ရောဂါကြောင့် အမျိုးသားကဲ့သို့ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေထွက်လာတဲ့ အမျိုးသမီး (ဗွီဒီယိုဖိုင်)

အမျိုးသမီးတစ်ယောက်ဟာ ရောဂါကြောင့် မုတ်ဆိတ်မွေးတွေနဲ့ ရင်ဘတ်မွေးတွေကို နှစ်ပေါင်းများစွာရိတ်နေခဲ့ရပါတယ်။ ထိုအမျိုးသမီးကတော့ နိုဗာဂလက်စီယာဆိုသူဖြစ်ပြီး အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ရစ်ချ်မွန်းမြို့မှဖြစ်ပါတယ်။ နိုဗာက သူမမှာ အမျိုးသားဟော်မုန်းပမာဏများပြားနေကြောင်းနဲ့ ရာသီစက်ဝန်းရပ်ဆိုင်းခဲ့တဲ့အပြင် ကိုယ်ခန္ဓာမှာ အမွှေးအမျှင်တွေပိုထွက်လာခဲ့တယ်လို့ ပြောပြပါတယ်။

နိုဗာက ကနဦးပိုင်းမှာ သူမရဲ့အခြေအနေမှန်ကို မိဘတွေကိုပါ ဖုံးကွယ်ထားတယ်လို့ဆိုပါတယ်။ သူမ ညအိပ်ညနေသူငယ်ချင်းတွေဆီ သွားတဲ့အခါနဲ့ အပြင်ထွက်လည်တဲ့အခါတွေမှာ သူမအခြေအနေကို တခြားသူတွေမမြင်အောင် ဖုံးကွယ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ သွားလေရာမှာ သင်တုန်းဓားဆောင်ထားရပြီး မေ့ကျန်ခဲ့တဲ့အခါမျိုးတွေမှာ စိတ်ပျက်ရကြောင်း နိုဗာကဆိုပါတယ်။

သူမ အသက်(၁၆)နှစ်မှာ အဆိုပါ ထူးဆန်းတဲ့ ရောဂါစတင်ဖြစ်ပွားခဲ့ပြီး ဆရာဝန်တွေက အခြားနည်းလမ်းမရှိတော့ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် နိုဗာဟာ ဗြိတိန်မော်ဒယ် ဟာနမ်းကူးကိုတွေ့ရှိပြီး ခွန်အားရခဲ့ပါတယ်။ သူမက “ကျွန်မလိုရောဂါအခြေအနေနဲ့မော်ဒယ်ကိုတွေ့တော့ ကျွန်မရှက်ရွံ့အားငယ်စိတ်တွေ ပျောက်သွားတယ်။ ကျွန်မလည်း သူ့လိုဖြစ်နိုင်တာပဲလို့ တွေးမိလာတယ်။ ကိုယ့်ရဲ့ရုပ်သွင်ကို ဘုရားပေးသလောက်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ရမယ်လေ” လို့ဆိုပါတယ်။

“ပထမဆုံးအကြိမ် ကျွန်မမျက်နှာမှာရှိတဲ့ အမွေးအမျှင်တွေကို မရိတ်ပဲ အပြင်သွားမိတော့ ကျွန်မမျက်နှာကိုဖုံးကွယ်ဖို့ အမျိုးမျိုး ကြိုးစားကြည့်သေးတယ်။ နောက်တော့မှ ကိုယ့်ကိုကိုယ်လက်ခံတတ်ဖို့ ပြန်သတိထားရတယ်။

 

ကျွန်မရည်းစားကတော့ ကျွန်မရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လက်ခံလို့တော်တယ်လို့ ပြောရမှာပါ။ ကျွန်မဘာပဲလုပ်လုပ် သူကလက်ခံပါတယ်” လို့ နိုဗာကပြောပြပါတယ်။ ဆိုရှယ်မီဒီယာပေါ်ကလူတွေကတော့ နိုဗာရဲ့ရဲရင့်မှုနဲ့ပတ်သက်လို့ ချီးမွမ်းစကားဆိုခဲ့ကြောင်းသိရပါတယ်။

 

 

Ref: Ladbible

Be the first to comment

Leave a Reply

Your email address will not be published.


*