နေ့လယ်ဘက်ကြီး ကားတံခါးဖွင့်ပြီး ပိုက်ဆံအိတ်လုတဲ့ သူတွေ နဲ့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကိုပြောပြလာတဲ့ မယ်လိုဒီခေါင်

ပရိတ်သတ်ကြီးရေ The Voice Myanmar Season (2) ရဲ့ အဆိုရှင်တစ်ယောက်ဖြစ်တဲ့ မယ်လိုဒီခေါင်ကတော့ အသက်ငယ်ရွယ်ပေမယ့် အနုပညာအရည်အချင်းကြီးကြီးမားမားကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ မယ်လိုဒီခေါင်က Single Mom တစ်ယောက်လည်း ဖြစ်ပြီး သူမရဲ့ သားလေးကို တစ်ယောက်တည်း မားမားမတ်မတ် စောင့်ရှောက်နေသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မယ်လိုဒီခေါင်က နေ့ခင်းကြောင်တောင်ကြီး ကားတံခါးဖွင့် ပိုက်ဆံအိတ်လုသူတွေနဲ့ ကြုံဆုံခဲ့ရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“အမလေး အခုဘဲကြုံလိုက်ရတဲ့အဖြစ်အပျက်တစ်ခုပြောပြမယ် ခေတ်ကြီးကတကယ် ခိုး ဆိုး လု နှိုက် လူမိုက်တွေပေါလာတယ်။ ကြားဘဲကြားဖူးတာကိုယ်တိုင်ကြုံရမှလန့်တော့တယ်။ ကျောက်မြောင်းကဒီဇိုင်နာ ဆီအသွား အဖေနဲ့အမေကကားမောင်းလိုက်ပို့တာ ကျောက်မြောင်းစတိုးရှေ့မှာကားရပ်လိုက်တာ။ သူ့ဆိုင်ရှေ့ကားရပ်စရာမရှိလို့ အဲ့ဒါနဲ့ ဖိနပ်ဗလာနဲ့ ရှပ်အင်္ကျီဖြူ ဘောင်းဘီတိုအသားရောင် ခပ်ဝဝ ယောကျာ်း တစ်ယောက် ခန့်မှန်းအသက် (၃၀)ဝန်းကျင်ရှိလောက်တယ်

အမေနဲ့ကားပေါ်ကဆင်းလာတော့ Melodyတို့ကားကအောင်နိုင်ရေး အလံတပ်ထားတာ။ အဲ့တာနဲ့အဲ့ယောကျာ်းကအမေ့ကိုလက်နဲ့လဲထိပြီး “အန်တီ အဲ့အလံဖြုတ်လိုက်တော့ တဖက်ပါတီတွေလာတိုက်ခံရလိမ့်မယ်တဲ့” အမေက အကောင်းနဲ့ပြောတာနေမှာပါလေဆိုပြီးဖြုတ်ဖို့လုပ်တာကို အမေကတဘက်လက်မှာပိုက်ဆံအိတ်လွယ်ထားတော့ သူကရစ်သီရစ်သီနဲ့ အကြံနဲ့လုနှိုက်ဖို့လာပြောတာ”

” Melodyကအမေ့ကို ကိုယ့်လူမျိူးစကားနဲ့ အဓိပ္ပါယ်မရှိဘူး သူကဖိနပ်လဲမပါဘူး ပုံမှန်မဟုတ်တာသေချာတယ်။ အလံဘယ်သူမှမဖြုတ်သေးဘူး။ ဂရုစိုက်မနေနဲ့ပြောလိုက်တာ။ အမေလဲဂရုမစိုက်တော့ဘဲ သွားစရာ ရှိတာဆက်သွားမလို့လုပ်နေတဲ့အချိန်မှာ အဲ့လူလည်က အဖေ့ဆီထပ်သွားပြီး “ဦးရေအလံဖြုတ်လိုက်တော့ဘာညာဆက်ပြောနေတာ အဖေကသူစကား လာပြောတော့အကောင်းမှတ်ပြီး မှန်ဖွင့်စကားပြော လက်ခံပေး နေတာ” အဲ့အချိန်မှာ Melodyလဲစိတ်မချလို့ကားကိုလှမ်းကြည့်လိုက်တဲ့အချိန် အဲ့လူလည်က”အဖေ့ကားတံခါးကိုဖွင့်ပြီးပိုက်ဆံအိတ်လုဖို့ပြင်နေတာ “သူ့လက်ကအဖေ့ကားတံခါးလက်ကိုင်မှာရောက်နေပြီ” ချက်ချင်း ဘဲ အဲ့ကိုပြေးပြီး Melodyလဲ အော်ထည့်ပလိုက်တာ အဲ့လူကြီးကMelodyကိုတောင်မျက်စောင်းထိုးသွားပြီး သူမဟုတ်သလိုလှည့်ထွက်သွားတာ ”

“အမလေး ဘုရားရေ မတွေးရဲစရာဘဲ Melodyသာလှည့်မကြည့်လိုက်ရင် ကားမှန်ဖွင့်ထားတဲ့အဖေနဲ့အဲရစ်လေးကိုဘာများလုပ်သွားမလဲမသိဘူး။ တော်ပါသေးတယ် ကားကကျောက်မြောင်းစတိုးရှေ့မှာရပ်တော့ အဲ့က Security ဦးလေးနှစ်ယောက်ကလဲမသင်ကာလို့ကြည့်နေတာသူ့ကိုအားလုံးဘဲအထူးသတိထားကြပါနော် တော်တော်လန့်သွားတယ် အဖေနဲ့အမေ့ကိုလဲလုံခြုံမှုအပိုင်းမှာဘယ်လိုစိတ်ချရမလဲကိုမသိတော့ဘူး အမျိူးမျိူးတွေးပြီး ပူထူနေတာအခုထက်ထိပါဘဲ” ဆိုပြီး သူမကိုယ်တိုင် ကြုံဆုံခဲ့ရတဲ့အဖြစ်ကို ပြောပြလာခဲ့ပါတယ်။မယ်လိုဒီခေါင်ကတော့ နေ့ခင်းကြောင်တောင်ကြီးတောင် ခိုးဆိုးလုနှိုက်တဲ့အဖြစ်နဲ့ ကြုံဆုံခဲ့ရကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်ကြီးလည်း အစစအရာရာ သတိထားကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*