
ကိုဗစ်အထူးကြပ်မတ်ဆောင်ထဲကနေ ခိုးထွက်ပြီး အရက်ထွက်သောက်တဲ့ လူနာစောင့် (ဘာပြောရမှန်းတောင် မသိတော့ဘူး)
ကိုဗစ် ICU မှာ ဂျူတီဆင်းရင်း အကုသိုလ်များ ရပြန်ပြီ။
ICU မှာ လူနာစောင့်ထားမယ်ဆို အတန်တန်ရှင်းပြပြီး လက်မှတ်တွေလဲ ထိုးခိုင်းပြီးသား ပြန်ထွက်လို့မရဘူး လိုတာရှိရက် အင်တာကွန်း ကနေပြော အကုန်လုပ်ပေး ပို့ပေးနေတာ လူတိုင်းအသိ စောင့်ပြီးရင်လဲ community or hotel or home quarantine ဝင်ရမယ်ဆိုတာလဲပြောပြီးသား။
အဲ့တာကို ဒီနေ့ လူနာစောင့် တစ်ယောက် ခိုးထွက်တယ် သိတဲ့အချိန် ဖုန်းဆက်လိုက်တော့ ဗိုက်ဆာလို့ မုန့်သွားစားတာတဲ့ စားချင်ပြောလေ ပို့ပေးမှာပေါ့ ဆိုတော့ နေမကောင်းလို့ ဆေးသွားဝယ်တာဆိုပဲ ချကိချင်းပြန်လာပါဆိုပြီးပြောတော့ ၃နာရီလောက်တရစပ် ဖုန်းဆက်မှ မူးပြီးရောက်လာတယ်။
ကဲ စဉ်းစားကြည့်လိုက်တော့ အဲ့လို ဦးနှောက်မရှိတဲ့ လူတယောက်ကြောင့် လူထုထဲမှာ ဘယ်လောက်တောင်ပြန့်နေပြီလဲ သူနဲ့ contact ရှိတဲ့လူ ဘယ်နှစ်ယောက်ရှိပြီလဲ စဉ်းတောင်မစဉ်းစားရဲဘူး။
ဆရာဝန်တွေ အားပြီးပျော်နေလို့ လုပ်နေတာမရှိဘူးနော် ICU ထဲလာကြည့်လိုက် ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ကလေးရှုဖို့တောင် ရုန်းကန်နေရတာ မြင်ရက်စရာတောင်မရှိ အကြောက်တရားမရှိကြတာလား အသိတရားမရှိကြတာလား မိုက်ရိုင်းကြတာလား
Khine Thazin Myint
Leave a Reply