နားပေါက်ကြီးထဲ မွေးထားတဲ့မြွေဝင်နေလို့ ဆေးရုံပြေးခဲ့ရတဲ့ အမျိုးသမီး

Portland, Oregan မှာနေထိုင်တဲ့ Ashley Gawe အမည်ရအမျိုးသမီးဟာ နားထဲမှာမြွေတန်းလန်းနဲ့ ဆေးရုံအရေးပေါ်ခန်းကို ပြေးခဲ့ရပါတယ်။ တွေ့တဲ့လူတိုင်းကတော့ နားပေါက်ကြီးထဲမှာတစ်နေတဲ့မြွေကြီးကြောင့် အသည်းယားကြမှာအမှန်ပါပဲ။

ဖြစ်ပုံကတော့ ဒီလိုပါ။ Ashley တစ်ယောက် သူမွေးထားတဲ့ Bart အမည်ရ Ball Python အမျိုးအစားမြွေနဲ့ကစားနေတုန်း မြွေဟာ Ashley ရဲ့ နားမှာဖောက်ထားတဲ့ နားပေါက်ကြီးထဲ လှစ်ဆိုဝင်သွားပါတယ်။ ဒါပေမယ့် မြွေကကြီးနေတဲ့အတွက် နားပေါက်ကိုကျော်ပြီးထွက်လို့မရဘဲ တစ်နေခဲ့ပါတယ်။

ဒါနဲ့ပဲ Ashley တစ်ယောက် ဆေးရုံအရေးပေါ်ခန်းကိုပြေးပြီး သူ့ရဲ့အချစ်တော်မြွေကြီးကို ထုတ်ခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ ဆရာဝန်တွေက နားပေါက်ကို အနည်းငယ်ချဲ့ပြီး မြေကြီးBartကို မထိမခိုက်စေဘဲထုတ်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး Ashley ရဲ့ သူငယ်ချင်းကတော့ ယခုလိုပုံပို့ပြီး ဟာသလုပ်ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*