လမ်းလျှောက်ရတာ ညောင်းနေတဲ့ချစ်သူကို လူကြားထဲ သူဘယ်လိုလုပ်ပေးခဲ့လဲဆိုတော့…(ရုပ်သံ)

နယူးယော့မြို့ရဲ့တစ်နေရာမှာ အတွဲတစ်တွဲရဲ့လွန်ကဲအရိုမန်တစ်ဆန်မှုဟာ ဆိုရှယ်မီဒီယာမှာ လူစိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။

သူတို့ဗီဒီယိုလေးကို What Is New York ဆိုတဲ့ page က တင်ခဲ့တာပါ။ ကောင်လေးက ဖင်ပြားတောင် ချမထိုင်ဘဲ ခြေထောက်လေးကွေးထားပြီး သူ့ရဲ့ပေါင်ပေါ်ကို ကောင်မလေးက တက်ထိုင်နေတာပါ။

ပြီးတော့ သူမက ဖုန်းတွေအရေးတကြီးပြောနေလေရဲ့။ ကောင်လေးကြည့်ရတာ အေးဆေးပါပဲ။ ကြည့်တဲ့သူတွေကတော့ ညောင်းလို့ အသည်းတောင်ယားပါတယ်။

သူတို့ ဗီဒီယိုကြည့်ပြီး အချို့ကလည်း လှောင်ပြောင်ကြသလို ၊ အချို့ကလည်း လူကြားထဲမှာ မဖြစ်သင့်ဘူး။ ထိုင်စရာ နေရာတွေ ဒီလောက်ရှိရဲ့နဲ့ အကဲပိုတယ် စသဖြင့် ဝေဖန်ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*