အောက်ပိုင်း သေသွား တဲ့ ချစ်သူကောင်မလေးကို စွန့်ပြစ်မသွားပဲ သစ္စာရှိရှိ ဆက်ချစ်ကာ ပြုစုပေးနေတဲ့ လေးစားဖွယ် လူသားတဦးရဲ့ ချစ်ခြင်း

ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Mai မှာနေထိုင်တဲ့ အသက် ၃၁နှစ်အရွယ် Narawut Phongyen ဆိုသူ အမျိုးသားဟာ အသက် ၂၁နှစ်အရွယ် Patcharaphan Lenkham ကောင်မလေးနဲ့ ၂၀၁၅ ခုနှစ်မှာအွန်လိုင်းပေါ်ကတစ်ဆင့် ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ ချစ်သူတွေ ဖြစ်သွားပေမဲ့ ၇ လလောက်အထိ တစ်ယောက် ကို တစ်ယောက် မမြင်ဘူးကြပါဘူး။ အဲ့ဒီနောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ နှစ်ယောက်သား အပြင်မှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ကြပါတယ်။ဒါပေမဲ့ သူတို့ရဲ့ အစီအစဉ်က မအောင်မြင်ခဲ့ပါဘူး။ ချိန်းတွေ့မဲ့ ကာလ မရောက်ခင်မှာပဲ Patcharaphan ဟာ ကားမတော်တဆမှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးလည်ပင်းကနေ အောက်ပိုင်းတစ်လျှောက်လုံး မလှုပ်နိုင်တော့ဘဲ အောက်ပိုင်းသေသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးမှာ သူမလှုပ်ရှား နိုင်တာဆိုလို့ လည်ပင်းအထက် ဦးခေါင်းပိုင်း နဲ့ လက်မကလေး နှစ်ချောင်းပဲ ရှိပါတယ်။ Narawut တစ်ယောက် သူ့ချစ်သူရဲ့ အကြောင်းကို ကြားသိရတဲ့ အချိန်မှာပဲ ဆေးရုံကို ဆက်သွယ်ပြီး

အမြန်လိုက် သွားခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အပြင်မှာ စစဦးဆုံးတွေ့ဆုံတဲ့ အဖြစ်အပျက် ကတော့ မြင်တဲ့ အတိုင်းပဲ သူများတွေကို ကဗျာမဆန်ခဲ့ပါဘူး။ ဒီလို အဖြစ်ဆိုးနဲ့ကြုံတဲ့ အချိန်မှ ချစ်သူကို ပထမဦးဆုံး အပြင်မှာ ဆုံဖူးတာဖြစ်ပါတယ်။ အခုဆို Narawut တစ်ယောက် သူ့ရဲ့ ချစ်သူကို သစ္စာရှိရှိနဲ့ ပစ်မသွားရပ်တဲ့ အပြင် အနီးကပ်ပြုစု စောက်ရှောက်နေတာ ၃နှစ်ကျော် ရှိနေပါပြီ။ Narawut ဟာ နေ့လည်ဘက်ဆို အလုပ်က ခဏပြန်လာကာ သူမအတွက် နေ့လည်စာဝယ်လာပြီး ကိုယ်တိုင် လာကျွေးတတ်ပါတယ်။သူတို့နှစ်ဦးရဲ့ အဖြစ်အပျက်လေးကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ရက်နေ့က မီဒီယာတစ်ခုကနေ ဗီဒီယို ရိုက်ကူးပြီး မှတ်တမ်းတင်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ သူမကို နေ့တိုင်း ထမင်းကျွေးတာတွေ၊ အဝတ်အစား လျှော်ဖွက်ပေးတာတွေ၊ ကိုယ်လက် သန့်စင်ပေးတာတွေ၊

အခန်းသန့်ရှင်းရေး လုပ်ပေးတာတွေက အစ အလုပ် အားရင် အားသလို သူမဆီလာပြီး ပြုစု စောင့်ရှောက်ပေး တတ်ပါတယ်။ Patcharaphan ဟာ သူ့ရဲ့ ခြေလက်အင်္ဂါတွေ အမြန်ဆုံး ပြန်ကောင်းလာဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ “ကျွန်မပြန်ကောင်းလာစေချင်တယ်ဆိုတာ Narawut ကြောင့်ပါ။ သူနဲ့ တွေ့ဆုံ ခဲ့တာ ကျွန်မအတွက် အလွန် ကံကောင်းပါတယ်။

အာက်ပိုင်း သေနေမှန်းသိရက်နဲ့ ကံတရားကို စိန်ခေါ်ပြီး ကျွန်မကို ပစ်မသွားရက်ဘဲ ကောင်းလာအောင် ပြုစုပေးနေတာ တကယ့်ကို လေးစားမိပါတယ်” လို့ ရင်ဖွင့်ထားပါတယ်။ Narawut ကလည်း “ရုပ်ပိုင်း ဆိုင်ရာ ကုထုတွေနဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီး နေ့စဉ် ကုသနေတာ တစ်နေ့ ကျွန်တော်အနားမှာ သူမ ရပ်တည်နိုင်ဖို့ မျှော်လင့်ထားလို့ပါ။ အတူတူ မိသားစုဘဝလေးကို စတင်ခြင်တယ်ဆိုတဲ့ အတွေးက ကျွန်တော်အလုပ်ကပြန်လာပြီး သူ့မျက်နှာကို မြင်တိုင်း ခံစား နေရပါတယ်။ နေပြန်ကောင်း လာတဲ့ တစ်နေ့ကျရင် ရွာ မှာ မင်္ဂဆောင်ကို ခမ်းခမ်းနားနားကြီး ပြုလုပ်ကြမယ်လို့လည်း ကတိပေးထားပါတယ်လို့” ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*