နောက်ဆုံး ထွက်သက်အထိ မခွဲအတူ ရှိနေခဲ့တဲ့ ခြင်္သေ့ဇနီးမောင်နှံ

အချစ်ဆိုတဲ့အရာက အရမ်းကို ကြည်နူးဖို့ကောင်းသလို အရမ်းကိုလဲ ဝမ်းနည်းဖို့ ကောင်းပါတယ်။ တစ်ချို့အချစ်တွေဟာ ဆုံးသတ်မှာ ပျော်ရွှင်ဖို့ ကောင်းပေမယ့် တစ်ချို့အချစ်တွေကျပြန်တော့လည်း အဆုံးသတ်မှာ ကြေကွဲဝမ်းနည်းဖို့ ကောင်းပါတယ်။ အခုလည်း အသက်တော်တော်ကြီးနေပြီဖြစ်တဲ့ ခြသေ့ၤမောင်နှံဟာ နောက်ဆုံးထွက်သက်အချိန်အထိ အတူတူရှိနေခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်းကိုပဲ သေဆုံးသွားကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။


ပုံထဲမှာ တွေ့ရတဲ့ ခြသေ့ၤကြီးနှစ်ကောင်ကတော့ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ Hubert နဲ့ Kalisa တို့ပဲ ဖြစ်ပါတယ်။ Hubert နဲ့ Kalisa တို့ဟာ တစ်ကောင်နဲ့တစ်ကောင် အင်မတန်မှ ချစ်ကြတဲ့ ခြသေ့ၤစုံတွဲ ဖြစ်ပါတယ်။ နှစ်ကောင်သားဟာ အမြဲတမ်း တပူးပူး တတွဲတွဲရှိနေတတ်ကြပြီး တစ်ကောင်နဲ့တစ်ကောင် မျက်စိအောက်ကို အပျောက်မခံတဲ့ အတွဲပဲ ဖြစ်ပါတယ်။ ခြသေံၤထီးကြီး Hubert ကတော့ Chicago မြို့ရှိ Lincoln Par Zoo တိရစ္ဆာန်ရုံမှာ မွေးပြီး ခြသေ့ၤမကြီး Kalisa ကတော့ Seattle မြို့ရှိ Woodland Park Zoo တိရစ္ဆာန်ရုံမှာ မွေးခဲ့တာ ဖြစ်ပါတယ်။


သူတို့နှစ်ကောင်ဟာ ၂၀၁၄ ခုနှစ်မှာ Los Angeles Zoo တိရစ္ဆာန်ရုံကို ပြောင်းရွှေ့ပြီးနောက်ပိုင်းမှ တစ်ကောင်နဲ့တစ်ကောင် တွေ့ခဲ့ကြပြီး ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နှစ်ကောင်စလုံးဟာ ၇ နှစ်လုံးလုံး တစ်ယောက်နဲ့တစ်ယောက် အရမ်းကြင်နာပြီး အဆိုပါတိရစ္ဆာန်ရုံက ဝန်ထမ်းတွေပါ သတိထားမိတဲ့အထိ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ နောက်ပိုင်းမှာတော့ နှစ်ယောက်စလုံးဟာ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးက တော်တော်ချူချာလာခဲ့ပါတယ်။ အစာလည်း မစားနိုင်၊ ရေလည်း မသောက်နိုင်လောက်တဲ့အထိ ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့ခြသေ့ၤမောင်နှံ ခံစားနေရတဲ့ ဝေဒနာတွေကို မကြည့်ရက်နိုင်တဲ့ Los Angeles Zoo တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေဟာ သူတို့နှစ်ကောင်လုံးက ဆေးထိုးသတ်ဖို့ ဆုံးဖြတ်ခဲ့ကြရပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဒီလိုဆုံးဖြတ်ချက်ကို ချရတာ တော်တော်လေးကို ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်တို့ တိရစ္ဆာန်ရုံရဲ့ လူကြိုက်အများဆုံး တိရစ္ဆာန်ဖြစ်နေတာကတစ်ကြောင်း၊ သူတို့နှစ်ကောင်လုံးကို အရမ်းသနားတာကတစ်ကြောင်း အစရှိတဲ့အကြောင်းတွေကြောင့် ဆုံးဖြတ်ချက်ချရတာ တော်တော်နှောင့်နှေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ကောင်လုံးခံစားနေရတဲ့ ရောဂါဝေဒနာကလည်း တော်တော်အခြေအနေဆိုးနေပါပြီ။ ဒါ့ကြောင့် နောက်ဆုံးမှာ နှစ်ကောင်လုံးကို အတူတူဆေးထိုးသတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာပါ။ အခုတော့ နှစ်ကောင်စလုံးအတူတူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေဆုံးသွားခဲ့ပါပြီ။ Hubert နဲ့ Kalisa ကို ကျွန်တော်တို့ Los Angeles Zoo က အမြဲတမ်း အမှတ်ရနေမှာပါ” လို့ အဆိုပါတိရစ္ဆာန်ရုံရှိ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*