လူ့ဘ၀ ကနေ ခေတ္တအနားယူဖို့ ဆိတ် ဘ၀ ပြောင်းပြီးနေထိုင်ကြည့်ခဲ့တဲ့ အမျိုးသား

အထက်ပါ ဓါတ်ပုံမှာ ဖော်ပြထားတဲ့ သူကတော့ ဆိတ် တွေကို နှစ်သက်သဘောကျသူတစ်ယောက်ဖြစ်ပြီး သူဟာ ဆိတ်တွေနဲ့ အတူ တောင်တွေပေါ်မှာ နေထိုင်နိုင်ဖို့ အတွက် လူ့ဘဝရဲ့ အခွင့်အရေးတွေ အားလုံးကို စွန့်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

Thomas Thwaites ဆိုသူဟာ ဆွစ်ဇာလန် နိုင်ငံ တစ်နေရာက ဆိတ်အုပ်ထဲမှာ ၃ ရက်ခန့် အတူနေခဲ့ပြီး ဆိတ်တွေရဲ့ အမူအကျင့်တွေကို လေ့လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆိတ်တွေ ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံအတိုင်းဖြစ်သွားစေဖို့အတွက် သူ့ရဲ့ လက် ၂ ဖက်နေရာမှာလည်း ခြေထောက်အတုတွေတက်ခဲ့ပြီး သူဟာ ဆိတ်တွေလောက် ခြေ ၄ ချောင်းနဲ့ လွယ်ကူစွာ လှုပ်ရှားနိုင်ဖို့ လေ့လာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပိုဆိုးတာက သူဟာ ဆိတ်တွေလိုပဲ မြက်တွေကို စားနိုင်ဖို့အတွက် အစာအိမ်ကိုလည်း ခွဲစိတ်ပြုပြင်မှု တွေ ပြုလုပ်ထားသေးတယ်ဆိုတာပါပဲ။ သူ့ရဲ့ ရည်ရွယ်ချက်က လူ့ဘ၀ ကနေ ခေတ္တ အနားယူဖို့ ဖြစ်ပါတယ်တဲ့။

Mashable သတင်းဌာနကို Mr Thwaites က “ငါ့ရဲ့ ရည်ရွယ်က နာကျင်မှုတွေ ၊ ကိုယ့်အတွက်ပဲ ကိုယ်တွေးပြီး စိတ်ပူနေရတာတွေ ကနေ အားလပ်ရက် ရယူပြီး အတိတ်ကို မေ့ဖို့ ၊ အနာဂါတ်အတွက် စိတ်မပူဖို့ပဲ ဖြစ်တယ်” လို့ ဆိုပါတယ်။

Mr Thwaites ဟာ ဗြိတိန်နိုင်ငံက အယူအဆ ဆိုင်ရာ ဒီဇိုင်နာ တစ်ယောက်ဖြစ်ပြီး လူသားတွေဟာ မိမိ စိတ်ဆန္ဒအတွက် နည်းပညာ တွေ ဘယ်လိုအသုံးပြုလဲဆိုတာကို အဓိက ထားလေ့လာခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

“ငါ နေ့ရက်တောတော်များများကို တောင်တက်တောင် ဆင်းလုပ်ပြီး ဆိတ်တွေလို နေကြည့်ခဲ့ပါတယ်။ တောင်ပေါ်က ဆင်းရတာတော့ ငါ့အတွက် ခက်ခဲပါတယ်။ ဘာလို့လည်း ဆိုတော့ ငါသာ ချော်လဲသွားခဲ့ရင် ငါ့မှာ ကျောက်တုံးတွေနဲ့ မတိုက်မိအောင် ဟန့်တားနိုင်မယ့် လက်တွေမရှိလို့ပါ။” လို့ Mr Thwaites က ဆိုပါတယ်။

Mr Thwaites ဟာ သူ့ရဲ့ အတွေ့အကြုံတွေကိုတော့ “GoatMan; How I Took a Holiday from Being Human” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသား ထုတ်ဝေဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*