CB ကနေ့ ချစ်တယ် သနားတယ် လက်ထပ်ချင်တယ်လာပြောနေတဲ့သူတွေကို ပညာသားပါပါပြန်ပြောလိုက်တဲ့ မယ်လိုဒီ

သရုပ်ဆောင် မယ်လိုဒီကတော့ အနုပညာမှာ အောင်မြင်မှုတွေရရှိခဲ့သလောက် သူမရဲ့ အိမ်ထောင်ရေးကတော့ နှစ်ဦးသား သဘောထားချင်းမတိုက်ဆိုင်တာကြောင့် ကွာရှင်းပြတ်ဆဲတဲ့အထိ ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ မယ်လိုဒီကတော့ ကွာရှင်းပြီးပေမယ့်လည်း သားလေးသဒ္ဓိစစ်အတွက် မိခင်ကောင်းတစ်ယောက်အဖြစ် တစ်ယောက်တည်း မားမားမတ်မတ် ရပ်တည်ပေးနေတာပဲ ဖြစ်ပါတယ်။

တစ်ခုလပ်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ မယ်လိုဒီကတော့ သိမ်ငယ်ခြင်းမရှိပေမယ့် တစ်ချို့သော ယောကျာ်းသားတွေကတော့ Cb ကနေ ချစ်တယ်၊ လက်ထပ်ချင်တယ်ပြောနေတဲ့အတွက် မယ်လိုဒီက အခုလိုပဲ ပြောလာပါတယ်။

“ကျွန်မကို cb ကနေ ချစ်တယ် သနားတယ်၊ ကူညီချင်တယ်၊ လက်ထပ်ချင်တယ်၊ ပြောနေမယ့်အစား ကျွန်မရောင်းတဲ့ ရေချိုးဆပ်ပြာအရည် ၁၅၀၀၀ ကျပ်၊ Hand gel ၁၀၀၀၀ ကျပ်လေး ဝယ်ယူအားပေးလိုက်ပါလားရှင်။ ရှင်တို့လည်းရောဂါကင်းစင် စိုပြေတောက်ပအသားအရည်လှ ကျွန်မလည်းအရေအတွက်များများရောင်းရရင် ရာခိုင်နှုန်းလေးရ အိမ်စရိတ်လေးကာမိတာပေါ့ရှင်။

နှစ်ဦးနှစ်ဖက်အကျိုးရှိ ငါးပါးသီလနဲ့လည်း မငြိဘူးလေရှင်။ သာဓု သာဓု သာဓု ပါရှင်။ မေ့နေလို့ ငှက်သိုက် A grade အသန့်လည်းရောင်းတယ်ရှင့်။ ကျေးဇူးပါ။ ကယ်တင်ရှင်များ စိတ်ကြိုက်ဝယ်ယူ ကယ်တင်နိုင်ပါပြီရှင်🌸” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

မယ်လိုဒီကတော့ သူမကို Cb ကနေ ချစ်တယ်၊ လက်ထပ်ချင်တယ်ပြောနေမယ့်အစား အမှန်တကယ်ကူညီပေးနိုင်တဲ့အရာလေးကိုသာ ပြုလုပ်ဖို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*