နဲ့ နောက်ဆုံးနေထိုင်ခဲ့ပါတယ်။


ဒါပေမယ့် အိမ်ကို ရောက်ရောက်ချင်းမှာပဲ The Black Monk နဲ့ အပေါင်းအပါ သရဲတွေက ပုဏ္ဏကတိုက်သလို တိုက်ခိုက်နှောက်ယှက်ခဲ့ကြပြီး၊ ကလေးတွေလည်း မကြာခဏ နေမကောင်း ဖျားနာဖြစ်၊ ညည လန့်လန့်အော်၊ မျိုးစုံသော ခြောက်လှန့်ခြင်းတွေက ရပ်တန့်မသွားခဲ့လို့ နောက်ဆုံး ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

အိမ်ကြီးကတော့ အခုအချိန်ထိ လူမနေတဲ့ အိမ်အဖြစ်လည်းကောင်း၊ Ghost hunter တို့ရဲ့ စူးစမ်းရှာဖွေမှုတွေ ပြုလုပ်ရာနေရာအဖြစ်လည်း တည်ရှိနေဆဲဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*